Wednesday, February 26, 2020

မိုင်းတွမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

No photo description available.

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတွမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ပါဟိုး(အာခါ)ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာသို့ အရောက် မုန်ညင်းစိုက်ခင်းနှင့် ငှက်ပျောတောအတွင်း၌ ကျင်းတူးမြှုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်)၊ အနီ/အဖြူရောင် ဆေးမှုန့် ၈၆ ဒသမ ၅၀ ကီလိုဂရမ်၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ်ခွေ (ဆာလာအိတ်ဖြင့်) တစ်အိတ်၊ ဆေးပြားထည့် ပလတ်စတစ်အိတ် (ဆာလာအိတ်ဖြင့်) လေးအိတ်နှင့် Acid ကိုးပုလင်းတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ည ၆ နာရီ ၅ မိနစ်ခန့်တွင် ၎င်းနေရာနှင့် အနီးတစ်ဝိုက်အား ဆက်လက်ရှာဖွေစဉ် ကျင်းတူးမြှုပ်နှံထားသည့် ပစ္စတိုသုံးလက်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ တစ်လုံးထိုးသေနတ် ခြောက်လက်၊ ပစ္စတိုကျည်အိမ်သုံးခု၊ ပွိုင့်-၂၂ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၂၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၁ တောင့်နှင့် ၁၂ ဗို့ကျည် ၁၉ တောင့်တို့အား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Image may contain: food
သတင်း-မောင်စိုင်း
<zawgyi>
မိုင်းတွမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Thursday , February 27 , 2020

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတွမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ပါဟိုး(အာခါ)ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာသို့ အရောက် မုန်ညင်းစိုက်ခင်းနှင့် ငှက်ပျောတောအတွင်း၌ ကျင်းတူးမြှုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်)၊ အနီ/အဖြူရောင် ဆေးမှုန့် ၈၆ ဒသမ ၅၀ ကီလိုဂရမ်၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ်ခွေ (ဆာလာအိတ်ဖြင့်) တစ်အိတ်၊ ဆေးပြားထည့် ပလတ်စတစ်အိတ် (ဆာလာအိတ်ဖြင့်) လေးအိတ်နှင့် Acid ကိုးပုလင်းတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ည ၆ နာရီ ၅ မိနစ်ခန့်တွင် ၎င်းနေရာနှင့် အနီးတစ်ဝိုက်အား ဆက်လက်ရှာဖွေစဉ် ကျင်းတူးမြှုပ်နှံထားသည့် ပစ္စတိုသုံးလက်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ တစ်လုံးထိုးသေနတ် ခြောက်လက်၊ ပစ္စတိုကျည်အိမ်သုံးခု၊ ပွိုင့်-၂၂ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၂၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၁ တောင့်နှင့် ၁၂ ဗို့ကျည် ၁၉ တောင့်တို့အား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
သတင်း-မောင်စိုင်း

0 comments:

Post a Comment