Wednesday, October 23, 2019

ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ယနေ့တင်မည်

Image may contain: 2 people, phoneImage may contain: 2 people, people standing
ယနေ့ အောက်တိုဘာ ၂၄ရက် နံနက်ပိုင်းတွင် ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခြင်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ပြစ်ဒဏ်မှလွှတ်ငြိမ်းချမ်းသာခွင့်ပြုရန်အတွက် ထိုင်းဘုရင်ထံအသနားခံစာကို တင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ကြောင်းစွပ်စွဲချက်ဖြင့် တရားရုံးကသေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် သေဒဏ်အယူခံအားပယ်ချခံရပြီးနောက်တွင် ၎င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံအစိုးရက ကူညီဆောင်ရွက်ပေးမှုများအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း၌လည်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာပြော ကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှလည်း ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံအကူအညီပေးနိုင်ရန် စာရေးသားတောင်းခံထားကြောင်း သိရသည်။
<<Zawgyi>>
ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ယနေ့တင်မည်
Thursday , October 24 , 2019

ယနေ့ အောက်တိုဘာ ၂၄ရက် နံနက်ပိုင်းတွင် ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခြင်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ပြစ်ဒဏ်မှလွှတ်ငြိမ်းချမ်းသာခွင့်ပြုရန်အတွက် ထိုင်းဘုရင်ထံအသနားခံစာကို တင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ကြောင်းစွပ်စွဲချက်ဖြင့် တရားရုံးကသေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် သေဒဏ်အယူခံအားပယ်ချခံရပြီးနောက်တွင် ၎င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံအစိုးရက ကူညီဆောင်ရွက်ပေးမှုများအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း၌လည်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာပြော ကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှလည်း ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံအကူအညီပေးနိုင်ရန် စာရေးသားတောင်းခံထားကြောင်း သိရသည်။

0 comments:

Post a Comment