Thursday, October 31, 2019

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္၏ ၫႊန္ၾကားခ်က္ျဖင့္ နာမည္ႀကီး ေလာင္းကစားၾကက္ဝိုင္းကို ဖမ္းဆီးရာ ေလာင္ကစားဒိုင္အပါအဝင္ ၁၀ ဦးသာ ဖမ္းဆီးရမိ

Image may contain: 1 person, eyeglassesImage may contain: one or more people, people standing, motorcycle, outdoor and nature

စစ်ကိုင်းမြို့နယ်ညောင်ပင်ဝန်းမြောက်ရွာထဲမှာ လူ၁၀၀ နီးပါးစုပေါင်းလောင်းကစားပြုလုပ်နေသည့် ကြက်ဝိုင်းကို မနေ့နေ့လယ်က ခရိုင်ရဲရုံးက ဝင်ဖမ်းခဲ့ခြင်းမှာ စစ်ကိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ၏ ညွှန်ကြားချက်ဖြင့် ဖမ်းခြင်းဖြစ်ဟုသိရသည်။

ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိန် အနီးကပ် ကြီးကြပ်မှုဖြင့် မြင်းမူမမစမှူး ဒုရဲမှူး သိန်းလွင် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မြောက်ဘက် (၄)ဖာလုံခန့်အကွာ လူမနေသော သရက်ခြံဝင်းအတွင်းထဲရှိ ကြက်တိုက် လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ အများစုထွက်ပြေးသွားသော်လည်း လောင်းကစားဒိုင်အပါအဝင် ၁၀ ဦးကို ဖမ်းမိခဲ့သည်ဟု သိရသည်။
ယင်းအပြင် သက်သေအဖြစ် တိုက်ကြက်(၂)ကောင်၊ ဆိုင်ကယ်မျိုးစုံ (၄၉)စီး၊ စက်ဘီး(၁)စီး၊ မြန်မာငွေစက္ကူရောရာ (၂၀၂၄၅၀)ကျပ်၊ SIM CARD ပါ HUAWEI ဖုန်း(၁)လုံး၊ SAMSUNG (၁)လုံး၊ MI (၂)လုံး၊ OPPO (၁)လုံး တို့ကိုပါ ဖမ်းဆီးရမိခဲ့ပြီး ကြက်တိုက်လောင်းကစားပြုလုပ်သူ မောင်မြင့်ပါ (၁၀)ဦးအား နမစ(ရွာသစ်ကြီး) (ပ) ၁၄၀/၂၀၁၉၊ လောင်း ကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိနေသည်ဟု သိရသည်။
စစ်ကိုင်းအမတ်ဦးခင်မောင်သိန်းက စစ်ကိုင်းဝန်ကြီးချုပ်သည် ယခင်ကလည်း ဘယ်နေရာတွင် ဘယ်လောင်းကစားလုပ်နေသည်၊ဝင်ဖမ်းလိုက်ဟု အုပ်ချုပ်ရေးနှင့်ရဲကို အမိန့်ပေးလေ့ရှိသည်ဟု ပြောဆိုသည်။
“စဉ့်ကိုင်ဘက်မှာဗျာ။ချဲဒိုင်တွေရောက်နေတယ်။အဲ့ဒါ ဖမ်းကွာ ဆိုပြီး ည့န်ကြားတော့ ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ ပူးပေါင်းအဖွဲ့က ဆင်းဖမ်းရတယ်“ဟု ၎င်းကပြောသည်။
လက်ရှိတွင် သတင်းပေး တိုင်တန်းသူများက ဝန်ကြီးချုပ်၊အစိုးရအဖွဲ့တို့ထံ လိပ်မူပြီး တိုင်ကြားမှုပိုများလာကာ အထက် က ရုတ်တရက်ဆင်းဖမ်းနေသဖြင့် မြို့နယ်နှင့်နယ်ထိန်းအချို့တို့ စစ်ဆေးခံနေရသည်ဟု သိရသည်။
Image may contain: one or more people, motorcycle and outdoor
Image may contain: one or more people, tree, sky, outdoor and nature
<zawgyi>
စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္၏ ၫႊန္ၾကားခ်က္ျဖင့္ နာမည္ႀကီး ေလာင္းကစားၾကက္ဝိုင္းကို ဖမ္းဆီးရာ ေလာင္ကစားဒိုင္အပါအဝင္ ၁၀ ဦးသာ ဖမ္းဆီးရမိ
Friday , November 1 , 2019

