Thursday, February 27, 2020

အီရန်၌ ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် ၇ ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိပြီး ၁ ဦး သေဆုံး

Image may contain: 1 person, text

အီရန်နိုင်ငံအစိုးရအဖွဲ့ဝင် ၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တွေ့ရှိခဲ့ရာ အမျိုးသမီးရေးရာ ဒုတိယသမ္မတဖြစ်သူ Masoumeh Ebtekar မဆောမဲအီဘက်တီဂါလည်းပါဝင်သည်ဟု New York Times က ယနေ့ရေးသားသည်။

အီရန်အစိုးရအဖွဲ့တွင် အဆင့်အမြင့်ဆုံး အမျိုးသမီးတစ်ဦးသူ မဆောမဲအီဘက်တီဂါသည် သမ္မတ ဟာစန်ရောဟာနီ၏ လက်ထောက်တစ်ဦးလည်းဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးများတွင် သမ္မတနှင့် အတော်နီးနီးထိုင်ခုံ၌ ထိုင်ရသူသည် အခြားအစိုးရအဖွဲ့ဝင်အချို့နှင့်အတူ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရကြောင်းအ တည်ပြုနိုင်ခြင်းဖြစ်၍ နေအိမ်၌ ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ကုသပေးလျှက်ရှိကြောင်း၊ အလားတူပင် ဗိုင်းရပ်စ်စွဲရောဂါဖြင့် အခြားအစိုးရအဖွဲ့ဝင် ထင်ရှားသော ဘာသာရေးခေါင်းဆောင် ၁- ဦးမှာ သေဆုံးခဲ့သည်ဆို၏။
မကြာသေးမီက ကျင်းပပြုလုပ်သော အီရန်အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတနှင့် ကိုက်အနည်းငယ်မျှ အကွာ၌ ထိုင်နေသူ မဆောမဲအီဘက်တီဂါအား တွေ့မြင်ရကြောင်း BBC ပါရှားသတင်းထောက်၏ Twitter စာမျက်နှာအရ သိရှိရသည်။
မဆောမဲအီဘက်တီဂါသည် လွန်ခဲ့သည ့်ဆယ်စုနှစ်လေးစုခန့်က နိုင်ငံတကာကျော်ကြားသည့် “ တဟီရန် အမေရိကန်သံရုံးအရေးအခင်း” တွင် အမေရိကန်တို့က ‘Screaming Mary’ “ အသံကျယ်ကျယ် မေရီ “ ဟု အမည်ပေးခြင်းခံရသူဖြစ်သည်။ ၎င်းသည် ထိုစဉ်က အမေရိကန်သံရုံးအမှု့ထမ်း ၅၂-ဦးတို့အား ဖမ်းဆီးသူများ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ကြောင်း တွေ့ရှိရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၉-ရက် အီရန်နိုင်ငံ ဘာသာရေးအထွဋ်အမြတ်မြို့တော် Qom “ ကုမ်း “တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အမေရိကန်၏ ဒါဏ်ခတ်ပိတ်ဆို့မှုများအပြီး တရုတ်နှင့် စီးပွားရေးဆက်ဆံမှု နီးကပ်စွာ ထူထောင်ခဲ့သည့် အီရန်တွင် ယခုအခါ ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူများ၌ အစိုးရအဖွဲ့ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်လာခြင်းဖြစ်သည်။ အီရန်သည် အိမ်နီချင်းနိုင်ငံ များအား ဗိုင်းရပ်စ်ကူးစက်စေသည့် အရင်းအမြစ်နေရာအဖြစ် ဒေသတွင်း၌ ပြောဆိုကြရန်ဖြစ်လာခဲ့သည်။
