Wednesday, October 30, 2019

အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီး ၎င်းအား ပင်လယ်ပြင်၌ သင်္ဂြိုလ်ခဲ့သည်ဟု ဆိုခြင်းမှာ အပြောသာတွေ့ရ၍ အတည်ပြုနိုင်ခြင်းမရှိဟု ကုလသမဂ္ဂပြောဆို

Image may contain: 2 people, people smiling, beard and text

အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီဆိုခြင်းဟု အမေရိကန်သမ္မတ၏ ပြောဆိုချက်မှာ ယုံကြည်ဖွယ်ရှိသော်လည်း သက်သေပြရန် ပျက်ကွက်လျှက်ရှိခြင်းကြောင့် ကုလသမဂ္ဂအနေဖြင့် အတည်ပြုရန် ခက်ခဲကြောင်း ကုလအကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်ဟု Russia Today က ယမန်နေ့ကရေးသားခဲ့ကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့်၏ သတင်းထုတ်ပြန်ချက်ကို လေ့လာခဲ့သော ကုလသမဂ္ဂအကြမ်းဖက်အုပ်စုများ စောင့်ကြည့်ရေးအဖွဲ့က ဘက္ကတာဒီ၏ ကံကြမ္မာနှင့်ပတ်သက်၍ အမေရိကန်အစိုးရနှင့် အခြားပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများအား မေးခွန်းများ ပေးပို့မေးမြန်းထားကြောင်း၊ အကဲဆတ်လွန်းသည့်အကြောင်းအရာတွင် ၎င်းတို့အနေဖြင့် ကိုယ်ဘက်ပိုင်းသာ သေချာလွန်းနေပုံရကြောင်း စောင့်ကြည့်ရေးအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ဗြိတိသျှ သံတမန်က RIA Novosti သတင်းအေဂျင်စီနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ဒေါ်နယ်ထရမ့်၏ သတင်းထုတ်ပြန်ချက်၌ ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အမေရိကန်အထူးတပ်ဖွဲ့နှင့် လေကြောင်းချီအဖွဲ့က ရဲဝံ့စွန့်စားသော စစ်ဆင်ရေးတစ်ရပ်ဖြင့် အယ်လ်ဘက္ကတာဒီအား သုတ်သင်ပြီးဖြစ်ကြောင်း ပါရှိသည်။ ဘက္ကာတာဒီသည် ပုန်းအောင်းနေရာမှ ဥမင်လှိုဏ်ခေါင်းအတွင်း ထွက်ပြေးပြီး လွတ်လမ်းမမြင်သည့်အခါ ကိုယ့်ကိုယ်ကို ဗုံးခွဲသတ်သေခဲ့ကြောင်း၊ ရုပ်အလောင်းသည် တစ်စစီ ဖြစ်သွားပြီး ပြိုကျသော မြေစာများဖြင့် ဖုံးလွှမ်းသွားခဲ့ကြောင်း၊ ရုပ်အလောင်းအစိတ်အပိုင်းများအား DNA စစ်ဆေးချက်အရ အဘူဘေကာအယ်လ်ဘက္ကတာဒီ အမှန်ပင်သေဆုံးပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
စောစောပိုင်း ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားစဉ် စီးနင်းပုံဗွီဒီယိုကို လွှင့်ထုတ်ပေးမည်ဟု ကတိပြုသည်။ သို့သော် ပင်တာဂွန်၏ ဘက္ကတာဒီ၏ ရုပ်ကြွင်းအား ပင်လယ်ပြင်၌ သင်္ဂြိုလ်သည့်အခါ မည်သည့် ဓါတ်ပုံ၊ ဗွီဒီယိုမျှ လွှင့်ထုတ်ရန်မရှိကြောင်း ပင်တာဂွန်က ငြင်းဆိုကြောင်း သိရှိရသည်။
