Thursday, February 20, 2020

တရုတ်အစိုးရမှ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုထုတ်ပြန်များ မှန်ကန်မှုရှိ မရှိ ဝူဟန်မြို့မှဒေသခံများ စိုးရိမ်မကင်းဖြစ်နေ


Image may contain: outdoor
တရုတ် အစိုးရမှ ဝူဟန် မြို့တွင်းသို့ အမှိုက်မီးရှို့စက် အလုံး ၄၀ ခန့် တင်သွင်းလာခြင်းကြောင့် မြို့သူမြို့သားများ အဖို့ အစိုးရသည် သေဆုံးမှု နှုန်းအား အမှန်အတိုင်း ထုတ်ပြန်နေသည်မှာ ဟုတ်မှန်ခြင်းရှိ မရှိ ဟူသော စိုးရိမ်မကင်း စိတ်များ ဖြစ်ပေါ်လျက် ရှိနေသည်။
အဆိုပါ ပေ နှစ်ဆယ် အရှည်ရှိ ကွန်တိန်နာ အရွယ် အမှိုက်မီးရှို့စက်များသည် တနေ့လျှင် ငါးတန်ခန့်ရှိသော အမှိုက်များကို မီးရှို့နိုင်ပြီး နှစ်စက္ကန့်အတွင်း မှာပင် ပြောင်စင်အောင် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

တရုတ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ယခုအခါ ၇၅,၀၀၀ ကျော် ရောဂါ ကူးစက်ခံနေရပြီး လူ ၂၀၀၄ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

ဝူဟန် ဆေးရုံ အကြီးအကဲ လျူ ဇီမင်း လည်း ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားပြီ ဖြစ်ပြီး ဆရာဝန် စုစုပေါင်း ၁,၇၀၀ ခန့် ကူးစက်ခံနေရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။

ကွန်မြူနစ်ပါတီ အရာရှိများသည် ဝူဟန် မြို့အတွင်း တအိမ်တက် တအိမ်ဆင်း လိုက်လံပြီး ရောဂါ ကူးစက်ခံရမှု ရှိမရှိ စုံစမ်းလျက်ရှိသည်။ ယခု ဗုဒ္ဓဟူးနေ့နောက်ပိုင်း အသစ် ထပ်မံ ကူးစက်ခံရသူရှိပါက သက်ဆိုင်ရာ ခရိုင် ရပ်ကွက်ရှိ အရာရှိများ တာဝန်ခံရမည်ဟုလည်း သိရသည်။

မြို့တော် တွင်းရှိ မီးသင်္ဂြိုဟ် စက်များသည် ၂၄ နာရီ ပတ်လုံး မရပ်မနား အလုပ်လုပ်နေကြရပြီး ဇန်နဝါရီ ၂၈ နောက်ပိုင်းတွင် တနေ့လျှင် လူသေအလောင်း ၁၀၀ ခန့် မီးသင်္ဂြိုဟ် ပေးနေရသည်ဟု အလုပ်သမားများ က ဆိုသည်။

တရုတ် အာဏာပိုင်များက သေဆုံးသူများအတွက် ဈာပန အခမ်းအနား ပြုလုပ်ခွင့် မပေးပဲ ချက်ခြင်း မီးသင်္ဂြိုဟ် ပြစ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် မြို့ကြီး ၁၆ မြို့အား ပိတ်ဆို့ခံထားရပြီး လူပေါင်း ၅၅ သန်းခန့် သီးခြားနေထိုင် နေရသည်ဟု ဆိုသည်။

ယခုအခါတွင် ငွေစက္ကူ များ မှ ရောဂါ ကူးစက်နိုင်သည်ဟု သံသယ ရှိသဖြင့် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့်ကို မီးရှို့ဖျက်ဆီးပြစ်ခဲ့ကြသည်ဟု သိရသည်။ ဘဏ်များတွင် ကျန်ရှိနေသော ငွေစက္ကူများ အား ပိုးသတ်နိုင်ရန် ဗဟိုဘဏ်သို့ ပြန်လည် တင်ပို့ လျက် ရှိနေသည်။

ကမ္ဘာ ကျန်းမာရေး အဖွဲ့ချုပ် အကြီးအကဲ မှ ကော်ဗစ်-၁၉ ဗိုင်းရပ်စ်အား လူထု ရန်သူ နံပတ်တစ် အဖြစ် ကင်ပွန်းတပ်လိုက်ပြီး အကြမ်းဖက်ဝါဒ ထက်ပင် ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေပြီဟု ကြေငြာခဲ့သည်။

ရည်ညွှန်း။ ။ The Daily Star (UK)
Source-Hla Soewai #Myanmar_Online_News
>>Zawgyi<<
တရုတ်အစိုးရမှ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုထုတ်ပြန်များ မှန်ကန်မှုရှိ မရှိ ဝူဟန်မြို့မှဒေသခံများ စိုးရိမ်မကင်းဖြစ်နေ
Thursday , February 20 , 2020
တရုတ် အစိုးရမှ ဝူဟန် မြို့တွင်းသို့ အမှိုက် မီးရှို့စက် အလုံး ၄၀ ခန့် တင်သွင်းလာခြင်းကြောင့် မြို့သူမြို့သားများ အဖို့ အစိုးရသည် သေဆုံးမှု နှုန်းအား အမှန်အတိုင်း ထုတ်ပြန်နေသည်မှာ ဟုတ်မှန်ခြင်းရှိ မရှိ ဟူသော စိုးရိမ်မကင်း စိတ်များ ဖြစ်ပေါ်လျက် ရှိနေသည်။

အဆိုပါ ပေ နှစ်ဆယ် အရှည်ရှိ ကွန်တိန်နာ အရွယ် အမှိုက်မီးရှို့စက်များသည် တနေ့လျှင် ငါးတန်ခန့်ရှိသော အမှိုက်များကို မီးရှို့နိုင်ပြီး နှစ်စက္ကန့်အတွင်း မှာပင် ပြောင်စင်အောင် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

တရုတ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ယခုအခါ ၇၅,၀၀၀ ကျော် ရောဂါ ကူးစက်ခံနေရပြီး လူ ၂၀၀၄ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

ဝူဟန် ဆေးရုံ အကြီးအကဲ လျူ ဇီမင်း လည်း ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားပြီ ဖြစ်ပြီး ဆရာဝန် စုစုပေါင်း ၁,၇၀၀ ခန့် ကူးစက်ခံနေရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။

ကွန်မြူနစ်ပါတီ အရာရှိများသည် ဝူဟန် မြို့အတွင်း တအိမ်တက် တအိမ်ဆင်း လိုက်လံပြီး ရောဂါ ကူးစက်ခံရမှု ရှိမရှိ စုံစမ်းလျက်ရှိသည်။ ယခု ဗုဒ္ဓဟူးနေ့နောက်ပိုင်း အသစ် ထပ်မံ ကူးစက်ခံရသူရှိပါက သက်ဆိုင်ရာ ခရိုင် ရပ်ကွက်ရှိ အရာရှိများ တာဝန်ခံရမည်ဟုလည်း သိရသည်။

မြို့တော် တွင်းရှိ မီးသင်္ဂြိုဟ် စက်များသည် ၂၄ နာရီ ပတ်လုံး မရပ်မနား အလုပ်လုပ်နေကြရပြီး ဇန်နဝါရီ ၂၈ နောက်ပိုင်းတွင် တနေ့လျှင် လူသေအလောင်း ၁၀၀ ခန့် မီးသင်္ဂြိုဟ် ပေးနေရသည်ဟု အလုပ်သမားများ က ဆိုသည်။

တရုတ် အာဏာပိုင်များက သေဆုံးသူများအတွက် ဈာပန အခမ်းအနား ပြုလုပ်ခွင့် မပေးပဲ ချက်ခြင်း မီးသင်္ဂြိုဟ် ပြစ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် မြို့ကြီး ၁၆ မြို့အား ပိတ်ဆို့ခံထားရပြီး လူပေါင်း ၅၅ သန်းခန့် သီးခြားနေထိုင် နေရသည်ဟု ဆိုသည်။

ယခုအခါတွင် ငွေစက္ကူ များ မှ ရောဂါ ကူးစက်နိုင်သည်ဟု သံသယ ရှိသဖြင့် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့်ကို မီးရှို့ဖျက်ဆီးပြစ်ခဲ့ကြသည်ဟု သိရသည်။ ဘဏ်များတွင် ကျန်ရှိနေသော ငွေစက္ကူများ အား ပိုးသတ်နိုင်ရန် ဗဟိုဘဏ်သို့ ပြန်လည် တင်ပို့ လျက် ရှိနေသည်။

ကမ္ဘာ ကျန်းမာရေး အဖွဲ့ချုပ် အကြီးအကဲ မှ ကော်ဗစ်-၁၉ ဗိုင်းရပ်စ်အား လူထု ရန်သူ နံပတ်တစ် အဖြစ် ကင်ပွန်းတပ်လိုက်ပြီး အကြမ်းဖက်ဝါဒ ထက်ပင် ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေပြီဟု ကြေငြာခဲ့သည်။

ရည်ညွှန်း။ ။ The Daily Star (UK)
Source-Hla Soewai #Myanmar_Online_News

0 comments:

Post a Comment