အီရန်ကျန်းမာရေးဌာနသတင်းထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်အတည်ပြုခံရသူ ၂၄၅-ဦးရှိပြီး၊ ၂၆-ဦး သေဆုံးခဲ့ရာ အများစုမှာ ရှီယာဘုရားဖူတို့ လာရောက်လေ့ရှိရာ “ ကုမ်းမြို့ “မှဖြစ်ကြောင်း သိရှိရသည်။
SARS-CoV-2 ကိုရိုနာဗိုင်းရပ်သစ်စွဲကပ်ခြင်းကြောင့် COVID-19 ရောဂါဖြင့် သေဆုံးသူအရေအတွက်တွင် တရုတ်နိုင်ငံပြီးလျှင် အီရန်သည် အများဆုံးဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရလျှင် WHO သတ်မှတ် လူသေဆုံးနှုန်း ၂ ရာနှုန်းရှိပြီး၊ တရုတ်တွင် ၃.၅ ရာနှုန်းနေချိန်၌ အီရန်တွင် ၁၁-ရာနှုန်းသေဆုံးနေသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း nbcnews က ယနေ့ရေးသားသည်။
အီရန်သည် ကူးစက်ရောဂါကျ ရောက်နေသော ဧရိယာတို့၌ အသွားအလာ တားဆီးခြင်းမရှိ၊ လူသေဆုံးမှု တရိပ်ရိပ်မြင့်တက်နေသည့် အဓိကမြို့ကြီးများကိုလည်း ရောဂါခြေချုပ်ချထားခြင်းမရှိ၊ လူထုကျန်းမာရေးကို အလေးမထားပဲ ကြောက်မက်ဖွယ် ရောဂါပျံ့ပွားနေခြင်းမှ တားဆီးကာကွယ်ရန် ဆန္ဒရှိပုံမရကြောင်း Bloomberg က ယနေ့စွပ်စွဲဖော်ပြသည်။
အီရန်ပါလီမန်တွင် အမတ်အများစုမှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားနေသည့် “ ကုမ်းမြို့ “ မှ ဖြစ်ကြောင်း၊ အီရန်၏ ဖျားနာ-သေဆုံးနှုန်းမှာ ၎င်းအစိုးရတရားဝင်သတင်းထုတ်ပြန်သည်ထက် ပိုမိုများ ပြားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိကြောင်း၊ ထိုသတင်းကို လွန်ခဲ့သည့်ရက် သတင်းစာရှင်း လင်းပွဲ၌ ဒေါသတကြီးပယ်ချသည့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အီရပ်ချ်ကာရစ်ချီမှာ သတင်းစာရှင်းလင်းနေချိန်၌ပင် ဖျားနာနေဟန် တွေ့မြင်ရပြီး နောက်တစ်ရက်တွင် ဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တရားဝင် သတင်းထုတ်ပြန်နေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
Image may contain: indoor
Image may contain: text
Image may contain: 1 person, meme and text
Source - Htay Oung
<zawgyi>
အီရန်၌ ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် ၇ ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိပြီး ၁ ဦး သေဆုံး
Friday , February 28 , 2020

