မြောက်ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ရာ အထင်ကရ အပန်းဖြေစခန်းတစ်ခု၌ တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ထားသည့် ဟိုတယ်များနှင့် အခြားသော အဆောက်အအုံများ အားလုံးကို ဖြိုချဖျက်ဆီးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း အမိန်းပေးလိုက်သည်။
နိုင်ငံအတွင်းရှိ မောင့်ကမ်ဂန်အပန်းဖြေစခန်း၌ တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ခဲ့သည့် အဆောက်အအုံများကို ခေါင်းဆောင်ကင်က သဘာဝဘေးဒဏ်ခံရသည့် ဧရိယာတစ်ခုတွင် ယာယီပြုလုပ်ထားသည့် ရွက်ဖျင်တဲများသဖွယ် တည်ဆောက်ထားခြင်းမျှသာဖြစ်သည်ဟု ခိုင်းနှိုင်းဖော်ပြခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြသည်။
အဆိုပါ အပန်းဖြေစခန်းသည် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုအဖြစ် ပြောစမှတ်တွင်ခဲ့သည်။ သို့ရာတွင် အဆိုပါနေရာသို့ သွားရောက်ခဲ့ပြီးနောက် ခေါင်းဆောင်ကင်က ယင်းနေရာတွင် တောင်ကိုရီးယားနိုင်ငံ၏ ပါဝင်ပတ်သက်မှု မရှိသည့် စီမံခန့်ခွဲမှုပြုလုပ်ခြင်းက ပို၍ကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအရှေ့ပိုင်းရှိ မောင့်ကမ်ဂန် အပန်းဖြေစခန်းကို နိုင်ငံ၏ သာယာလှပမှုနှင့် မျက်စိပသာဒအရှိဆုံး တောင်တန်းတစ်ခုပေါ်တွင် တောင်ကိုရီးယားကုမ္ပဏီများက ၁၉၉၀ ပြည်နှစ်များအတွင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေရာသို့ တောင်ပိုင်းမှ ခရီးသွားဧည့်သည် ထောင်ပေါင်းများစွာကို တင်းကျပ်သည့် စည်းကမ်းများအောက်တွင် လာရောက်လည်ပတ်ခွင့်ပြုခဲ့သော်လည်း ၂၀ဝ၈ ခုနှစ်က မြောက်ကိုရီးယား အစောင့်တစ်ဦး၏ သေနတ်ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီးနောက်တွင် တောင်ကိုရီးယားဘက်က လာရောက်လည်ပတ်ခွင့် ခေတ္တရပ်ဆိုင်းခဲ့သည်။
Ref ; AFP
<zawgyi>
မြောက်ကိုရီးယားနိုင်ငံရှိ တောင်ကိုရီးယား ဟိုတယ်များကိုဖြိုချရန် ကင်ဂျုံအန်း အမိန့်ပေး
Thursday , October 24 , 2019

#Myanmar_Online_News
0 comments:
Post a Comment