ရန်ကုန်တိုင်းဒေသကြီး (၂၀၁၉-၂၀၂၀) ခုနှစ် ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (လျာ ထားချက်) နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ အနေဖြင့် ပြည်သူ့မျက်နှာကို ကြည်ပြီး အရေးယူသင့်သည့် ဌာနများကို အရေးယူနိုင်စေရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက တိုက် တွန်း ပြောကြားလိုက်ကြောင်း သိရသည်။
“ပြည်သူ့ငွေစာရင်းကော်မတီဟာ ပြည်သူ့ငွေစာရင်းပါ။ အစိုးရငွေစာရင်း မဟုတ်ပါဘူး။ လွှတ်တော်ငွေစာရင်း ကော်မတီမဟုတ် ပါဘူး။ ဒါကြောင့် ပြည်သူ့ ငွေ စာရင်းကော်မတီအနေနဲ့ ပြည်သူမျက်နှာကို ကြည့်ပြီးတော့ အရေးယူသင့်တဲ့ဌာနကို အရေးယူနိုင်အောင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြတ်သားစွာဆောင်ရွက်ပေးလို့ တင်ပြအပ်ပါတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး (၂၀၁၉-၂၀၂၀) ခုနှစ် ၊ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်း ခြေငွေစာရင်း (လျားထားချက်) နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရာတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြလာသည့် ရန်ကုန်တိုင်းဒေသကြီး (၂၀၁၉-၂၀၂၀) ခုနှစ်ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေနှင့်ပြုပြင်ပြီ း ခန့်မှန်းခြေငွေစာရင်း(လျာထ ားချက်)တွင် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်းသည် ကျပ်သန်းပေါင်း (၁၈၃၁၈၁.၃၀၉) ကျပ်သန်း ဖြစ်နေပြီး ယခုကဲ့သု့ိဖြည့်စွက်ခွင့်ပြ ုငွေအား တောင်းခံခြင်းသည် အဓိပ္ပါယ်နှင့် ကိုက်ညီခြင်း မရှိကြောင်းလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။
''ကျွန်တော့် အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်းကတော့ ကျပ်သန်းပေါင်း (၁၈၃၁၈၁.၃၀၉) ကျပ်သန်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ပြည်သူ့ငွေစာရင်း ကော်မတီကလည်း တင်ပြထားတာရှိပါတယ် ။ ဖြည့်စွက်ခွင့်ပြုငွေဆိုတာ မူလခွင့်ပြုငွေမှာသုံးစွဲလိ ု့ လောက်ငှမူ မရှိရင် ပြန်လည်ဖြည့်တင်း သုံးစွဲနိုင်ရေး အတွက် ဖြည့်စွက်တင်ပြ တောင်းခံခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဌာနဆိုင်ရာများအနေနဲ့ အရေးပေါ် လိုအပ်ချက်များ ရှိရင်တော့ ဖြည့်စွက်ခွင့်ပြုငွေမှာ တောင်းမယ်။ မူလဘတ်ဂျတ်ငွေမှာ လိုအပ်ချက်ရှိရင်တော့ တောင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ ၊ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခုတင်ပြလာတဲ့ ဖြည့်စွက်ဘတ်ဂျတ်ဟာ အဆိုပါ အဓိပ္ပါယ်နှင့်ကိုက်ညီမှုမရ ှိပါဘူး'' ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ဘဏ္ဍာငွေလျှာထားချက်များကို တင်ပြရာတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး ဘဏ္ဍာငွေရရှိနိုင်မှု အပေါ်မူတည်၍ အမှန်တကယ်ဆောင်ရွက်နိုင်မည့ ် စီမံကိန်းလုပ်ငန်းများကိုသာ လျာထားရေး ဆောင်ရွက်သင့်ကြောင်း ၊ စီမံကိန်းလုပ်ငန်းများကို အတည်ပြုသတ်မှတ် ပြီးမှသာ၊ ပြည်သူ့ငွေစာရင်း ကော်မတီသို့ ပေးပို့သင့်ပါကြောင်း၊ ယခု ဖြည့်စွက် ဘတ်ဂျတ်တင်ပြရာတွင် အထက်ပါအတိုင်း ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ဘတ်ဂျတ်ဖောင်းပွမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ မှ သဘောထားမှတ်ချက်ပြုထားသည်။
Ref ; Isee Media
<zawgyi>
ပြည်သူ့မျက်နှာကိုကြည့်ပြီး အရေးယူသင့်သည့် ဌာနများကို အရေးယူပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ တိုက်တွန်း