အီရန်နိုင်ငံအစိုးရအဖွဲ့ဝင် ၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တွေ့ရှိခဲ့ရာ အမျိုးသမီးရေးရာ ဒုတိယသမ္မတဖြစ်သူ Masoumeh Ebtekar မဆောမဲအီဘက်တီဂါလည်းပါဝင်သည်ဟု New York Times က ယနေ့ရေးသားသည်။
အီရန်အစိုးရအဖွဲ့တွင် အဆင့်အမြင့်ဆုံး အမျိုးသမီးတစ်ဦးသူ မဆောမဲအီဘက်တီဂါသည် သမ္မတ ဟာစန်ရောဟာနီ၏ လက်ထောက်တစ်ဦးလည်းဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးများတွင် သမ္မတနှင့် အတော်နီးနီးထိုင်ခုံ၌ ထိုင်ရသူသည် အခြားအစိုးရအဖွဲ့ဝင်အချို့နှင့်အတူ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရကြောင်းအ တည်ပြုနိုင်ခြင်းဖြစ်၍ နေအိမ်၌ ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ကုသပေးလျှက်ရှိကြောင်း၊ အလားတူပင် ဗိုင်းရပ်စ်စွဲရောဂါဖြင့် အခြားအစိုးရအဖွဲ့ဝင် ထင်ရှားသော ဘာသာရေးခေါင်းဆောင် ၁- ဦးမှာ သေဆုံးခဲ့သည်ဆို၏။
မကြာသေးမီက ကျင်းပပြုလုပ်သော အီရန်အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတနှင့် ကိုက်အနည်းငယ်မျှ အကွာ၌ ထိုင်နေသူ မဆောမဲအီဘက်တီဂါအား တွေ့မြင်ရကြောင်း BBC ပါရှားသတင်းထောက်၏ Twitter စာမျက်နှာအရ သိရှိရသည်။
မဆောမဲအီဘက်တီဂါသည် လွန်ခဲ့သည့်ဆယ်စုနှစ်လေးစုခန့်က နိုင်ငံတကာကျော်ကြားသည့် “ တဟီရန် အမေရိကန်သံရုံးအရေးအခင်း” တွင် အမေရိကန်တို့က ‘Screaming Mary’ “ အသံကျယ်ကျယ် မေရီ “ ဟု အမည်ပေးခြင်းခံရသူဖြစ်သည်။ ၎င်းသည် ထိုစဉ်က အမေရိကန်သံရုံးအမှု့ထမ်း ၅၂-ဦးတို့အား ဖမ်းဆီးသူများ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ကြောင်း တွေ့ရှိရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၉-ရက် အီရန်နိုင်ငံ ဘာသာရေးအထွဋ်အမြတ်မြို့တော် Qom “ ကုမ်း “တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အမေရိကန်၏ ဒါဏ်ခတ်ပိတ်ဆို့မှုများအပြီး တရုတ်နှင့် စီးပွားရေးဆက်ဆံမှု နီးကပ်စွာ ထူထောင်ခဲ့သည့် အီရန်တွင် ယခုအခါ ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူများ၌ အစိုးရအဖွဲ့ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်လာခြင်းဖြစ်သည်။ အီရန်သည် အိမ်နီချင်းနိုင်ငံ များအား ဗိုင်းရပ်စ်ကူးစက်စေသည့် အရင်းအမြစ်နေရာအဖြစ် ဒေသတွင်း၌ ပြောဆိုကြရန်ဖြစ်လာခဲ့သည်။
အီရန်ကျန်းမာရေးဌာနသတင်းထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်အတည်ပြုခံရသူ ၂၄၅-ဦးရှိပြီး၊ ၂၆-ဦး သေဆုံးခဲ့ရာ အများစုမှာ ရှီယာဘုရားဖူတို့ လာရောက်လေ့ရှိရာ “ ကုမ်းမြို့ “မှဖြစ်ကြောင်း သိရှိရသည်။
SARS-CoV-2 ကိုရိုနာဗိုင်းရပ်သစ်စွဲကပ်ခြင်းကြောင့် COVID-19 ရောဂါဖြင့် သေဆုံးသူအရေအတွက်တွင် တရုတ်နိုင်ငံပြီးလျှင် အီရန်သည် အများဆုံးဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရလျှင် WHO သတ်မှတ် လူသေဆုံးနှုန်း ၂ ရာနှုန်းရှိပြီး၊ တရုတ်တွင် ၃.၅ ရာနှုန်းနေချိန်၌ အီရန်တွင် ၁၁-ရာနှုန်းသေဆုံးနေသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း nbcnews က ယနေ့ရေးသားသည်။
အီရန်သည် ကူးစက်ရောဂါကျ ရောက်နေသော ဧရိယာတို့၌ အသွားအလာ တားဆီးခြင်းမရှိ၊ လူသေဆုံးမှု တရိပ်ရိပ်မြင့်တက်နေသည့် အဓိကမြို့ကြီးများကိုလည်း ရောဂါခြေချုပ်ချထားခြင်းမရှိ၊ လူထုကျန်းမာရေးကို အလေးမထားပဲ ကြောက်မက်ဖွယ် ရောဂါပျံ့ပွားနေခြင်းမှ တားဆီးကာကွယ်ရန် ဆန္ဒရှိပုံမရကြောင်း Bloomberg က ယနေ့စွပ်စွဲဖော်ပြသည်။
အီရန်ပါလီမန်တွင် အမတ်အများစုမှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားနေသည့် “ ကုမ်းမြို့ “ မှ ဖြစ်ကြောင်း၊ အီရန်၏ ဖျားနာ-သေဆုံးနှုန်းမှာ ၎င်းအစိုးရတရားဝင်သတင်းထုတ်ပြန်သည်ထက် ပိုမိုများ ပြားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိကြောင်း၊ ထိုသတင်းကို လွန်ခဲ့သည့်ရက် သတင်းစာရှင်း လင်းပွဲ၌ ဒေါသတကြီးပယ်ချသည့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အီရပ်ချ်ကာရစ်ချီမှာ သတင်းစာရှင်းလင်းနေချိန်၌ပင် ဖျားနာနေဟန် တွေ့မြင်ရပြီး နောက်တစ်ရက်တွင် ဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တရားဝင် သတင်းထုတ်ပြန်နေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
Source - Htay Oung

0 comments:

Post a Comment