မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး သံဃာအပါး ၃ သောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည် လေယာဉ်ကွင်းအတွင်း လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။
ဒီ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးပြီး မြန်မာအလှူရှင်တွေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဓမ္မကာယ ဖောင်ဒေးရှင်းက အလှူရှင်တွေ စုပေါင်းကာ လှူဒါန်းမှာ ဖြစ်ပါတယ်။ အလှူပွဲ ကျင်းပရေးကော်မတီက သံဃာတစ်ပါးကို နဝကမ္မအလှူငွေ ကျပ် ၃ သောင်းနဲ့ အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းအတွက် နောက်ထပ် ကျပ် ၃ ထောင် ကပ်လှူမှာ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ ပထမအကြိမ်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ဒီနှစ်မှာက တတိယအကြိမ် ဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>
မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၃ သောင်း တတိယအကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မန္တလေးမှာ ကျင်းပမည်
Wednesday , October 23 , 2019
မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး သံဃာအပါး ၃ သောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည် လေယာဉ်ကွင်းအတွင်း လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။
ဒီ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးပြီး မြန်မာအလှူရှင်တွေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဓမ္မကာယ ဖောင်ဒေးရှင်းက အလှူရှင်တွေ စုပေါင်းကာ လှူဒါန်းမှာ ဖြစ်ပါတယ်။ အလှူပွဲ ကျင်းပရေးကော်မတီက သံဃာတစ်ပါးကို နဝကမ္မအလှူငွေ ကျပ် ၃ သောင်းနဲ့ အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းအတွက် နောက်ထပ် ကျပ် ၃ ထောင် ကပ်လှူမှာ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ ပထမအကြိမ်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ဒီနှစ်မှာက တတိယအကြိမ် ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment