Saturday, February 29, 2020

မင်းဘူးမြို့နယ် ဧရာဝတီတံတားအနီး တိုးဂိတ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၇)ဦး ဖမ်းဆီးရမိ

Image may contain: 4 people, people sitting and car

ဧရာဝတီတံတားအနီးတွင် ကားများကို အသေးစိတ်စစ်ဆေးရေး ပြုလုပ်နေစဉ် ယနေ့ မတ်(၁)ရက်နေ့ နံနက် (၆)နာရီ ၄၅မိနစ်အချိန်ခန့်တွင် ငဖဲဘက်မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ အထောက်အထားမဲ့ ဘင်္ဂါလီ (၇)ဦး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု၊ ကျွဲသိုးမြှောင်ကျေးရွာ အနီး မကွေး ဧရာဝတီတံတား မင်းဘူးဘက်ခြမ်း တိုးဂိတ်တွင် ငဖဲဘက်မှ မောင်းနှင်လာသည့် YGN ××××× ကားကို စစ်ဆေးကြည့်ရှုရာ အထောက်အထားမဲ့ ဘင်္ဂါလီ ကျား(၁)ဦး/မ(၆)ဦးနှင့်အတူ ယာဉ်မောင်း ၂ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသူတို့ကို မင်းဘူးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်၍ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး(ခေတ္တ) ရဲမှူးတင်ထွဋ် ဦးစီးပြီး၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့်အဖွဲ့၊ မင်းဘူးမြို့နယ် လဝက ဦးစီးမှူး ဦးဝင်းကြည်နှင့်အဖွဲ့ တို့မှ ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြကြောင်း သတင်းရရှိသည်။
Image may contain: 4 people, people sitting
Image may contain: 2 people, people sitting
Image may contain: car and outdoor
Image may contain: car and outdoor
Crd : သုတ(ဖီးနစ်)Top Phoenix Media
>>Zawgyi<<
မင်းဘူးမြို့နယ် ဧရာဝတီတံတားအနီး တိုးဂိတ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၇)ဦး ဖမ်းဆီးရမိ
Sunday , March 1 , 2020

ဧရာဝတီတံတားအနီးတွင် ကားများကို အသေးစိတ် စစ်ဆေးရေး ပြုလုပ်နေစဉ် ယနေ့ မတ်(၁)ရက်နေ့ နံနက် (၆)နာရီ ၄၅မိနစ်အချိန်ခန့်တွင် ငဖဲဘက်မှ မောင်းနှင် လာသည့် ယာဉ်တစ်စီးပေါ်မှ အထောက်အထားမဲ့ ဘင်္ဂါလီ (၇)ဦး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု၊ ကျွဲသိုးမြှောင်ကျေးရွာ အနီး မကွေး ဧရာဝတီတံတား မင်းဘူးဘက်ခြမ်း တိုးဂိတ်တွင် ငဖဲဘက်မှ မောင်းနှင်လာသည့် YGN ××××× ကားကို စစ်ဆေးကြည့်ရှုရာ အထောက်အထားမဲ့ ဘင်္ဂါလီ ကျား(၁)ဦး/မ(၆)ဦးနှင့်အတူ ယာဉ်မောင်း ၂ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသူတို့ကို မင်းဘူးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်၍ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး(ခေတ္တ) ရဲမှူးတင်ထွဋ် ဦးစီးပြီး၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့်အဖွဲ့၊ မင်းဘူးမြို့နယ် လဝက ဦးစီးမှူး ဦးဝင်းကြည်နှင့်အဖွဲ့ တို့မှ ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြကြောင်း သတင်းရရှိသည်။
Crd : သုတ(ဖီးနစ္)Top Phoenix Media

0 comments:

Post a Comment