Tuesday, February 25, 2020

အမေရိကန်သမ္မတ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယ၌ အဓိကရုန်းများ ဖြစ်ပွား

Image may contain: 1 person

သမ္မတဒေါ်နယ်ထရမ့်၏ ပထမဆုံးအကြိမ်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် အိန္ဒိယ၌ အဓိကရုန်းများဖြစ်ပွားသဖြင့် လူ ၁၃-ဦးကျော်သေဆုံးပြီး ကလေးငယ်များအပါအဝင် ၁၅၀ ကျော် ဒဏ်ရာရရှိသည်ဟု အိန္ဒိယ NDTV သတင်းဌာနက ယနေ့ရေးသားသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလတွင် စတင်ခဲ့သော နိုင်ငံသားဥပဒေသစ်အပေါ် ဆန့်ကျင်သူတို့၏ ဆန္ဒပြပွဲများသည် အမေရိကန်သမ္မတ အိန္ဒိယသို့ မရောက်ရှိမီ တနင်္ဂနွေနေ့တွင် တဖန်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
တနင်္လာနေ့တွင် ဒေါ်နယ်ထရမ့်က အိန္ဒိယအား လွတ်လပ်ခြင်း-တရားမျှတခြင်းနှင့် သည်းခံနိုင်သော နိုင်ငံအဖြစ် ချီးကျူးခြင်းနှင့်အတူ နိုင်ငံသား ဥပဒေသစ်ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြပွဲများ ဖြစ်ပွားသည်။ အင်္ဂါနေ့တွင် ကန့်ကွက်-ထောက်ခံ သဘောကွဲလွဲသူတို့အကြား အုပ်စုဖွဲ့တိုက်ခိုက်များ ပြင်းထန်စွာဖြစ်ပွားပြီး ဆူပူသူတို့က ဒေါ်နယ်ထရမ့်မိသားစုတို့ တည်းခိုရာအိမ်တော်နှင့် ၉-မိုင်ခန့်သာကွာဝေးသောနေရာ၌ လူစုလူဝေးဖြင့် လုယက်ခြင်း၊ အဆောက်အအုံနှင့် မော်တော်ယာဉ်များအား မီးတင်ရှိ့ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ယမန်နေ့ မြို့တော်နယူးဒေလီ အရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းနေသော အဆောက်အအုံများမှ လှိမ့်ထွက်နေသော မီးခိုးလုံးကြီးများ၊ မှန်ကွဲ- ကျောက်ခဲတို့ဖြင့် ပြည့်နှက်နေသော လမ်းမကြီးများကို တွေ့မြင်နေရသည်ဟု အနီးအနား နေထိုင်သူတို့က ပြောဆိုသည်။
အမေရိကန်သမ္မတ ရောက်ရှိနေခိုက် နယူးဒေလီအကြမ်းဖက်မှုများကို ဟိန္ဒူ-မွတ်စလင်အဓိကရုန်းအဖြစ် The New York Times အမေရိကန်သတင်းစာက ယမန်နေ့ ရေးသားကြောင်း တွေ့ရှိရသည်။ နဖူးတွင် အဝါရောင်အဝတ်စချည်နှောင်ထားသော ဟိန္ဒူဆူပူသူတို့က သံဒုတ်- သစ်သားချောင်း- ဘေ့စ်ဘောလက်ရိုက်တို့ဖြင့် တိုက်ခိုက်ကြကြောင်း၊ တနင်္ဂနွေနေ့ညပိုင်း မောဂျပူရ်ရပ်ကွက်နှင့်အနီးတစ်ဝှိုက်တွင် ဟိန္ဒူနှင့် မွတ်စလင်တို့ ပဋိပက္ခဖြစ်ပွားကြောင်း ရေးသားသည်။
