Monday, February 24, 2020

လှိုင်သာယာအမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန် အလုပ်ရှင်မေတ္တာရပ်ခံ

Image may contain: 1 person, text

လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်က ဖုန်းလုယက်ခံရမှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် ဓါးထိုးမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသူ ဦးမျိုးသက်လွင်သည် FAME Pharmaceuticals မှ အကျင့်စာရိတ္တကောင်းမွန်သည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး လုပ်ငန်းခွင်အတွင်းလည်း အလုပ်စည်းကမ်းများလိုက်နာကာ ခိုက်ရန်ဖြစ်ပွားမှုတစ်ကြိမ်မျှမရှိဘဲ ပြစ်မှုကင်းရှင်းသူဖြစ်ကြောင်း ယခုရင်ဆိုင်နေရသည့် အမှုကိစ္စတွင် တရားဥပဒေနှင့်အညီဥပဒေဘောင်အတွင်းမှ လိုအပ်သလိုကူညီဆောင်ရွက်ပေးရန် FAME Pharmaceuticals ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဒေါက်တာခင်မောင်လွင်က လှိုင်သာယာမြို့နယ် ရဲစခန်းသို့ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။

မောင်မျိုးသက်လွင်သည် FAME ဆေးဝါးစက်ရုံတွင် ၈.၅.၂၀၁၄ ခုနှစ်မှ စတင်ကာ အလုပ်ဝင်ရောက်လုပ် ကိုင်ခဲ့သူဖြစ်ပြီး လုပ်သက် ၆ နှစ်ရှိပြီဖြစ်ကြောင်း ၊ ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လူရည်မွန်တစ်ဦးဖြစ်ကြောင်း စက်ရုံတစ်ဝန်းလုံး ရှိအပင်များကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရသည့် ဥယျာဉ်မှုးလုပ်သား ဝန်ထမ်းကောင်းတစ်ဦးဖြစ်ကာ အလုပ်တာဝန်ကို ကျေပွန်စွာလုပ်ဆောင်သည့်အပြင်စက်ရုံတစ်ခုလုံးရှိ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကပါ ချစ်ခင်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေါက်တာခင်မောင်လွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
မောင်မျိုးသက်လွင်၏ အကြောင်းကို ကြားသိသိချင်း ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် မောင်မျိုးသက်လွင် ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အမှုကိစ္စ၊ သတင်းပြန်ကြားဆက်သွယ်ရန်နှင့် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးရန်အတွက် Medical Officer ဖြစ်သည့် ဒေါက်တာဖြိုးဝေအောင် ဦးဆောင်သည့် Factory Director, Administrative Manager, HR Manager, Marketing Manager တို့ကို စုပေါင်းပြီး "မျိုးသက်လွင်ကူညီရေးအဖွဲ့" ကို ဖွဲ့စည်းခဲ့ကြောင်းလည်း ရေးသားထားသည်။
အချုပ်ကျနေသည့် ဝန်ထမ်း မောင်မျိုးသက်လွင်ကို အလုပ်မှမထုတ်ပယ်ဘဲ လစာအပြည့်ဖြင့် ဝန်ထမ်းတစ် ယောက်၏ ရပိုင်ခွင့်ကို အပြည့်အဝပေးထားသည့်အပြင် ဒဏ်ရာများရရှိနေသည့်အတွက် ဆေးခွင့် (အမှုပြီးဆုံးသည်အထိ)ပေးထားကြောင်း သက်ဆိုင်ရာရဲစခန်းကိုလည်းဥပဒေနှင့်အညီကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားကြောင်း FAME Pharmaceuticals ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာခင်မောင် လွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
Image may contain: one or more people and text
Image may contain: text
Image may contain: text
Ref ; The Ladies News
<zawgyi>
လှိုင်သာယာအမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန် အလုပ်ရှင်မေတ္တာရပ်ခံ
Monday , February 24 , 2020

လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာတွင် ဖေဖော် ဝါရီ ၁၉ ရက်က ဖုန်းလုယက်ခံရမှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် ဓါးထိုးမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသူ ဦးမျိုးသက်လွင်သည် FAME Pharmaceuticals မှ အကျင့်စာရိတ္တကောင်းမွန်သည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး လုပ်ငန်းခွင်အတွင်းလည်း အလုပ်စည်းကမ်းများလိုက်နာကာ ခိုက်ရန်ဖြစ်ပွားမှုတစ်ကြိမ်မျှမရှိဘဲ ပြစ်မှုကင်းရှင်းသူဖြစ်ကြောင်း ယခုရင်ဆိုင်နေရသည့် အမှုကိစ္စတွင် တရားဥပဒေနှင့်အညီဥပဒေဘောင်အတွင်းမှ လိုအပ်သလိုကူညီဆောင်ရွက်ပေးရန် FAME Pharmaceuticals ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဒေါက်တာခင်မောင်လွင်က လှိုင်သာယာမြို့နယ် ရဲစခန်းသို့ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။
မောင်မျိုးသက်လွင်သည် FAME ဆေးဝါးစက်ရုံတွင် ၈.၅.၂၀၁၄ ခုနှစ်မှ စတင်ကာ အလုပ်ဝင်ရောက်လုပ် ကိုင်ခဲ့သူဖြစ်ပြီး လုပ်သက် ၆ နှစ်ရှိပြီဖြစ်ကြောင်း ၊ ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လူရည်မွန်တစ်ဦးဖြစ်ကြောင်း စက်ရုံတစ်ဝန်းလုံး ရှိအပင်များကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရသည့် ဥယျာဉ်မှုးလုပ်သား ဝန်ထမ်းကောင်းတစ်ဦးဖြစ်ကာ အလုပ်တာဝန်ကို ကျေပွန်စွာလုပ်ဆောင်သည့်အပြင်စက်ရုံတစ်ခုလုံးရှိ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကပါ ချစ်ခင်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေါက်တာခင်မောင်လွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
မောင်မျိုးသက်လွင်၏ အကြောင်းကို ကြားသိသိချင်း ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် မောင်မျိုးသက်လွင် ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အမှုကိစ္စ၊ သတင်းပြန်ကြားဆက်သွယ်ရန်နှင့် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးရန်အတွက် Medical Officer ဖြစ်သည့် ဒေါက်တာဖြိုးဝေအောင် ဦးဆောင်သည့် Factory Director, Administrative Manager, HR Manager, Marketing Manager တို့ကို စုပေါင်းပြီး "မျိုးသက်လွင်ကူညီရေးအဖွဲ့" ကို ဖွဲ့စည်းခဲ့ကြောင်းလည်း ရေးသားထားသည်။
အချုပ်ကျနေသည့် ဝန်ထမ်း မောင်မျိုးသက်လွင်ကို အလုပ်မှမထုတ်ပယ်ဘဲ လစာအပြည့်ဖြင့် ဝန်ထမ်းတစ် ယောက်၏ ရပိုင်ခွင့်ကို အပြည့်အဝပေးထားသည့်အပြင် ဒဏ်ရာများရရှိနေသည့်အတွက် ဆေးခွင့် (အမှုပြီးဆုံးသည်အထိ)ပေးထားကြောင်း သက်ဆိုင်ရာရဲစခန်းကိုလည်းဥပဒေနှင့်အညီကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားကြောင်း FAME Pharmaceuticals ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာခင်မောင် လွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
Ref ; The Ladies News

0 comments:

Post a Comment