Wednesday, October 30, 2019

ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အပြစ်မဲ့ ပြည်သူနှစ်ဦးအားအ ကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

Image may contain: text

ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အပြစ်မဲ့ ပြည်သူနှစ်ဦးအားအ ကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာနေ ဦးဘိုနီကို ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်လှရွှေသိန်းနှင့်အတူ ရှိနေစဉ် အောက်တိုဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူငါးဦးမှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးဘိုနီအား ရွာဟောင်းတောကျေးရွာဘက်သို့ အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဦးဘိုနီသည်စစ်မှုထမ်းအငြိမ်းစားဖြစ်ပြီး သားသမီး လေးဦးနှင့်အတူ ဇနီးဖြစ်သူ၏နေရပ်ဖြစ်သော သရက်အုပ်ကျေးရွာသို့ လိုက်ပါနေထိုင်၍ ဆေးကုသသည့် အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာနေ ဦးထွန်းမင်းသိန်းသည် အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ပြိုင်းချောင်းကျေးရွာသို့ ဆန်ကွဲဝယ်ယူရန် သွားရောက်စဉ် အိုးပုံတောင်ကျေးရွာ၏ မြောက်ဘက် မီတာ ၄ဝဝဝ ခန့်အကွာ ပြိုင်းချောင်းကျေးရွာသွား ကားလမ်းပေါ်သို့ အရောက်၌ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ ၁ဝ ဦးခန့်က အကြောင်းမဲ့ ထပ်မံအတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အဖွဲ့အား အားပေးထောက်ခံမှု မရှိသည့် အပြစ်မဲ့ပြည်သူများအားလည်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
<zawgyi>
ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အပြစ်မဲ့ ပြည်သူနှစ်ဦးအားအ ကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
Thursday , October 31 , 2019

ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အပြစ်မဲ့ ပြည်သူနှစ်ဦးအားအ ကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာနေ ဦးဘိုနီကို ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်လှရွှေသိန်းနှင့်အတူ ရှိနေစဉ် အောက်တိုဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူငါးဦးမှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးဘိုနီအား ရွာဟောင်းတောကျေးရွာဘက်သို့ အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဦးဘိုနီသည်စစ်မှုထမ်းအငြိမ်းစားဖြစ်ပြီး သားသမီး လေးဦးနှင့်အတူ ဇနီးဖြစ်သူ၏နေရပ်ဖြစ်သော သရက်အုပ်ကျေးရွာသို့ လိုက်ပါနေထိုင်၍ ဆေးကုသသည့် အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာနေ ဦးထွန်းမင်းသိန်းသည် အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ပြိုင်းချောင်းကျေးရွာသို့ ဆန်ကွဲဝယ်ယူရန် သွားရောက်စဉ် အိုးပုံတောင်ကျေးရွာ၏ မြောက်ဘက် မီတာ ၄ဝဝဝ ခန့်အကွာ ပြိုင်းချောင်းကျေးရွာသွား ကားလမ်းပေါ်သို့ အရောက်၌ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ ၁ဝ ဦးခန့်က အကြောင်းမဲ့ ထပ်မံအတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အဖွဲ့အား အားပေးထောက်ခံမှု မရှိသည့် အပြစ်မဲ့ပြည်သူများအားလည်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment