Thursday, February 27, 2020

ဝူဟန့်မြို့ရှိ တရုတ်တိုင်းရင်းဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသပေးလျက်ရှိ

Image may contain: one or more people
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဓိက ဖြစ်ပွားရာနေရာဖြစ်သည့် ဝူဟန့် မြို့တွင် တရုတ်တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေသည့် ယာယီဆေးရုံတစ်ခုသို့ တက်ရောက်ကုသမှုခံယူနေသော လူနာ ၂၃ ဦးသည် ပထမ အသုတ် အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က ဆေးရုံမှ ဆင်းသွားခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

ဝူဟန့်မြို့ ကျန်းရှ ခရိုင်ရှိ အဆိုပါ ယာယီဆေးရုံသည် အားကစားရုံတစ်ခုကို ယာယီဆေးရုံအဖြစ် အသွင်ပြောင်း အသုံးပြုထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ပြည်နယ် ၅ ခုရှိ တိုင်းရင်းဆေးရုံ ၂၀ မှ ဆေးဝန်ထမ်းများသည် ခရိုင်တိုင်းရင်းဆေးရုံမှ ပံ့ပိုးကူညီမှုနှင့်အတူ ရောဂါကူးစက်ခံထားရသော လူနာများအား ယာယီဆေးရုံတွင် ကုသမှု ပေးနေကြောင်း ၊ ဝူဟန့်မြို့၏ ပထမဆုံး ယာယီဆေးရုံသည် တရုတ်နိုင်ငံရှိ တရုတ်တိုင်းရင်းဆေးရုံများမှ ကုသမှု နှင့် စီမံခန့်ခွဲမှုပုံစံအတိုင်း လိုက်နာဆောင်ရွက် ကုသမှုပေးနေသော ဆေးရုံတစ်ခု ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people
Image may contain: one or more people
Image may contain: one or more people
Image may contain: one or more people
Image may contain: one or more people
Image may contain: one or more people
Image may contain: one or more people and people standing
No photo description available.
Image may contain: one or more people


Ref : Xinhua
>>Zawgyi<<
ဝူဟန့်မြို့ရှိ တရုတ်တိုင်းရင်းဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသပေးလျက်ရှိ
Thursday , February 27 , 2020

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဓိက ဖြစ်ပွားရာနေရာဖြစ်သည့် ဝူဟန့် မြို့တွင် တရုတ်တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေသည့် ယာယီဆေးရုံတစ်ခုသို့ တက်ရောက်ကုသမှုခံယူနေသော လူနာ ၂၃ ဦးသည် ပထမ အသုတ် အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က ဆေးရုံမှ ဆင်းသွားခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။
ဝူဟန့်မြို့ ကျန်းရှ ခရိုင်ရှိ အဆိုပါ ယာယီဆေးရုံသည် အားကစားရုံတစ်ခုကို ယာယီဆေးရုံအဖြစ် အသွင်ပြောင်း အသုံးပြုထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ပြည်နယ် ၅ ခုရှိ တိုင်းရင်းဆေးရုံ ၂၀ မှ ဆေးဝန်ထမ်းများသည် ခရိုင်တိုင်းရင်းဆေးရုံမှ ပံ့ပိုးကူညီမှုနှင့်အတူ ရောဂါကူးစက်ခံထားရသော လူနာများအား ယာယီဆေးရုံတွင် ကုသမှု ပေးနေကြောင်း ၊ ဝူဟန့်မြို့၏ ပထမဆုံး ယာယီဆေးရုံသည် တရုတ်နိုင်ငံရှိ တရုတ်တိုင်းရင်းဆေးရုံများမှ ကုသမှု နှင့် စီမံခန့်ခွဲမှုပုံစံအတိုင်း လိုက်နာဆောင်ရွက် ကုသမှုပေးနေသော ဆေးရုံတစ်ခု ဖြစ်ကြောင်း သိရသည်။

Ref : Xinhua

0 comments:

Post a Comment