Tuesday, October 29, 2019

ပန်းတနော်တွင် တန်ချိန်တစ်ထောင်ထွက် ငါးအစာစက်ရုံ တည်ဆောက်မည်

Image may contain: shoes, outdoor, water and foodImage may contain: outdoor

ပြည်တွင်းစားသုံးမှုကိုဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပသို့ငါးတန်တင်ပို့နိုင်ရန်ဧက(၉၀ဝ)တွင် ငါးမွေးမြုူ ထုတ်လုပ်ရေးဇုန်ကြီးကို ဓရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် တည်ဆောက်ထားရာ တန်ချိန်တစ်ထောင်ထွက်ရှိသော အစာစက်ရုံ ကြီးကိုတည်ဆောက်မည်ဖြစ်၍ နိုဝင်ဘာ(၁)ရက်နေ့တွင် ပိုင်တိုင်ရိုက်သွင်းခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပမည်ဟု သိရသည်။

မြန်မာပြည်တွင်သာမက အာရှ၌ အကြီးဆုံးငါးမွေးမြူထုတ်လုပ်သောဇုန်ကြီးကို ဝါးခယ်မ-ရွှေလောင်း ကားလမ်းမကြီး (၁၇မိုင်၊ ၆ဖာလုံ)နှင့် ကပ်လျက်တွင် တည်ဆောက်ထားရာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့်Global Earth Agro & Aqua Industry အများပိုင်ကုမ္မဏီ၏ Food Industry Complex တွင်ပါဝင်သော တန်(၁၀ဝဝ) Fish Feed Mill စက်ရုံ ကြီးကိုတည်ဆောက်ရန် ပိုင်တိုင်ရိုက်သွင်းခြင်းမင်္ဂလာကို ကျင်းပခြင်းဖြစ်သည်။
“တန်၁၀ဝ၀ အစာစက်ရုံတည်ဆောက်မှာ ဖြစ်တဲ့အတွက်ပိုင်ရိုက်ဖို့ရှိပါတယ်။ နောက်ထပ်တန်(၁၂၀ဝ) တည်ဆောက်ဖို့လည်း ရှိတယ်။ စက်ရုံတွေပြီးသွားရင် ငါးတန်တင်ပို့မှုကို တစ်ရက်ကိုတန်(၄၀ဝ)ထုတ်လုပ်ဖို့ မှန်းထားပါတယ်။ မျိုးငါးတစ်သိန်းပြုစုထားပြီးတော့ စက်ရုံလည်ပတ်ရင် တစ်ရက်ကို သားပေါက်တစ်သန်း ထုတ်ဖို့ လျာထားတာကြောင့် မွေးမြူမယ့်ကန်တွေအသင့်ဖြစ်နေပါပြီ။ အခုစမ်းသပ်မွေးနေတာလည်းရှိမယ်။ ပြည်တွင်းစားသုံးဖို့ ၂ကီလိုအထက် ငါးတန်တွေကို ဖြန့်ဖြူးပေးနေတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း(၃၀ဝ) ရရှိမယ့် ငါးမွေးမြုူရေးထုတ်လုပ်တဲ့ ဇုန်ကြီးဖြစ်တဲ့အတွက် အောင်မြင်လို့ နောက်ထပ်စက်ရုံတွေ တည်ဆောက်နိုင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်ငွေလည်း ပိုပြီး ရရှိမှာပါ။ အာဆီယံနိုင်ငံသာမက အာရှမှာ ပထမဆုံး၊ အကြီးဆုံး ငါးမွေးမြူထုတ်လုပ်တဲ့ ဧက(၉၀ဝ) ဇုန်ကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး”ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အဆိုပါ Food Industry Complex စီမံကိန်းအား ၂၀၁၈-ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ခေတ်မီငါးသားပေါက်လုပ်ငန်း၊ ခေတ်မီကန်ကြပ်ငါးမွေးမြူရေးလုပ်ငန်း၊ ခေတ်မီအစာစက်ရုံ၊ အအေးခန်းစက်ရုံ၊ ဘေးထွက်ပစ္စည်းပြုပြင် ထုတ်လုပ်သောစက်ရုံ၊ ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်း၊ ဆေးခန်းတို့ကို တည်ဆောက်သွားမည်ဖြစ်သည်။
နိုဝင်ဘာ(၁)ရက် နံနက်(၈)နာရီခွဲတွင် တန် ၁၀ဝ၀ ငါးအစာစက်ရုံ တည်ဆောက်ရန် ပိုင်ရိုက်သွင်းခြင်းမင်္ဂလာကို ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဧရာဝတီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွန်းပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကရင်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ဖြင့် စည်ကားစွာကျင်းပသွားမည်ဟု သိရသည်။
<zawgyi>
ပန်းတနော်တွင် တန်ချိန်တစ်ထောင်ထွက် ငါးအစာစက်ရုံ တည်ဆောက်မည်
Wednesday , October 30 , 2019