စစ္ကိုင္းၿမိဳ႕နယ္ေညာင္ပင္ဝန္းေျမာက္႐ြာထဲမွာ လူ၁၀၀ နီးပါးစုေပါင္းေလာင္းကစားျပဳလုပ္ေနသည့္ ၾကက္ဝိုင္းကို မေန႔ေန႔လယ္က ခ႐ိုင္ရဲ႐ုံးက ဝင္ဖမ္းခဲ့ျခင္းမွာ စစ္ကိုင္း ဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္ ၏ ၫႊန္ၾကားခ်က္ျဖင့္ ဖမ္းျခင္းျဖစ္ဟုသိရသည္။
ၫႊန္ၾကားခ်က္အရ စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီး ခင္ေမာင္စိန္ အနီးကပ္ ႀကီးၾကပ္မႈျဖင့္ ျမင္းမူမမစမႉး ဒုရဲမႉး သိန္းလြင္ ဦးစီးအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ စစ္ကိုင္းၿမိဳ႕နယ္ ေညာင္ပင္ဝန္းေက်း႐ြာ ေျမာက္ဘက္ (၄)ဖာလုံခန႔္အကြာ လူမေနေသာ သရက္ၿခံဝင္းအတြင္းထဲရွိ ၾကက္တိုက္ ေလာင္းကစားဝိုင္းကို ဝင္ေရာက္စီးနင္းဖမ္းဆီးခဲ့ရာ အမ်ားစုထြက္ေျပးသြားေသာ္လည္း ေလာင္းကစားဒိုင္အပါအဝင္ ၁၀ ဦးကို ဖမ္းမိခဲ့သည္ဟု သိရသည္။
ယင္းအျပင္ သက္ေသအျဖစ္ တိုက္ၾကက္(၂)ေကာင္၊ ဆိုင္ကယ္မ်ိဳးစုံ (၄၉)စီး၊ စက္ဘီး(၁)စီး၊ ျမန္မာေငြစကၠဴေရာရာ (၂၀၂၄၅၀)က်ပ္၊ SIM CARD ပါ HUAWEI ဖုန္း(၁)လုံး၊ SAMSUNG (၁)လုံး၊ MI (၂)လုံး၊ OPPO (၁)လုံး တို႔ကိုပါ ဖမ္းဆီးရမိခဲ့ၿပီး ၾကက္တိုက္ေလာင္းကစားျပဳလုပ္သူ ေမာင္ျမင့္ပါ (၁၀)ဦးအား နမစ(႐ြာသစ္ႀကီး) (ပ) ၁၄၀/၂၀၁၉၊ ေလာင္း ကစားဥပေဒပုဒ္မ ၁၅(က) ျဖင့္ အမႈေရးဖြင့္ စစ္ေဆး ေဆာင္႐ြက္လ်က္ရွိေနသည္ဟု သိရသည္။
စစ္ကိုင္းအမတ္ဦးခင္ေမာင္သိန္းက စစ္ကိုင္းဝန္ႀကီးခ်ဳပ္သည္ ယခင္ကလည္း ဘယ္ေနရာတြင္ ဘယ္ေလာင္းကစားလုပ္ေနသည္၊ဝင္ဖမ္းလိုက္ဟု အုပ္ခ်ဳပ္ေရးႏွင့္ရဲကို အမိန႔္ေပးေလ့ရွိသည္ဟု ေျပာဆိုသည္။
“စဥ့္ကိုင္ဘက္မွာဗ်ာ။ခ်ဲဒိုင္ေတြေရာက္ေနတယ္။အဲ့ဒါ ဖမ္းကြာ ဆိုၿပီး ည့န္ၾကားေတာ့ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး နဲ႔ ပူးေပါင္းအဖြဲ႕က ဆင္းဖမ္းရတယ္“ဟု ၎ကေျပာသည္။
လက္ရွိတြင္ သတင္းေပး တိုင္တန္းသူမ်ားက ဝန္ႀကီးခ်ဳပ္၊အစိုးရအဖြဲ႕တို႔ထံ လိပ္မူၿပီး တိုင္ၾကားမႈပိုမ်ားလာကာ အထက္ က ႐ုတ္တရက္ဆင္းဖမ္းေနသျဖင့္ ၿမိဳ႕နယ္ႏွင့္နယ္ထိန္းအခ်ိဳ႕တို႔ စစ္ေဆးခံေနရသည္ဟု သိရသည္။

0 comments:

Post a Comment