ယနေ့မှ စတင်၍ အဓိကရုန်းများဖြစ်ပွားရာ မြို့နယ်ဧရိယာအတွင်း စာသင်ကျောင်းများ ပိတ်ထားလိုက်ပြီး စာမေးပွဲများ ရွှေ့ဆိုင်းကြောင်း အိန္ဒိယပညာရေးဘုတ်အဖွဲ့ CBSE က ကြေညာသည်။ ဆူပူသူများအား မျက်ရည်ယိုဗုံးများ ပစ်ပေါက်လူစုခွဲခဲ့သော နယူးဒေလီရဲတပ်ဖွဲ့မှာ ဆန့်ကျင်ဖက်အုပ်စု ၂-စုအကြား အကြမ်းဖက်မှုဖြစ်ပွားရာ၌ လျှင်မြန်ထိရောက်စွာ အရေးယူကိုင်တွယ်ခြင်းမရှိကြောင်း ပြင်းထန်စွာဝေဖန်ခြင်းခံရသည်။
ယမန်နေ့ ဆူပူမှုများဖြစ်ပွားရာတွင် ဘက်လိုက်ဖော်ပြသည်ဟု စွပ်စွဲခြင်းခံရသော NDTV မီဒီယာ၏ ဒေသန္တရ သတင်းချန်နယ်မှာ တိုက်ခိုက်ခြင်းခံရပြီး သတင်းထောက် ၂-ဦး ဝိုင်းဝန်းရိုက်နှက်ခြင်းခံရကြောင်း ဘင်္ဂလားအ ခြေစိုက် bdnews24 က ယနေ့ဖော်ပြသည်။
လွန်ခဲ့သည့် ဒီဇင်ဘာတွင် အိန္ဒိယပါလီမန်က နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက်ဥပဒေကြမ်း CAA ကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများ အား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင်စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်းမရှိချေ။
အိန္ဒိယ၌ ယမန်နှစ် သြဂုတ်လကတည်းကပင် နိုင်ငံအရှေ့ဖျား ဘင်္ဂလားဒက်ရှ်နှင့် ထိစပ်နေသော အာသံပြည်နယ်တွင် လူဦးရေစစ်ဆေးရာ မွတ်စလင်အများစုဖြစ်သော လူပေါင်း ၁.၉ သန်းမှာ နိုင်ငံသားအဖြစ် အတည်ပြု ရန် ခိုင်လုံခြင်းမရှိသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
CAA ကို ပါလီမန်က ပြဋ္ဌာန်းခြင်းကြောင့် အာသံပြည်နယ်မှ စတင်သည့် ဆန့်ကျင်ကန့်ကွက်ပွဲများသည် ရက်ပိုင်းအတွင်း အိန္ဒိယမြို့ကြီးများသို့ ပြန့်ှနှံ့သွားခဲ့ရာ အဓိကရုန်းများ ကြိုကြားဖြစ်ပွားသည်။ အချို့နေရာများတွင် CAA ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား အကြမ်းဖက်ကြောင်း အပြန်အလှန်စွပ်စွဲချက်ထွက်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၄-ရက်နေ့မှ တစ်လအတွင်း သေဆုံး ၂၇-ဦး၊ ဒါဏ်ရာရရှိ ၁၇၅-ဦးနှင့် ဖမ်းဆီးခံရသူ ၃,၀၀၀ ကျော်ရှိခဲ့သည်။
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, crowd and outdoor
Image may contain: one or more people, people standing and outdoor, text that says 'POLICE'
Source - Htay Oung
<zawgyi>
အမေရိကန်သမ္မတ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယ၌ အဓိကရုန်းများ ဖြစ်ပွား
Wednesday , February 26 , 2020

