Monday, February 24, 2020

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံများအား မေးခွန်းမေးမြန်းတဲ့ အခွင့်အရေးကို အလွဲသုံးစားလုပ်နေကြောင်း ပြောကြား

Image may contain: 2 people, people standing and indoor

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဖေဖေါ်ဝါရီ ၂၄ ရက် နံနက်ကပြုလုပ်သည့် ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲတွင် "မေးခွန်းမေးမြန်းကြသူတချို့အခွင့်အရေးကို အလွဲသုံးစားလုပ်ချင်ကြပြီး စည်းနှင့်ကမ်းနှင့် မလုပ်ချင်ဘူး" ဟူသည့်စကားကို ပြောကြားလိုက်သည်။

“တစ်ချို့ကြတော့ တစ်ခါတစ်လေ အခွင့်အရေးကို အလွဲသုံးစားလုပ်ချင်တယ်၊ စည်းနဲ့ ကမ်းနဲ့ မလုပ်ချင်ဘူး၊ ဥပမာ မဲမပေါက်ပဲနဲ့လည်း ပြောချင်တာ အတင်းပြောတာပေါ့၊ အတင်းတောင်းဆိုတာတွေဘာတွေ ဒါကိုလည်း ကျွန်မတို့ မြင်ခဲ့ရတယ်။ နောက်ပြီးတော့ ကျွန်မတို့ခဏခဏပြောတယ်၊ အများအတွက် အကျိုးဖြစ်မယ့် မေးခွန်းတွေကိုမေးပါ။ အများအတွက် အကျိုးဖြစ်မယ့် တင်ပြချက်တွေကို တင်ပြပါ။ ဒီအတိုင်းပဲ ပြောတဲ့ ပြည်သူက အများစုပါ။ ကျွန်မ အင်မတန်လည်းအားရပါတယ်။ ဒါပေမယ့် တစ်ချို့တလေ အနည်းစုက သူတို့အတွက်ပဲ သူတို့ပြောတာ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေ၊ နောက်ပြီးတော့ တိုက်ချင်ခိုက်ချင်တဲ့ ကိစ္စတွေပေါ့နော် အဲဒါတွေကိုတော့ ဦးစားပေးပြီးတော့ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်တိုးတက်တဲ့ နိုင်ငံဖြစ်ချင်လို့ရှိရင် အများအတွက် စဉ်းစားနိုင်ရမယ်။ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံး ရှိရမယ်ဆိုတာ၊အခြားသူတွေအတွက်လည်း စဉ်းစားနိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
Image may contain: one or more people, people on stage and people sitting
Image may contain: one or more people and indoor
Image may contain: one or more people, crowd and indoor
<zawgyi>
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံများအား မေးခွန်းမေးမြန်းတဲ့ အခွင့်အရေးကို အလွဲသုံးစားလုပ်နေကြောင်း ပြောကြား
Monday , February 24 , 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဖေဖေါ်ဝါရီ ၂၄ ရက် နံနက်ကပြုလုပ်သည့် ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲတွင် "မေးခွန်းမေးမြန်းကြသူတချို့အခွင့်အရေးကို အလွဲသုံးစားလုပ်ချင်ကြပြီး စည်းနှင့်ကမ်းနှင့် မလုပ်ချင်ဘူး" ဟူသည့်စကားကို ပြောကြားလိုက်သည်။
“တစ်ချို့ကြတော့ တစ်ခါတစ်လေ အခွင့်အရေးကို အလွဲသုံးစားလုပ်ချင်တယ်၊ စည်းနဲ့ ကမ်းနဲ့ မလုပ်ချင်ဘူး၊ ဥပမာ မဲမပေါက်ပဲနဲ့လည်း ပြောချင်တာ အတင်းပြောတာပေါ့၊ အတင်းတောင်းဆိုတာတွေဘာတွေ ဒါကိုလည်း ကျွန်မတို့ မြင်ခဲ့ရတယ်။ နောက်ပြီးတော့ ကျွန်မတို့ခဏခဏပြောတယ်၊ အများအတွက် အကျိုးဖြစ်မယ့် မေးခွန်းတွေကိုမေးပါ။ အများအတွက် အကျိုးဖြစ်မယ့် တင်ပြချက်တွေကို တင်ပြပါ။ ဒီအတိုင်းပဲ ပြောတဲ့ ပြည်သူက အများစုပါ။ ကျွန်မ အင်မတန်လည်းအားရပါတယ်။ ဒါပေမယ့် တစ်ချို့တလေ အနည်းစုက သူတို့အတွက်ပဲ သူတို့ပြောတာ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေ၊ နောက်ပြီးတော့ တိုက်ချင်ခိုက်ချင်တဲ့ ကိစ္စတွေပေါ့နော် အဲဒါတွေကိုတော့ ဦးစားပေးပြီးတော့ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်တိုးတက်တဲ့ နိုင်ငံဖြစ်ချင်လို့ရှိရင် အများအတွက် စဉ်းစားနိုင်ရမယ်။ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံး ရှိရမယ်ဆိုတာ၊အခြားသူတွေအတွက်လည်း စဉ်းစားနိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment