Wednesday, October 30, 2019

ဆီးရီးယားတပ်ဖွဲ့နှင့် တူရကီတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား

Image may contain: one or more people and outdoor

ဆီးရီးယားနယ်စပ်မှ ကာ့ဒ်ပြည်သူ့ စစ်အဖွဲ့များ ဆုတ်ခွာသွားပြီဖြစ်ကြောင်း ရုရှားက ကြေညာလိုက်ပြီးနောက် ဆီးရီးယား တပ်ဖွဲ့နှင့် တူရကီတပ်ဖွဲ့တို့ အောက်တိုဘာ ၂၉ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ လက်ရွိုင်ဂူက ယခုလအစောပိုင်းက ဆိုချီ၌ အန်ကာရာနှင့် မော်စကိုတို့ အကြား ရရှိခဲ့သည့် သဘောတူညီ ချက်ကို လိုက်နာသည့်အနေဖြင့် ကာ့ဒ်ပြည်သူ့စစ်အဖွဲ့များ တူရကီ-ဆီးရီးယားနယ်စပ်မှ လုံးလုံးလျားလျား ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း ပြော ကြားခဲ့သည်။
အဆိုပါနယ်နိမိတ်မှ ပြည်သူ့စစ် အဖွဲ့များ အချိန်နှင့်တစ်ပြေးညီ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့မှုကို ရုရှားသတင်းအေဂျင်စီများက ကိုးကားဖော်ပြခဲ့သည်။
အဆိုပါဧရိယာ၌ ဆီးရီးယား နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ရုရှားတပ်ဖွဲ့များကို ချထားခဲ့သည်ဟု သိရသည်။
သို့သော် အောက်တိုဘာ ၂၉ ရက် တွင် ဆီးရီးယားနှင့်တူရကီတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် အခြေအနေများ ရှုပ်ထွေးခဲ့ရသည်။
ဆီးရီးယားနှင့် တူရကီတပ်ဖွဲ့ များအကြား အောက်တိုဘာ ၂၉ ရက် တွင် ပထမဆုံးအကြိမ် တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ပြော ကြားခဲ့ပြီး ရက်စ်အယ်လ်အင် နယ်စပ်မြို့အနီးတွင် ဆီးရီးယား တပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ကဖော်ပြခဲ့သည်။
Ref ; AFP
<zawgyi>
ဆီးရီးယားတပ်ဖွဲ့နှင့် တူရကီတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား
Thursday , October 31 , 2019

#Myanmar_Online_News

0 comments:

Post a Comment