သမ္မတဒေါ်နယ်ထရမ့်၏ ပထမဆုံးအကြိမ်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် အိန္ဒိယ၌ အဓိကရုန်းများဖြစ်ပွားသဖြင့် လူ ၁၃-ဦးကျော်သေဆုံးပြီး ကလေးငယ်များအပါအဝင် ၁၅၀ ကျော် ဒဏ်ရာရရှိသည်ဟု အိန္ဒိယ NDTV သတင်းဌာနက ယနေ့ရေးသားသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလတွင် စတင်ခဲ့သော နိုင်ငံသားဥပဒေသစ်အပေါ် ဆန့်ကျင်သူတို့၏ ဆန္ဒပြပွဲများသည် အမေရိကန်သမ္မတ အိန္ဒိယသို့ မရောက်ရှိမီ တနင်္ဂနွေနေ့တွင် တဖန်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
တနင်္လာနေ့တွင် ဒေါ်နယ်ထရမ့်က အိန္ဒိယအား လွတ်လပ်ခြင်း-တရားမျှတခြင်းနှင့် သည်းခံနိုင်သော နိုင်ငံအဖြစ် ချီးကျူးခြင်းနှင့်အတူ နိုင်ငံသား ဥပဒေသစ်ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြပွဲများ ဖြစ်ပွားသည်။ အင်္ဂါနေ့တွင် ကန့်ကွက်-ထောက်ခံ သဘောကွဲလွဲသူတို့အကြား အုပ်စုဖွဲ့တိုက်ခိုက်များ ပြင်းထန်စွာဖြစ်ပွားပြီး ဆူပူသူတို့က ဒေါ်နယ်ထရမ့်မိသားစုတို့ တည်းခိုရာအိမ်တော်နှင့် ၉-မိုင်ခန့်သာကွာဝေးသောနေရာ၌ လူစုလူဝေးဖြင့် လုယက်ခြင်း၊ အဆောက်အအုံနှင့် မော်တော်ယာဉ်များအား မီးတင်ရှိ့ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ယမန်နေ့ မြို့တော်နယူးဒေလီ အရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းနေသော အဆောက်အအုံများမှ လှိမ့်ထွက်နေသော မီးခိုးလုံးကြီးများ၊ မှန်ကွဲ- ကျောက်ခဲတို့ဖြင့် ပြည့်နှက်နေသော လမ်းမကြီးများကို တွေ့မြင်နေရသည်ဟု အနီးအနား နေထိုင်သူတို့က ပြောဆိုသည်။
အမေရိကန်သမ္မတ ရောက်ရှိနေခိုက် နယူးဒေလီအကြမ်းဖက်မှုများကို ဟိန္ဒူ-မွတ်စလင်အဓိကရုန်းအဖြစ် The New York Times အမေရိကန်သတင်းစာက ယမန်နေ့ ရေးသားကြောင်း တွေ့ရှိရသည်။ နဖူးတွင် အဝါရောင်အဝတ်စချည်နှောင်ထားသော ဟိန္ဒူဆူပူသူတို့က သံဒုတ်- သစ်သားချောင်း- ဘေ့စ်ဘောလက်ရိုက်တို့ဖြင့် တိုက်ခိုက်ကြကြောင်း၊ တနင်္ဂနွေနေ့ညပိုင်း မောဂျပူရ်ရပ်ကွက်နှင့်အနီးတစ်ဝှိုက်တွင် ဟိန္ဒူနှင့် မွတ်စလင်တို့ ပဋိပက္ခဖြစ်ပွားကြောင်း ရေးသားသည်။
ယနေ့မှ စတင်၍ အဓိကရုန်းများဖြစ်ပွားရာ မြို့နယ်ဧရိယာအတွင်း စာသင်ကျောင်းများ ပိတ်ထားလိုက်ပြီး စာမေးပွဲများ ရွှေ့ဆိုင်းကြောင်း အိန္ဒိယပညာရေးဘုတ်အဖွဲ့ CBSE က ကြေညာသည်။ ဆူပူသူများအား မျက်ရည်ယိုဗုံးများ ပစ်ပေါက်လူစုခွဲခဲ့သော နယူးဒေလီရဲတပ်ဖွဲ့မှာ ဆန့်ကျင်ဖက်အုပ်စု ၂-စုအကြား အကြမ်းဖက်မှုဖြစ်ပွားရာ၌ လျှင်မြန်ထိရောက်စွာ အရေးယူကိုင်တွယ်ခြင်းမရှိကြောင်း ပြင်းထန်စွာဝေဖန်ခြင်းခံရသည်။
ယမန်နေ့ ဆူပူမှုများဖြစ်ပွားရာတွင် ဘက်လိုက်ဖော်ပြသည်ဟု စွပ်စွဲခြင်းခံရသော NDTV မီဒီယာ၏ ဒေသန္တရ သတင်းချန်နယ်မှာ တိုက်ခိုက်ခြင်းခံရပြီး သတင်းထောက် ၂-ဦး ဝိုင်းဝန်းရိုက်နှက်ခြင်းခံရကြောင်း ဘင်္ဂလားအ ခြေစိုက် bdnews24 က ယနေ့ဖော်ပြသည်။
လွန်ခဲ့သည့် ဒီဇင်ဘာတွင် အိန္ဒိယပါလီမန်က နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက်ဥပဒေကြမ်း CAA ကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများ အား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင်စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်းမရှိချေ။
အိန္ဒိယ၌ ယမန်နှစ် သြဂုတ်လကတည်းကပင် နိုင်ငံအရှေ့ဖျား ဘင်္ဂလားဒက်ရှ်နှင့် ထိစပ်နေသော အာသံပြည်နယ်တွင် လူဦးရေစစ်ဆေးရာ မွတ်စလင်အများစုဖြစ်သော လူပေါင်း ၁.၉ သန်းမှာ နိုင်ငံသားအဖြစ် အတည်ပြု ရန် ခိုင်လုံခြင်းမရှိသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
CAA ကို ပါလီမန်က ပြဋ္ဌာန်းခြင်းကြောင့် အာသံပြည်နယ်မှ စတင်သည့် ဆန့်ကျင်ကန့်ကွက်ပွဲများသည် ရက်ပိုင်းအတွင်း အိန္ဒိယမြို့ကြီးများသို့ ပြန့်ှနှံ့သွားခဲ့ရာ အဓိကရုန်းများ ကြိုကြားဖြစ်ပွားသည်။ အချို့နေရာများတွင် CAA ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား အကြမ်းဖက်ကြောင်း အပြန်အလှန်စွပ်စွဲချက်ထွက်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၄-ရက်နေ့မှ တစ်လအတွင်း သေဆုံး ၂၇-ဦး၊ ဒါဏ်ရာရရှိ ၁၇၅-ဦးနှင့် ဖမ်းဆီးခံရသူ ၃,၀၀၀ ကျော်ရှိခဲ့သည်။
Source - Htay Oung

0 comments:

Post a Comment