Tuesday, February 25, 2020

Coronavirus (COVID-19)ပျံနှံ့နေခြင်းကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား အသိပေးနှိုးဆော်ချက် မြန်မာသံရုံး ထုတ်ပြန်

Image may contain: text
ဂျပန်နိုင်ငံအတွင်း ပြည်နယ်(၁၇)ခုတွင် Coronavirus (COVID-19) လက္ခဏာများ ပြန့်နှံ့ တွေ့ရှိလာနေမှုကို ထိန်းချုပ်သွားနိုင်ရေးအတွက် ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနမှ မူဝါဒ (Basic Policy) တစ်ရပ်ကို (၂၅-၂-၂၀၂၀) ရက်က ထုတ်ပြန်ခဲ့ပါသည်။ယင်းမူဝါဒသည် ကျန်းမာရေးဝန်ကြီးဌာနမှ ယခင်ထုတ်ပြန်ထားခဲ့သည့် Guidelines များ၏ နောက်ဆက်တွဲ ဖြစ်ပါသည်။ အဆိုပါမူဝါဒတွင် အောက်ပါအချက်များပါရှိပါကြောင်း ကောက်နုတ်အသိပေးအပ်ပါသည်-

- Coronavirus (COVID-19) ပြန့်ပွားမှုလျော့နည်းစေရေး/ ထိန်းချုပ်နိုင်ရေးအတွက် လူနာအများအပြားရှိသည့် ဆေးရုံများကို ရှောင်ရှားကြရန်၊
- အအေးမိသည့်ရောဂါလက္ခဏာရှိပါက နေအိမ်မှထွက်ခွာခြင်းမပြုကြရန်၊
- ရောဂါ ပြန့်ပွားမှု/ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လိုအပ်ပါက တယ်လီဖုန်းဖြင့် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်နှင့် ဆေးဝါးညွှန်ကြားချက်တောင်းခံရန်၊
- အသက်အရွယ်ကြီးရင့်သူများနှင့် ထိခိုက်လွယ်သူများအား အထူးကာကွယ်စောင့် ရှောက်မှု ပေးအပ်ရန်၊ ၎င်းတို့အား လူစုလူဝေး စုဝေးရာအရပ်များသို့ သွားလာခြင်းမှ ရှောင်ကြဉ်စေရန်၊
- ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်း တတ်ဆင်ခြင်း၊ လက်များကို မကြာခဏ သန့်စင်ဆေးကြောခြင်း၊ နှာချေပါက ပါးစပ်ကို ဖုံးအုပ်ခြင်း အစရှိသည့် ကိုယ်ပိုင် ကာကွယ်မှု ဆောင်ရွက်ကြပါရန်၊
- လူစုလူဝေး စကားပြောဆိုခြင်း ရှောင်ကြဉ်ရန်။
ဂျပန်နိုင်ငံအစိုးရမှ လူစုလူဝေးဖြစ်ပေါ်စေမည့် တွေ့ဆုံပွဲများ၊ အစည်းအဝေးများကို ဖျက်သိမ်းရန် တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် Coronavirus (COVID-19) ရောဂါလက္ခဏာတွေ့ရှိသည့်ဒေသများတွင် လူအများ စုစည်းမှုများ ကို ရှောင်ရှားကြရန် တိုက်တွန်းအသိပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း ဝန်ထမ်းများအား နေအိမ်တွင်နေထိုင်ပြီး အလုပ်လုပ် နိုင်စေရန်အတွက် Telecommuting အစီအမံ ချမှတ်ဆောင်ရွက်သွားရန်၊ Public transport ဖြင့် သွားလာသူအရေအတွက် လျော့နည်းစေရေးအတွက် အလုပ်စတင်ချိန်နှင့် အလုပ်ဆင်းချိန်တို့ကို ညှိနှိုင်းပြင်ဆင်မှု ပြုလုပ်သွားရန်နှင့် နေထိုင်မကောင်းပါက လုပ်ငန်းခွင်သို့မဆင်းကြရန်နှင့် ဆေးခွင့်ယူကြရန် တိုက်တွန်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
တိုကျိုမြို့တော်အစိုးရအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁၅ ရက်အထိ ရက်သတ္တသုံးပါတ်အတွင်း Indoor/Outdoor အခမ်းအနားများ၊ လူထု စုဝေးပွဲများ နှင့် အစားအစာကျွေးမွေးသည့်အစီအစဉ်များကို ဖျက်သိမ်းရန် သို့မဟုတ် ရွှေ့ဆိုင်းရန် ညွှန်ကြား ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/ ဒေသန္တရအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြပါရန်၊ ကြိုတင်ကာကွယ်သည့်အစီအမံများ ဆောင်ရွက်ကြ ပါရန်နှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြန်မာသံရုံးသို့ ဆောလျင်စွာ ဆက်သွယ်အသိပေးဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။ 
Image may contain: text
မြန်မာသံရုံး
တိုကျိုမြို့
၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။
Source-Embassy Tokyo #Myanmar_Online_News
>>Zawgyi<<
Coronavirus (COVID-19)ပျံနှံ့နေခြင်းကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား အသိပေးနှိုးဆော်ချက် မြန်မာသံရုံး ထုတ်ပြန်
Wednesday , February 26 , 2020.
ဂျပန်နိုင်ငံအတွင်း ပြည်နယ်(၁၇)ခုတွင် Coronavirus (COVID-19) လက္ခဏာများ ပြန့်နှံ့ တွေ့ရှိလာနေမှုကို ထိန်းချုပ်သွားနိုင်ရေးအတွက် ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနမှ မူဝါဒ (Basic Policy) တစ်ရပ်ကို (၂၅-၂-၂၀၂၀) ရက်က ထုတ်ပြန်ခဲ့ပါသည်။ယင်းမူဝါဒသည် ကျန်းမာရေးဝန်ကြီးဌာနမှ ယခင်ထုတ်ပြန်ထားခဲ့သည့် Guidelines များ၏ နောက်ဆက်တွဲ ဖြစ်ပါသည်။ အဆိုပါမူဝါဒတွင် အောက်ပါအချက်များ ပါရှိပါကြောင်း ကောက်နုတ် အသိပေးအပ်ပါသည်-