အမေရိကန်အထူးတပ်ဖွဲ့ဝင်များနှင့် လေကြောင်းချီအဖွဲ့တို့ဝင်ရောက်စီးနင်းသည်ဆိုသော ဘာရီရှာရွာသည် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒဲလ်ဗ်ခရိုင်တွင်တည်ရှိ၍ ရုရှား၏ ခါမိုင်မင် လေတပ်အခြေစိုက်လေကြောင်း ကင်းထောက်ဇုံအတွင်း ကျရောက်သည်။ အမေရိကန်တို့ ဝေဟင်မှ ချဉ်းကပ်လာပြီး စီးနင်းသည်ဆိုသော်လည်း ရေဒါကင်းထောက်မှတ်တမ်းတွင် တစ်စုံတစ်ရာ မတွေ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။ အမေရိကန်ကမူ ရုရှားက ဆီးရီးယားဝေဟင် ကာကွယ်ရေးစံနစ်ဖွင့်ပေးခြင်းဖြင့် ဘက္ကတာဒီအားလုပ်ကြံရာ၌ အကူအညီပေးခြင်းကြောင့် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။
၂၀၁၇-ခုနှစ်ကတည်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုငွေ ဒေါ်လာ ၂၅ သန်း ထုတ်ပြန်ခြင်းခံရသူ အိုင်စစ်အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင်သည် သေဆုံး-အပြင်းအထန်ဒါဏ်ရာရရှိသွားကြောင်း သတင်းများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ရာ၌ ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်လည်း ပါဝင်ကြောင်း သိရှိရသည်။
ဘက္ကတာဒီ၏ ကြွင်းကျန်ရုပ်ကလာပ်ကို သတ်မှတ်ထားသော ပင်လယ်ပြင်၌ သင်္ဂြိုလ်ပြီးဖြစ်ကြောင်း ပင်တာဂွန် က ယမန်နေ့ သတင်းထုတ်ပြန်သည်။ သို့သော် အိုစမာဘင်လာဒင်အား စီးနင်းလုပ်ကြံစဉ်ကကဲ့သို့ အထောက်အထား ဓါတ်ပုံ၊ ရုပ်သံများ ဖော်ပြခြင်းမပြုချေ။ အထူးလျှို့ဝှက်အဆင့် သတ်မှတ်ထား၍ သက်သေအခိုင်အလုံကို လျှို့ဝှက်အဆင့်လျှော့ချသည့်အခါမှသာ အများသိရှိနိုင်ဖွယ်ရှိကြောင်း ပြောဆိုသည်။ ဒေါ်နယ်ထရမ့်ကမူ အိုင်စစ်တို့တွင် ခေါင်းဆောင်အသစ် တင်မြှောက်ခြင်းသည်ပင်လျှင် ဘက္ကတာဒီမရှိတော့ကြောင်း အထောက် အထားတစ်ရပ်အဖြစ် ပြောဆိုကြောင်း သိရှိရသည်။
၂၀၁၁-ခုနှစ် ပါကစ္စတန်နိုင်ငံ အဘော့တဘက်မြို့တွင် ပုန်းအောင်းနေသော အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား အမေရိကန် နေဗီဆီးလ်အဖွဲ့က အလစ်ဝင်ရောက် တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က စီးနင်းပုံအသေးစိတ်နှင့် အိုစမာ၏ရုပ်အလောင်းအား မွတ်စလင်ထုံးစံနှင့်အညီ ပင်လယ်ပြင်၌ သင်္ဂြိုလ်ပုံတို့ကို ပင်တာဂွန်က သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။
Image may contain: stripes
Image may contain: outdoor
Image may contain: 1 person, sitting and text
No photo description available.
<<zawgyi>>
အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီး ၎င်းအား ပင်လယ်ပြင်၌ သင်္ဂြိုလ်ခဲ့သည်ဟု ဆိုခြင်းမှာ အပြောသာတွေ့ရ၍ အတည်ပြုနိုင်ခြင်းမရှိဟု ကုလသမဂ္ဂပြောဆို
Thursday , October 31 , 2019

#Myanmar_Online_News #Oung_Marine

0 comments:

Post a Comment