Thursday, February 27, 2020

မြောက်ကိုရီးယားခေါင်းဆောင် အသစ်ထုတ်ပြန်လိုက်တဲ့အမိန့်အရ ကိုရိုနာဗိုင်းရပ် သံသယရှိသူ အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

Image may contain: 2 people, people standing and outdoor

တရုတ်နိုင်ငံက ပြန်လာတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သံသယရှိတာကြောင့် ပစ်သတ်ခံလိုက်ရတယ်လို့ New York Post သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံကို ပြန်ရောက်လာတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦးကို သီးသန့်ခွဲပြီး စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့်မှုအောက်မှာ ထားရှိနေစဉ် အဲ့ဒီအရာရှိဟာ အများသုံးသန့်စင်ခန်းကို သွားဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်တဲ့အတွက် စောင့်ကြည့်ရေးအရာရှိက သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သတင်းမှာဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊မရှိ စောင့်ကြည့်မှုအောက်မှာ နေရသူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ထွက်သွားမယ်ဆိုရင် နေရာမှာတင် ကွပ်မျက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုချိန်ထိတော့ မြောက်ကိုရီးယားနိုင်ငံမှာ တရားဝင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။
Image may contain: one or more people, people sitting and indoor
Image may contain: 2 people, outdoor
Source - New York Post
<zawgyi>
မြောက်ကိုရီးယားခေါင်းဆောင် အသစ်ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ကိုရိုနာဗိုင်းရပ် သံသယရှိသူ အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်
Friday , February 28 , 2020

တရုတ်နိုင်ငံက ပြန်လာတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ တယ်လို့ သံသယရှိတာကြောင့် ပစ်သတ်ခံလိုက်ရတယ်လို့ New York Post သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံကို ပြန်ရောက်လာတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦးကို သီးသန့်ခွဲပြီး စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့်မှုအောက်မှာ ထားရှိနေစဉ် အဲ့ဒီအရာရှိဟာ အများသုံးသန့်စင်ခန်းကို သွားဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်တဲ့အတွက် စောင့်ကြည့်ရေးအရာရှိက သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သတင်းမှာဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊မရှိ စောင့်ကြည့်မှုအောက်မှာ နေရသူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ထွက်သွားမယ်ဆိုရင် နေရာမှာတင် ကွပ်မျက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုချိန်ထိတော့ မြောက်ကိုရီးယားနိုင်ငံမှာ တရားဝင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။
Source - New York Post

0 comments:

Post a Comment