Tuesday, October 29, 2019

AAလက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးသွားသည့် မီးသတ်တပ်ဖွဲ့ဝင်များ ပြန်လွတ်လာသည့်သတင်း မှန်ကန်မှုမရှိ

Image may contain: 6 people

AAလက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး ပြန်လွတ်လာတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက်က ရွှေပြည်သစ်ခရီးသည်တင်ဘတ်စ်ကားနဲ့ လိုက်ပါလာတဲ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်က သင်တန်းဆင်း ပြန်လာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးအနက် တပ်ဖွဲ့ဝင် ၁၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ အမှန်တကယ်လွတ်မြောက်လာပါက သတင်းအမြန်ဆုံး ထုတ်ပြန်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၁ ရက်က ရွှေပြည်သစ်ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ လမ်းကြုံလိုက်လာတဲ့ အေးရှားဝေါ့လ်ကုမ္ပဏီဝန်ထမ်း ၈ ဦး၊ ကားစက်ပျက်ပြီး လိုက်လာသူတွေနဲ့ ကားသမား အပါအဝင် စုစုပေါင်း ၃၁ ဦးကို မြောက်ဦးမြို့နယ်မှာ AAလက်နက်ကိုင်သောင်းကျန်းသူများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
<zawgyi>
AAလက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးသွားသည့် မီးသတ်တပ်ဖွဲ့ဝင်များ ပြန်လွတ်လာသည့်သတင်း မှန်ကန်မှုမရှိ
Tuesday , October 29 , 2019

AAလက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး ပြန်လွတ်လာတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၁ ရက်က ရွှေပြည်သစ်ခရီးသည်တင်ဘတ်စ်ကားနဲ့ လိုက်ပါလာတဲ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်က သင်တန်းဆင်း ပြန်လာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးအနက် တပ်ဖွဲ့ဝင် ၁၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ အမှန်တကယ်လွတ်မြောက်လာပါက သတင်းအမြန်ဆုံး ထုတ်ပြန်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၁ ရက်က ရွှေပြည်သစ်ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ လမ်းကြုံလိုက်လာတဲ့ အေးရှားဝေါ့လ်ကုမ္ပဏီဝန်ထမ်း ၈ ဦး၊ ကားစက်ပျက်ပြီး လိုက်လာသူတွေနဲ့ ကားသမား အပါအဝင် စုစုပေါင်း ၃၁ ဦးကို မြောက်ဦးမြို့နယ်မှာ AAလက်နက်ကိုင်သောင်းကျန်းသူများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment