Friday, February 28, 2020

ဧပြီလ ၇ ရက်မှစ၍ အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲတော့မည်

Image may contain: 2 people

အိန္ဒိယနိုင်ငံ အင်ဖာနှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှစ၍ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်၏ အိန္ဒိယချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြေညာချက်များအရ သိရသည်။

ဘက်စ်ကားလိုင်းပြေးဆွဲမှုအပေါ် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ ကြကြောင်း ကြေညာချက်ထဲထည့်သွင်းဖော်ပြထားသည်ကိုလည်းတွေ့ရသည်။မန္တလေး - အင်ဖာ (အိန္ဒိယ) ခရီးစဉ်ကို ရွှေမန္တလာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး နှင့် M/S Seven Sisters Co ltd ( Imphal, India ) တို့ ပူးပေါင်းကာ ဆောင်ရွက်မည်ဟု ရွှေမန္တလာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးဇင်လင်းထွန်းက ပြောသည်။
“အခုလိုမျိုး ပြေးဆွဲခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။နှစ်နိုင်ငံအကျိူးရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တာကြောင့် အကျိုးရလဒ်ကောင်းတွေ ဖြစ်ထွန်းပေါ်ပေါက်လာမှာပါ”ဟု ပြောသည်။ပြေးဆွဲမည့် လမ်းကြောင်းသည် မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး-တမူး-အင်ဖာဖြစ်ကာ ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀ လျာထားသတ်မှတ်ထားသည်ဟု သိရသည်။အချိန်အားဖြင့် ၁၇နာရီ ကြာမြင့်နိုင်မည်ဟုလည်းသိရသည်။
Image may contain: sky and outdoor
Ref-Myanmar Harp #Myanmar_Online_News
>>Zawgyi<<
ဧပြီလ ၇ ရက်မှစ၍ အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲတော့မည်
Friday , February 28 , 2020

အိန္ဒိယနိုင်ငံ အင်ဖာနှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှစ၍ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်၏ အိန္ဒိယချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြေညာချက်များအရ သိရသည်။
ဘက်စ်ကားလိုင်းပြေးဆွဲမှုအပေါ် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ ကြကြောင်း ကြေညာချက်ထဲထည့်သွင်းဖော်ပြထားသည်ကိုလည်းတွေ့ရသည်။မန္တလေး - အင်ဖာ (အိန္ဒိယ) ခရီးစဉ်ကို ရွှေမန္တလာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး နှင့် M/S Seven Sisters Co ltd ( Imphal, India ) တို့ ပူးပေါင်းကာ ဆောင်ရွက်မည်ဟု ရွှေမန္တလာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးဇင်လင်းထွန်းက ပြောသည်။
“အခုလိုမျိုး ပြေးဆွဲခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။နှစ်နိုင်ငံအကျိူးရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တာကြောင့် အကျိုးရလဒ်ကောင်းတွေ ဖြစ်ထွန်းပေါ်ပေါက်လာမှာပါ”ဟု ပြောသည်။ပြေးဆွဲမည့် လမ်းကြောင်းသည် မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး-တမူး-အင်ဖာဖြစ်ကာ ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀ လျာထားသတ်မှတ်ထားသည်ဟု သိရသည်။အချိန်အားဖြင့် ၁၇နာရီ ကြာမြင့်နိုင်မည်ဟုလည်းသိရသည်။
Ref-Myanmar Harp #Myanmar_Online_News

0 comments:

Post a Comment