Friday, February 28, 2020

မူဆယ်မြို့ နန်းတော်စစ်ဆေးရေးဂိတ်တွင် လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ

No photo description available.
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် နန်းတော် စစ်ဆေးရေးဂိတ်မှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က ပစ္စတို သေနတ် ၂ လက် ၊ကျည်ဘောက် ၃ ခု နဲ့ ကျည်ဆံ ၂၈ ထောင့်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။
နှစ်နိုင်ငံဝင်ထွက် စစ်ဆေးရေးဂိတ်မှာ သန့်ရှင်းရေးလုပ်သားက ကြွတ်ကြွတ်အိတ် အမည်းရောင် အထုပ်တထုပ်တွေ့လို့ မူဆယ်ဝင်မှုကြီးကြပ်ရေးဌာနခွဲ တာဝန်ရှိသူတွေထံအပ်နှံခဲ့ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ 99 MM ပစ္စတို ၂ လက် နှင့် ကျည်ဘောက် သုံးဘောက် နှင့် ကျည်ဆံ ၂၈ တောင့် ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော်တို့ အထက်ကို တင်ပြထားပြီး ၊အထက်က ညွှန်ကြားမှုအတိုင်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်နေပါတယ်” လို့ မူဆယ် မြို့မရဲစခန်းယာယီစခန်းမှုး ရဲအုပ်သန့်ဇင်ဦးက ပြောပါတယ်။

အလားတူ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခွဲ့ အချိန်က မူဆယ်မြို့၊ တော်ရွက်လှေဆိပ်သွားရာ လမ်းနား လမ်းအောက်က ရေပြွန်ထဲကနေ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ပါရိအမျိုးအစား သေနတ် ၁၀ လက်၊ ကျည်အိမ် ကိုးခု၊ လွယ်ကြိုး ကိုးချောင်းနဲ့ အမ် ၂၂ သေနတ်တစ်လက်သိမ်းမိခဲ့ပါတယ်

ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၉ နာရီခွဲကလည်း မူဆယ်မြို့၊ တော်ရွက်ရပ်ကွက် အမှိုက်ပုံအနီးက ဆာလာ အိတ်နဲ့ထုပ်ထားတဲ့ အမ် ၂၂ သေနတ် နှစ်လက်နဲ့ ကျည်အိမ် နှစ်ခုကို သိမ်းဆည်းမိထားတယ်လို့ တပ်မတော်မှသတင်းထုတ်ပြန်ထားပါတယ်။
<zawgyi>
မူဆယ်မြို့ နန်းတော်စစ်ဆေးရေးဂိတ်တွင် လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ
Friday , February 28 , 2020

0 comments:

Post a Comment