ရန်ကင်းမြို့နယ် ကန်ဘဲ့တာဝါအနီးတွင် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၀ ဦးအား ကျန်းမာရေး စစ်ဆေးမှုများ လုပ်နေကြောင်း ယင်းမြို့နယ် အမှတ် ၁၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေမင်းဇော်က ပြောသည်။
"ဗိုင်းရပ်စ်ဖြစ်နေတဲ့ သံသယလူနာတွေလို့တော့ အတိအကျ ခေါင်းစဉ်တပ်လို့ မရပါဘူး။သူတို့တွေက ရိုးရိုး နေမကောင်း တာလည်း ဖြစ်နိုင်ပါတယ်။ကောလဟာလတွေဖြစ်ဖို့ များတယ်"လို့ ၄င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ဟု သံသရရှိသူ လူနာ ၁၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်းအုပ်ချုပ်ရေးမှူး ဦးဝေမင်းဇော်က ဆက်လက်ပြောသည်။
"သူတို့ ၁၀ ဦးမှာ အများစုက တရုတ်နိုင်ငံသားတွေ။တာဝါဆိုက်ထဲမှာက နိုင်ငံခြားသားတွေ အလုပ် လုပ်ကြ တာများတယ်။ အများစုက တရုတ်နိူင်ငံသားတွေပါ"ဟု ၄င်းက ဆိုသည်။
လက်ရှိအချိန်တွင် ယင်းလူနာဆယ်ဦးအား ဆေးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ၊ ကိုရိုနာဗိုင်းရပ်စ်လူနာဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း ရှိ မရှိ မသိရသေးကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့၊ကျန်းမာရေးဆိုင်ရာက ဆရာဝန်တွေအဖွဲ့နဲ့ တာဝန်ရှိသူတချို့ သွားရောက် စစ်ဆေးနေပါတယ်။ဗိုင်းရပ်စ်လူနာလို့ အတည်ပြုနိုင်ဖို့တော့ လိုပါသေးတယ်"ဟု ရန်ကင်းမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယရှိ လူနာအများအပြား မြန်မာနိုင်ငံအနှံ့တွင် တွေ့ရှိနေရပြီး နေပြည်တော်၊ မန္တလေး ၊ရန်ကုန်အပြင် တရုတ်နိုင်ငံနှင့် ထိစပ်လျှက်ရှိသော နယ်စပ်ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယဖြစ်ဖွယ် လူနာ အများအပြား တွေ့ရှိထားကြောင်း သိရှိရသည်။
သတင်း-မျိုးလှိုင်ဝင်း #Myanmar_Online_News
>>Zawgyi<<
ရန်ကင်းတွင် ကိုရိုနာ ဗိုင်းရပ်စ်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁ဝဦးအား ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်နေ
Monday , February 3 , 2020
ရန်ကင်းမြို့နယ် ကန်ဘဲ့တာဝါအနီးတွင် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၀ ဦးအား ကျန်းမာရေး စစ်ဆေးမှုများ လုပ်နေကြောင်း ယင်းမြို့နယ် အမှတ် ၁၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေမင်းဇော်က ပြောသည်။
"ဗိုင်းရပ်စ်ဖြစ်နေတဲ့ သံသယလူနာတွေလို့တော့ အတိအကျ ခေါင်းစဉ်တပ်လို့ မရပါဘူး။သူတို့တွေက ရိုးရိုး နေမကောင်း တာလည်း ဖြစ်နိုင်ပါတယ်။ကောလဟာလတွေဖြစ်ဖို့ များတယ်"လို့ ၎င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ဟု သံသရရှိသူ လူနာ ၁၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်းအုပ်ချုပ်ရေးမှူး ဦးဝေမင်းဇော်က ဆက်လက်ပြောသည်။
"သူတို့ ၁၀ ဦးမှာ အများစုက တရုတ်နိုင်ငံသားတွေ။တာဝါဆိုက်ထဲမှာက နိုင်ငံခြားသားတွေ အလုပ် လုပ်ကြ တာများတယ်။ အများစုက တရုတ်နိူင်ငံသားတွေပါ"ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ယင်းလူနာဆယ်ဦးအား ဆေးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ၊ ကိုရိုနာဗိုင်းရပ်စ်လူနာဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း ရှိ မရှိ မသိရသေးကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့၊ကျန်းမာရေးဆိုင်ရာက ဆရာဝန်တွေအဖွဲ့နဲ့ တာဝန်ရှိသူတချို့ သွားရောက် စစ်ဆေးနေပါတယ်။ဗိုင်းရပ်စ်လူနာလို့ အတည်ပြုနိုင်ဖို့တော့ လိုပါသေးတယ်"ဟု ရန်ကင်းမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယရှိ လူနာအများအပြား မြန်မာနိုင်ငံအနှံ့တွင် တွေ့ရှိနေရပြီး နေပြည်တော်၊ မန္တလေး ၊ရန်ကုန်အပြင် တရုတ်နိုင်ငံနှင့် ထိစပ်လျှက်ရှိသော နယ်စပ်ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယဖြစ်ဖွယ် လူနာ အများအပြား တွေ့ရှိထားကြောင်း သိရှိရသည်။
သတင်း-မျိုးလှိုင်ဝင်း #Myanmar_Online_News
0 comments:
Post a Comment