Monday , February 24 , 2020
ရန်ကုန်တိုင်းဒေသကြီး (၂၀၁၉-၂၀၂၀) ခုနှစ် ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (လျာ ထားချက်) နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ အနေဖြင့် ပြည်သူ့မျက်နှာကို ကြည်ပြီး အရေးယူသင့်သည့် ဌာနများကို အရေးယူနိုင်စေရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက တိုက် တွန်း ပြောကြားလိုက်ကြောင်း သိရသည်။
“ပြည်သူ့ငွေစာရင်းကော်မတီဟာ ပြည်သူ့ငွေစာရင်းပါ။ အစိုးရငွေစာရင်း မဟုတ်ပါဘူး။ လွှတ်တော်ငွေစာရင်း ကော်မတီမဟုတ် ပါဘူး။ ဒါကြောင့် ပြည်သူ့ ငွေ စာရင်းကော်မတီအနေနဲ့ ပြည်သူမျက်နှာကို ကြည့်ပြီးတော့ အရေးယူသင့်တဲ့ဌာနကို အရေးယူနိုင်အောင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြတ်သားစွာဆောင်ရွက်ပေးလို့ တင်ပြအပ်ပါတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး (၂၀၁၉-၂၀၂၀) ခုနှစ် ၊ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်း ခြေငွေစာရင်း (လျားထားချက်) နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရာတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြလာသည့် ရန်ကုန်တိုင်းဒေသကြီး (၂၀၁၉-၂၀၂၀) ခုနှစ်ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေနှင့်ပြုပြင်ပြီ း ခန့်မှန်းခြေငွေစာရင်း(လျာထ ားချက်)တွင် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်းသည် ကျပ်သန်းပေါင်း (၁၈၃၁၈၁.၃၀၉) ကျပ်သန်း ဖြစ်နေပြီး ယခုကဲ့သို့ဖြည့်စွက်ခွင့်ပြ ုငွေအား တောင်းခံခြင်းသည် အဓိပ္ပါယ်နှင့် ကိုက်ညီခြင်း မရှိကြောင်းလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။
''ကျွန်တော့် အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်းကတော့ ကျပ်သန်းပေါင်း (၁၈၃၁၈၁.၃၀၉) ကျပ်သန်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ပြည်သူ့ငွေစာရင်း ကော်မတီကလည်း တင်ပြထားတာရှိပါတယ် ။ ဖြည့်စွက်ခွင့်ပြုငွေဆိုတာ မူလခွင့်ပြုငွေမှာသုံးစွဲလိ ု့ လောက်ငှမူ မရှိရင် ပြန်လည်ဖြည့်တင်း သုံးစွဲနိုင်ရေး အတွက် ဖြည့်စွက်တင်ပြ တောင်းခံခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဌာနဆိုင်ရာများအနေနဲ့ အရေးပေါ် လိုအပ်ချက်များ ရှိရင်တော့ ဖြည့်စွက်ခွင့်ပြုငွေမှာ တောင်းမယ်။ မူလဘတ်ဂျတ်ငွေမှာ လိုအပ်ချက်ရှိရင်တော့ တောင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ ၊ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခုတင်ပြလာတဲ့ ဖြည့်စွက်ဘတ်ဂျတ်ဟာ အဆိုပါ အဓိပ္ပါယ်နှင့်ကိုက်ညီမှုမရှိ ပါဘူး'' ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ဘဏ္ဍာငွေလျှာထားချက်များကို တင်ပြရာတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး ဘဏ္ဍာငွေရရှိနိုင်မှု အပေါ်မူတည်၍ အမှန်တကယ်ဆောင်ရွက်နိုင်မည် ့ စီမံကိန်းလုပ်ငန်းများကိုသာ လျာထားရေး ဆောင်ရွက်သင့်ကြောင်း ၊ စီမံကိန်းလုပ်ငန်းများကို အတည်ပြုသတ်မှတ် ပြီးမှသာ၊ ပြည်သူ့ငွေစာရင်း ကော်မတီသို့ ပေးပို့သင့်ပါကြောင်း၊ ယခု ဖြည့်စွက် ဘတ်ဂျတ်တင်ပြရာတွင် အထက်ပါအတိုင်း ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ဘတ်ဂျတ်ဖောင်းပွမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ မှ သဘောထားမှတ်ချက်ပြုထားသည်။
Ref ; Isee Media
0 comments:
Post a Comment