- Coronavirus (COVID-19) ပြန့်ပွားမှုလျော့နည်းစေရေး/ ထိန်းချုပ်နိုင်ရေးအတွက် လူနာအများအပြားရှိသည့် ဆေးရုံများကို ရှောင်ရှားကြရန်၊
- အအေးမိသည့်ရောဂါလက္ခဏာရှိပါက နေအိမ်မှထွက်ခွာခြင်းမပြုကြရန်၊
- ရောဂါ ပြန့်ပွားမှု/ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လိုအပ်ပါက တယ်လီဖုန်းဖြင့် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်နှင့် ဆေးဝါးညွှန်ကြားချက်တောင်းခံရန်၊
- အသက်အရွယ်ကြီးရင့်သူများနှင့် ထိခိုက်လွယ်သူများအား အထူးကာကွယ်စောင့် ရှောက်မှု ပေးအပ်ရန်၊ ၎င်းတို့အား လူစုလူဝေး စုဝေးရာအရပ်များသို့ သွားလာခြင်းမှ ရှောင်ကြဉ်စေရန်၊
- ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်း တတ်ဆင်ခြင်း၊ လက်များကို မကြာခဏ သန့်စင်ဆေးကြောခြင်း၊ နှာချေပါက ပါးစပ်ကို ဖုံးအုပ်ခြင်း အစရှိသည့် ကိုယ်ပိုင် ကာကွယ်မှု ဆောင်ရွက်ကြပါရန်၊
- လူစုလူဝေး စကားပြောဆိုခြင်း ရှောင်ကြဉ်ရန်။
ဂျပန်နိုင်ငံအစိုးရမှ လူစုလူဝေးဖြစ်ပေါ်စေမည့် တွေ့ဆုံပွဲများ၊ အစည်းအဝေးများကို ဖျက်သိမ်းရန် တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် Coronavirus (COVID-19) ရောဂါလက္ခဏာတွေ့ရှိသည့်ဒေသများတွင် လူအများ စုစည်းမှုများ ကို ရှောင်ရှားကြရန် တိုက်တွန်းအသိပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း ဝန်ထမ်းများအား နေအိမ်တွင်နေထိုင်ပြီး အလုပ်လုပ် နိုင်စေရန်အတွက် Telecommuting အစီအမံ ချမှတ်ဆောင်ရွက်သွားရန်၊ Public transport ဖြင့် သွားလာသူအရေအတွက် လျော့နည်းစေရေးအတွက် အလုပ်စတင်ချိန်နှင့် အလုပ်ဆင်းချိန်တို့ကို ညှိနှိုင်းပြင်ဆင်မှု ပြုလုပ်သွားရန်နှင့် နေထိုင်မကောင်းပါက လုပ်ငန်းခွင်သို့မဆင်းကြရန်နှင့် ဆေးခွင့်ယူကြရန် တိုက်တွန်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
တိုကျိုမြို့တော်အစိုးရအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁၅ ရက်အထိ ရက်သတ္တသုံးပါတ်အတွင်း Indoor/Outdoor အခမ်းအနားများ၊ လူထု စုဝေးပွဲများ နှင့် အစားအစာကျွေးမွေးသည့်အစီအစဉ်များကို ဖျက်သိမ်းရန် သို့မဟုတ် ရွှေ့ဆိုင်းရန် ညွှန်ကြား ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/ ဒေသန္တရအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြပါရန်၊ ကြိုတင်ကာကွယ်သည့်အစီအမံများ ဆောင်ရွက်ကြ ပါရန်နှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြန်မာသံရုံးသို့ ဆောလျင်စွာ ဆက်သွယ်အသိပေးဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။ ။
မြန်မာသံရုံး
တိုကျိုမြို့
၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။
Source-Embassy Tokyo #Myanmar_Online_News

0 comments:

Post a Comment