Tuesday, February 25, 2020

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများ သွားရောက်ပေးပို့လှူဒါန်း

Image may contain: one or more people, sky, airplane, basketball court and outdoor

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ် Coronavirus Disease 2019(COVID-19) ရောဂါအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်အောင်မြင်စေရန်နှင့် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများအား မနေ့ကနံနက်ပိုင်းတွင် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai တို့သည် နေပြည်တော်လေဆိပ် နားနေဆောင်တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) အခြေ အနေများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းမှုအခြေအနေများအား အပြန်အလှန် တွေ့ဆုံပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာပစ္စည်းတင်ဆောင်ထားသော တပ်မတော်လေယာဉ်ပေါ်သို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မနေ့ နံနက် ၈ နာရီတွင် နေပြည်တော် လေဆိပ်မှ ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ကြသည်။
ဆေးဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းစာလွှာနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းများအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တာဝန်ရှိသူများထံသို့ အသီးသီး စနစ်တကျ လွှဲပြောင်း ပေးအပ်လှူဒါန်းသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ Surgicla Masks (2 Ply) ၉၀၀၀၀ ခု Type-N 95(SM Particulate Respirator Masks) ၉၀၀၀၀ ခု၊ SaFety Goggles ၉၀၀၀၀ ခု စသည့်ဆေးဘက်ဆိုင်ရာပစ္စည်းများကို မြန်မာ့တပ်မတော်အနေဖြင့် သွားရောက်လှူဒါန်းရာ နေပြည်တော် လေဆိပ်တွင် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ လာရောက် သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
Image may contain: 5 people, people standing, sky and outdoor
Image may contain: 6 people, people standing, sky and outdoor
Image may contain: airplane, sky and outdoor
Image may contain: 1 person, standing, sky and outdoor
Image may contain: 1 person, sky, airplane and outdoor
သတင်းစဉ်
<zawgyi>
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများ သွားရောက်ပေးပို့လှူဒါန်း
Wednesday , February 26 , 2020

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ် Coronavirus Disease 2019(COVID-19) ရောဂါအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်အောင်မြင်စေရန်နှင့် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများအား မနေ့ကနံနက်ပိုင်းတွင် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai တို့သည် နေပြည်တော်လေဆိပ် နားနေဆောင်တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) အခြေ အနေများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းမှုအခြေအနေများအား အပြန်အလှန် တွေ့ဆုံပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာပစ္စည်းတင်ဆောင်ထားသော တပ်မတော်လေယာဉ်ပေါ်သို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မနေ့ နံနက် ၈ နာရီတွင် နေပြည်တော် လေဆိပ်မှ ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ကြသည်။
ဆေးဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းစာလွှာနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းများအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တာဝန်ရှိသူများထံသို့ အသီးသီး စနစ်တကျ လွှဲပြောင်း ပေးအပ်လှူဒါန်းသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ Surgicla Masks (2 Ply) ၉၀၀၀၀ ခု Type-N 95(SM Particulate Respirator Masks) ၉၀၀၀၀ ခု၊ SaFety Goggles ၉၀၀၀၀ ခု စသည့်ဆေးဘက်ဆိုင်ရာပစ္စည်းများကို မြန်မာ့တပ်မတော်အနေဖြင့် သွားရောက်လှူဒါန်းရာ နေပြည်တော် လေဆိပ်တွင် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ လာရောက် သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment