Thursday, October 24, 2019

ရတနာပုံတက္ကသိုလ်တွင် အဝေးသင်ပညာရေးစနစ်သစ်သည် ကုန်ကျများခြင်းနှင့် အလုပ်ခွင်တွင် အဆင်မပြေခြင်းများကြောင့် ၎င်းစနစ်အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Image may contain: 8 people, people standing and outdoor

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် အနီးကပ် (၅) ရက် နှစ်ခါ ခွဲတက်ရမည့် အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ (ဒီနေ့) က ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) က ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

အဝေးသင် စနစ်သစ်ဖြစ်သည့် မေလ Orientation (၅) ရက် နှင့် စာမေးပွဲမတိုင်မီ အနီးကပ် (၅) ရက် တက်ရမည့် အခြေအနေကို ကန့်ကွက်ခြင်းဖြစ်ပြီး အဆိုပါ စနစ်သစ်နှင့် ပတ်သက်၍ မေလ (၉) ရက်နေ့က ကျောင်းသားမဂ္ဂ နှင့် ဆရာသမဂ္ဂတို့၏ သဘောထားမှတ်ချက်အား ပညာရေးဝန်ကြီးဌာန က တောင်းခံခဲ့ရာ ယင်းစနစ်သစ်အား ကျောင်းသားမဂ္ဂ နှင့် ဆရာသမဂ္ဂ တော်တော်များများက ကန့်ကွက်မှုများရှိသော်လည်း ၂၀၂၀ ခုနှစ်တွင် စတင်ပြောင်းလဲရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားမှုများရှိခဲ့ကြောင်း သိရှိရသည်။
အဝေးသင်ကျောင်းသားအများစုသည် အလုပ်တစ်ဖက်နှင့် ကျောင်းတတ်သည့်သူများဖြစ်ပြီး (၅) ရက်နှစ်ခါ ခွဲတက်ရမည်ဆိုပါက အဆောင်စရိတ်များကုန်ကျခြင်းနှင့် အလုပ်ခွင်တွင် အလုပ်ရှင်နှင့် အဆင်မပြေခြင်းများ ဖြစ်နိုင်ကြောင်း သိရှိရသည် ။
(၅) ရက်နှစ်ခါ ခွဲတက်ရမည့် အဝေးသင် စနစ်သစ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်မှုများလုပ်ဆောင်မည်ဖြစ်ပြီး အခြားတက္ကသိုလ်များမှ သမဂ္ဂများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) က သိရှိရသည် ။
Image may contain: 5 people, people standing and outdoor
Image may contain: 6 people, people standing, wedding and outdoor
Image may contain: 4 people, people standing and outdoor
<<zawgyi>>
ရတနာပုံတက္ကသိုလ်တွင် အဝေးသင်ပညာရေးစနစ်သစ်သည် ကုန်ကျများခြင်းနှင့် အလုပ်ခွင်တွင် အဆင်မပြေခြင်းများကြောင့် ၎င်းစနစ်အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
Thursday , October 24 , 2019

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် အနီးကပ် (၅) ရက် နှစ်ခါ ခွဲတက်ရမည့် အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ (ဒီနေ့) က ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) က ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
အဝေးသင် စနစ်သစ်ဖြစ်သည့် မေလ Orientation (၅) ရက် နှင့် စာမေးပွဲမတိုင်မီ အနီးကပ် (၅) ရက် တက်ရမည့် အခြေအနေကို ကန့်ကွက်ခြင်းဖြစ်ပြီး အဆိုပါ စနစ်သစ်နှင့် ပတ်သက်၍ မေလ (၉) ရက်နေ့က ကျောင်းသားမဂ္ဂ နှင့် ဆရာသမဂ္ဂတို့၏ သဘောထားမှတ်ချက်အား ပညာရေးဝန်ကြီးဌာန က တောင်းခံခဲ့ရာ ယင်းစနစ်သစ်အား ကျောင်းသားမဂ္ဂ နှင့် ဆရာသမဂ္ဂ တော်တော်များများက ကန့်ကွက်မှုများရှိသော်လည်း ၂၀၂၀ ခုနှစ်တွင် စတင်ပြောင်းလဲရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားမှုများရှိခဲ့ကြောင်း သိရှိရသည်။
အဝေးသင်ကျောင်းသားအများစုသည် အလုပ်တစ်ဖက်နှင့် ကျောင်းတတ်သည့်သူများဖြစ်ပြီး (၅) ရက်နှစ်ခါ ခွဲတက်ရမည်ဆိုပါက အဆောင်စရိတ်များကုန်ကျခြင်းနှင့် အလုပ်ခွင်တွင် အလုပ်ရှင်နှင့် အဆင်မပြေခြင်းများ ဖြစ်နိုင်ကြောင်း သိရှိရသည် ။
(၅) ရက်နှစ်ခါ ခွဲတက်ရမည့် အဝေးသင် စနစ်သစ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်မှုများလုပ်ဆောင်မည်ဖြစ်ပြီး အခြားတက္ကသိုလ်များမှ သမဂ္ဂများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) က သိရှိရသည် ။

0 comments:

Post a Comment