Friday, February 28, 2020

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားတဲ့ ကလေးငယ်ကိုရေနှစ်နှိပ်စက်တဲ့ အဒေါ်နဲ့အဖွားကို ထောင်(၅)နှစ်စီချမှတ်

Image may contain: one or more people and people standing

အင်တာနက်ပေါ်မှာ နာမည်ကြီးသွားတဲ့ မြောက်ဥက္ကလာပမြို့နယ်က ကလေးကို ရေနှစ်နှိပ်စက်တယ်ဆိုတဲ့ သားအမိနှစ်ယောက်ကို ဒီနေ့ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ထောင်ဒဏ်(၅) နှစ်စီ ချမှတ်လိုက်ပါတယ်။

အဲ့ဒီအမှုကို အမိန့်ချဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် အခုမှ အမိန့်ချဖြစ်တာဖြစ်ပါတယ်။
ရေနှစ်ပြီးနှိပ်စက်ခဲ့တဲ့ ကလေးရဲ့အဖွားဖြစ်သူနဲ့အဒေါ်ဖြစ်သူကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ (၃၀၇) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး အဲဒီပုဒ်မဟာ ပြစ်မှုကျူးလွန်သူကို အမြင့်ဆုံးထောင်ဒဏ်(၁၀)နှစ်ထိဖြစ်စေ ဒဏ်ငွေနဲ့ ထောင်ဒဏ်နှစ်ခုလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်ဧပြီလထဲမှာ အဒေါ်ဖြစ်သူနဲ့အဖွားဖြစ်သူက ကလေးတစ်ယောက်ကို ရေစည်ထဲနှစ်ပြီးနှိပ်စက်တဲ့ ဗွီဒီယို ဖိုင်ကိုအိမ်နီးနားချင်းတစ်ယောက်က ရိုက်ကူးခဲ့ပြီးတဲ့နောက် အင်တာနက်ပေါ်မှာ အလျင်အမြန်ပျံ့နှံ့သွားပြီး အဲဒီကလေးကို ဝိုင်းဝန်းကူညီပေးခဲ့ကြတာဖြစ်ပါတယ်။
Source - Omedia
<zawgyi>
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားတဲ့ ကလေးငယ်ကိုရေနှစ်နှိပ်စက်တဲ့ အဒေါ်နဲ့အဖွားကို ထောင်(၅)နှစ်စီချမှတ်
Friday , February 28 , 2020

အင်တာနက်ပေါ်မှာ နာမည်ကြီးသွားတဲ့ မြောက်ဥက္ကလာပမြို့နယ်က ကလေးကို ရေနှစ်နှိပ်စက်တယ်ဆိုတဲ့ သားအမိနှစ်ယောက်ကို ဒီနေ့ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ထောင်ဒဏ်(၅) နှစ်စီ ချမှတ်လိုက်ပါတယ်။
အဲ့ဒီအမှုကို အမိန့်ချဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် အခုမှ အမိန့်ချဖြစ်တာဖြစ်ပါတယ်။
ရေနှစ်ပြီးနှိပ်စက်ခဲ့တဲ့ ကလေးရဲ့အဖွားဖြစ်သူနဲ့အဒေါ်ဖြစ်သူကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ (၃၀၇) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး အဲဒီပုဒ်မဟာ ပြစ်မှုကျူးလွန်သူကို အမြင့်ဆုံးထောင်ဒဏ်(၁၀)နှစ်ထိဖြစ်စေ ဒဏ်ငွေနဲ့ ထောင်ဒဏ်နှစ်ခုလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်ဧပြီလထဲမှာ အဒေါ်ဖြစ်သူနဲ့အဖွားဖြစ်သူက ကလေးတစ်ယောက်ကို ရေစည်ထဲနှစ်ပြီးနှိပ်စက်တဲ့ ဗွီဒီယို ဖိုင်ကိုအိမ်နီးနားချင်းတစ်ယောက်က ရိုက်ကူးခဲ့ပြီးတဲ့နောက် အင်တာနက်ပေါ်မှာ အလျင်အမြန်ပျံ့နှံ့သွားပြီး အဲဒီကလေးကို ဝိုင်းဝန်းကူညီပေးခဲ့ကြတာဖြစ်ပါတယ်။
Source - Omedia

0 comments:

Post a Comment