Friday, February 28, 2020

ထိုင်းရှိ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ (၁၃၅)ဦး မြဝတီစာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ လာရောက်ဖြေဆိုမည်

Image may contain: 3 people, people standing and outdoor

ထိုင်းနိုင်ငံရှိ မြန်မာရွွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ (၁၃၅)ဦးသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုမည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းများဖြစ်သော ဆာသူးလေကျောင်း မှ ကျောင်းသား/သူ ၆၉ ဦး၊ SAW ကျောင်းမှ ကျောင်းသား/သူ ၄၂ ဦး နှင့်သွေးသစ်ကျောင်း မှ ကျောင်းသား/သူ ၁၄ ဦး စုစုပေါင်း ၁၃၅ ဦးတို့သည် မြဝတီမြို့နယ်စာစစ်ဌာနများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို လာရောက်ဖြေဆိုရန် စာရင်းပေးထားကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။
၎င်းက “မြန်မာရွှေ့ပြောင်းကျောင်းများက ကျောင်းသား/သူ ၁၃၅ ဦးမှာ လာမည့် မတ်လ (၁၀) ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ မဟာစည်ဘုန်းကြီးကျောင်း၊ အ.လ.က (၄) ကျောင်းနဲ့ ကျောက် လုံးကြီး ဘုန်းကြီးကျောင်းတို့မှာ တည်းခိုပြီး မြဝတီမြို့နယ် စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြမယ်”ဟု ပြောသည်။
Ref : ကေအိုင်စီ #Myanmar_Online_News
>>Zawgyi<<
ထိုင်းရှိ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ (၁၃၅)ဦး မြဝတီစာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ လာရောက်ဖြေဆိုမည်
Friday , February 28 , 2020

ထိုင်းနိုင်ငံရှိ မြန်မာရွွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ (၁၃၅)ဦးသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုမည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းများဖြစ်သော ဆာသူးလေကျောင်း မှ ကျောင်းသား/သူ ၆၉ ဦး၊ SAW ကျောင်းမှ ကျောင်းသား/သူ ၄၂ ဦး နှင့်သွေးသစ်ကျောင်း မှ ကျောင်းသား/သူ ၁၄ ဦး စုစုပေါင်း ၁၃၅ ဦးတို့သည် မြဝတီမြို့နယ်စာစစ်ဌာနများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို လာရောက်ဖြေဆိုရန် စာရင်းပေးထားကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။
၎င်းက “မြန်မာရွှေ့ပြောင်းကျောင်းများက ကျောင်းသား/သူ ၁၃၅ ဦးမှာ လာမည့် မတ်လ (၁၀) ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ မဟာစည်ဘုန်းကြီးကျောင်း၊ အ.လ.က (၄) ကျောင်းနဲ့ ကျောက် လုံးကြီး ဘုန်းကြီးကျောင်းတို့မှာ တည်းခိုပြီး မြဝတီမြို့နယ် စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြမယ်”ဟု ပြောသည်။
Ref : ေကအိုင္စီ #Myanmar_Online_News

0 comments:

Post a Comment