ပြည်တွင်းစားသုံးမှုကိုဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပသို့ငါးတန်တင်ပို့နိုင်ရန်ဧက(၉၀ဝ)တွင် ငါးမွေးမြုူ ထုတ်လုပ်ရေးဇုန်ကြီးကို ဓရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် တည်ဆောက်ထားရာ တန်ချိန်တစ်ထောင်ထွက်ရှိသော အစာစက်ရုံ ကြီးကိုတည်ဆောက်မည်ဖြစ်၍ နိုဝင်ဘာ(၁)ရက်နေ့တွင် ပိုင်တိုင်ရိုက်သွင်းခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပမည်ဟု သိရသည်။
မြန်မာပြည်တွင်သာမက အာရှ၌ အကြီးဆုံးငါးမွေးမြူထုတ်လုပ်သောဇုန်ကြီးကို ဝါးခယ်မ-ရွှေလောင်း ကားလမ်းမကြီး (၁၇မိုင်၊ ၆ဖာလုံ)နှင့် ကပ်လျက်တွင် တည်ဆောက်ထားရာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့်Global Earth Agro & Aqua Industry အများပိုင်ကုမ္မဏီ၏ Food Industry Complex တွင်ပါဝင်သော တန်(၁၀ဝဝ) Fish Feed Mill စက်ရုံ ကြီးကိုတည်ဆောက်ရန် ပိုင်တိုင်ရိုက်သွင်းခြင်းမင်္ဂလာကို ကျင်းပခြင်းဖြစ်သည်။
“တန်၁၀ဝဝ အစာစက်ရုံတည်ဆောက်မှာ ဖြစ်တဲ့အတွက်ပိုင်ရိုက်ဖို့ရှိပါတယ်။ နောက်ထပ်တန်(၁၂၀ဝ) တည်ဆောက်ဖို့လည်း ရှိတယ်။ စက်ရုံတွေပြီးသွားရင် ငါးတန်တင်ပို့မှုကို တစ်ရက်ကိုတန်(၄၀ဝ)ထုတ်လုပ်ဖို့ မှန်းထားပါတယ်။ မျိုးငါးတစ်သိန်းပြုစုထားပြီးတော့ စက်ရုံလည်ပတ်ရင် တစ်ရက်ကို သားပေါက်တစ်သန်း ထုတ်ဖို့ လျာထားတာကြောင့် မွေးမြူမယ့်ကန်တွေအသင့်ဖြစ်နေပါပြီ။ အခုစမ်းသပ်မွေးနေတာလည်းရှိမယ်။ ပြည်တွင်းစားသုံးဖို့ ၂ကီလိုအထက် ငါးတန်တွေကို ဖြန့်ဖြူးပေးနေတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း(၃၀ဝ) ရရှိမယ့် ငါးမွေးမြုူရေးထုတ်လုပ်တဲ့ ဇုန်ကြီးဖြစ်တဲ့အတွက် အောင်မြင်လို့ နောက်ထပ်စက်ရုံတွေ တည်ဆောက်နိုင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်ငွေလည်း ပိုပြီး ရရှိမှာပါ။ အာဆီယံနိုင်ငံသာမက အာရှမှာ ပထမဆုံး၊ အကြီးဆုံး ငါးမွေးမြူထုတ်လုပ်တဲ့ ဧက(၉၀ဝ) ဇုန်ကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး”ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အဆိုပါ Food Industry Complex စီမံကိန်းအား ၂၀၁၈-ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ခေတ်မီငါးသားပေါက်လုပ်ငန်း၊ ခေတ်မီကန်ကြပ်ငါးမွေးမြူရေးလုပ်ငန်း၊ ခေတ်မီအစာစက်ရုံ၊ အအေးခန်းစက်ရုံ၊ ဘေးထွက်ပစ္စည်းပြုပြင် ထုတ်လုပ်သောစက်ရုံ၊ ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်း၊ ဆေးခန်းတို့ကို တည်ဆောက်သွားမည်ဖြစ်သည်။
နိုဝင်ဘာ(၁)ရက် နံနက်(၈)နာရီခွဲတွင် တန် ၁၀ဝဝ ငါးအစာစက်ရုံ တည်ဆောက်ရန် ပိုင်ရိုက်သွင်းခြင်းမင်္ဂလာကို ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဧရာဝတီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွန်းပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကရင်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ဖြင့် စည်ကားစွာကျင်းပသွားမည်ဟု သိရသည်။
#သန်းထိုက် #Myanmar_Online_News

0 comments:

Post a Comment