Thursday, February 27, 2020

ဧရာဝတီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အသက် (၇၄)နှစ်အရွယ်အဘိုးမှ (၅၀)ကြိမ် မြောက်ဖြေဆိုမည်

Image may contain: 2 people, people standing

ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့မှ အဘိုး ဦးသိန်းညွန့် (၇၄) နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဦးသိန်းညွန့်သည် ၎င်းအတွက် အကြိမ် ၅၀ မြောက်ဖြစ်သည့် ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၁၁ နာရီက မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို နိုင်ရန် လေ့လာဖတ်ရှုလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။ တစ် နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန် တော်က သင်္ချာအားနည်းပါတယ်။ ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားလေ့ကျင့်နေပါတယ်။ အောင် မယ်လို့လည်း ယုံကြည်ပါတယ်။ လူငယ် တွေကို ပြောချင်တာက ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူပြီး တက္က သိုလ်ဝင်တန်း အောင်မြင်ရေး အောင်စိတ်ဓာတ်မွေးပြီး ကြိုးစားကြပါ"ဟု အဘိုးဦးသိန်းညွန့်က ပြောသည်။
ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင်း(၅၀)ရှိခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန်းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့ အထက (၁) ၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။
အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်းအလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်း မွန်သူတစ်ဦးလည်း ဖြစ် သည်။
Source - The Myanmar Times
<zawgyi>
ဧရာဝတီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အသက် (၇၄)နှစ်အရွယ်အဘိုးမှ (၅၀)ကြိမ် မြောက်ဖြေဆိုမည်
Friday , February 28 , 2020

ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့မှ အဘိုး ဦးသိန်းညွန့် (၇၄) နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ဦးသိန်းညွန့်သည် ၎င်းအတွက် အကြိမ် ၅၀ မြောက်ဖြစ်သည့် ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၁၁ နာရီက မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို နိုင်ရန် လေ့လာဖတ်ရှုလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။ တစ် နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန် တော်က သချင်္ာအားနည်းပါတယ်။ ဒီနှစ်တော့ သချင်္ာအောင်မှတ်ရဖို့ ကြိုးစားလေ့ကျင့်နေပါတယ်။ အောင် မယ်လို့လည်း ယုံကြည်ပါတယ်။ လူငယ် တွေကို ပြောချင်တာက ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူပြီး တက္က သိုလ်ဝင်တန်း အောင်မြင်ရေး အောင်စိတ်ဓာတ်မွေးပြီး ကြိုးစားကြပါ"ဟု အဘိုးဦးသိန်းညွန့်က ပြောသည်။
ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင်း(၅၀)ရှိခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန်းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့ အထက (၁) ၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။
အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်းအလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်း မွန်သူတစ်ဦးလည်း ဖြစ် သည်။
Source - The Myanmar Times

0 comments:

Post a Comment