Thursday, October 31, 2019

မိုင်ပေါင်း ၅၀၀၀ မိုင်ထိ ပျံသန်းတိုက်ခိုက်နိုင်တဲ့ Bulava ဒုံးပျံကို ရုရှားရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်

Image may contain: ocean, sky, water, outdoor and nature

ရုရှားရေတပ် ရေငုပ်သင်္ဘောတစ်စီးဖြစ်တဲ့ Knyaz Validimir Borey-A-Class SSBN ဟာ Bulava Missile ကို White Sea ထဲမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

White Sea ထဲကနေ အကွာအေး ၆၅၀ မိုင် အကွာအဝေးမှာရှိတဲ့ အာတိတ် သမုဒ္ဒရာ (Arctic Ocean) ထဲကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုံးပျံဟာ အကွာအဝေးမိုင်ပေါင်း ၅၀၀၀ မိုင်ထိ ပျံသန်းတိုက်ခိုက်နိုင်တဲ့ ဒုံးပျံဖြစ်ပြီး ပစ်မှတ် ၆ ခုထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ထိပ်ဖူး (Six Independently Targeted Warheads) တွေကို တပ်ဆင်ထားနိုင်ပါတယ်။ Warhead တစ်ခုချင်းစီမှာ အလေးချိန် ၁၅၀ ကီလိုတန် ရှိတဲ့ တီအန်တီ (TNT) ထည့်သွင်းထားနိုင်ပါတယ်။ ဒါဟာဘာလဲဆိုရင် Bulava Missile တစ်လုံးစီဟာ ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ဗုံးထက် အဆပေါင်း ၅၀ ပိုမိုပြင်းထန်တယ်ဆိုတာပဲဖြစ်ပါတယ်။ ရုရှားရေတပ်ရဲ့ Borey-A-Class SSBN တွေဟာ အဲ့ဒီလိုဒုံးပျံပေါင်း ၁၆ စင်းထိ သယ်ဆောင်ထားနိုင်စွမ်းရှိတယ်ကြောင်း သိရှိရသည်။
Knyaz Validimir ဟာ Strategic Submarine တစ်စီးဖြစ်ပြီး အခုလို စမ်းသပ်ပစ်ခတ်ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒုံးပျံ စမ်းသပ်ပစ်ခတ်ရေးနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ်၊ မတ်လကတည်းက အစီအစဉ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ တပ်တော်ဝင်အခမ်းအနားကို ၂၀၁၉ ခုနှစ်ထဲမှာပဲ ပြုလုပ်သွားဖို့ လျာထားပါတယ်။ စမ်းသပ်ပစ်ခတ်တာက ရေအောက်ငုပ်လျှိုးနေတဲ့အချိန် ပစ်ခတ်ခြင်းဖြစ်ပါတယ်။ စမ်းသပ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတ်မှတ်ချိန်အတွင်း ပစ်မှတ်ကို ရောက်ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုပြုလုပ်တဲ့နေရာက ရုရှားရေတပ် မြောက်ပိုင်းရေယာဉ်စု (Northern Fleet) နဲ့ နီးကပ်ပါတယ်။
Knyaz Validimir ရေငုပ်သင်္ဘောကို Northern Fleet မှာ တာဝန်ပေးအပ်သွားမှာဖြစ်ပြီး တပ်တော်ဝင်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းပြုလုပ်သွားနိုင်ကြောင်း သိရှိရသည်။
Image may contain: ocean, outdoor and water
Image may contain: ocean, water and outdoor
No photo description available.
Image may contain: ocean, sky, outdoor and water
Image may contain: fire
<<zawgyi>>
မိုင်ပေါင်း ၅၀၀၀ မိုင်ထိ ပျံသန်းတိုက်ခိုက်နိုင်တဲ့ Bulava ဒုံးပျံကို ရုရှားရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်
Thursday , October 31 , 2019

ရုရှားရေတပ် ရေငုပ်သင်္ဘောတစ်စီးဖြစ်တဲ့ Knyaz Validimir Borey-A-Class SSBN ဟာ Bulava Missile ကို White Sea ထဲမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
White Sea ထဲကနေ အကွာအေး ၆၅၀ မိုင် အကွာအဝေးမှာရှိတဲ့ အာတိတ် သမုဒ္ဒရာ (Arctic Ocean) ထဲကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုံးပျံဟာ အကွာအဝေးမိုင်ပေါင်း ၅၀၀၀ မိုင်ထိ ပျံသန်းတိုက်ခိုက်နိုင်တဲ့ ဒုံးပျံဖြစ်ပြီး ပစ်မှတ် ၆ ခုထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ထိပ်ဖူး (Six Independently Targeted Warheads) တွေကို တပ်ဆင်ထားနိုင်ပါတယ်။ Warhead တစ်ခုချင်းစီမှာ အလေးချိန် ၁၅၀ ကီလိုတန် ရှိတဲ့ တီအန်တီ (TNT) ထည့်သွင်းထားနိုင်ပါတယ်။ ဒါဟာဘာလဲဆိုရင် Bulava Missile တစ်လုံးစီဟာ ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ဗုံးထက် အဆပေါင်း ၅၀ ပိုမိုပြင်းထန်တယ်ဆိုတာပဲဖြစ်ပါတယ်။ ရုရှားရေတပ်ရဲ့ Borey-A-Class SSBN တွေဟာ အဲ့ဒီလိုဒုံးပျံပေါင်း ၁၆ စင်းထိ သယ်ဆောင်ထားနိုင်စွမ်းရှိတယ်ကြောင်း သိရှိရသည်။
Knyaz Validimir ဟာ Strategic Submarine တစ်စီးဖြစ်ပြီး အခုလို စမ်းသပ်ပစ်ခတ်ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒုံးပျံ စမ်းသပ်ပစ်ခတ်ရေးနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ်၊ မတ်လကတည်းက အစီအစဉ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ တပ်တော်ဝင်အခမ်းအနားကို ၂၀၁၉ ခုနှစ်ထဲမှာပဲ ပြုလုပ်သွားဖို့ လျာထားပါတယ်။ စမ်းသပ်ပစ်ခတ်တာက ရေအောက်ငုပ်လျှိုးနေတဲ့အချိန် ပစ်ခတ်ခြင်းဖြစ်ပါတယ်။ စမ်းသပ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတ်မှတ်ချိန်အတွင်း ပစ်မှတ်ကို ရောက်ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုပြုလုပ်တဲ့နေရာက ရုရှားရေတပ် မြောက်ပိုင်းရေယာဉ်စု (Northern Fleet) နဲ့ နီးကပ်ပါတယ်။
Knyaz Validimir ရေငုပ်သင်္ဘောကို Northern Fleet မှာ တာဝန်ပေးအပ်သွားမှာဖြစ်ပြီး တပ်တော်ဝင်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းပြုလုပ်သွားနိုင်ကြောင်း သိရှိရသည်။
#Myanmar_Online_News #Knyaz Validimir #Bulava

0 comments:

Post a Comment