Wednesday, February 19, 2020

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်မှ အောင်ဘာလေထီရောင်းချရာ၌ ဝန်ကြီးဌာန အနေဖြင့် စျေးသည်ကဲ့သို့ အမြတ်ကြီးစားခြင်းကို လျှော့ချသင့်ဟု ပြောကြား

Image may contain: one or more people and indoor
ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်း များ၏ ဒုတိယ ခြောက်လပတ် အခွန်ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀) တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အောင်ဘာလေထီ ရောင်းချရာတွင် ဝန်ကြီးဌာန အနေဖြင့် စျေးသည်ကဲ့သို့ အမြတ်ကြီးစားခြင်းကို လျှော့ချသင့်ဟု ကချင်ပြည် နယ် မိုးမောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောကြားသည်။
“အောင်ဘာလေထီဆိုတာ အစိုးရ အခွန်ရဖို့သက်သက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ ဝန်မပိတဲ့ ငွေကြေးနဲ့ ကံစမ်းနိုင်ဖို့ဆိုတာ ဝန်ကြီးဌာနက သိစေချင်ပါတယ်။ အစိုးရဆိုတာ စျေးသည်မဟုတ်သလို ပြည်သူကလည်း စျေးသည်မဟုတ်ပါဘူး။ ဝန်ကြီးဌာန အနေနဲ့ စျေးသည်ကြီးလို အမြတ်ကြီးစားတာကို လျှော့ချသင့်ပါပြီ။ မိသားစုသဖွယ်၊ အုပ်ထိန်းသူသဖွယ် အနေနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးကို ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းအောင်က ပြောကြားခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်၌ ထီဆုငွေများကို သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်း မရှိသည့် ဘဏ္ဍာသိမ်းငွေ ကျပ် ၁၀ ဒသမ ၆၆ ဘီလျံမှ ဆုငွေသို့ ပြန်ထည့်ငွေမှာ ကျပ်တစ်ဘီလျံသာ ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောကြားသည်။
“ထီကနေ အခွန်လျာထားချက် ပြုလုပ်ကတည်းက ထီဆုလာမထုတ်တဲ့ငွေကို လျာထားတယ် ဆိုကတည်းက အောင်ဘာ လေ သိန်းဆုဌာနကြီး အနေနဲ့ တရားသလားလို့ ပြန်လည်စဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆုငွေများ မထုတ်လေလေ အခွန်များများရလေလေဆိုပြီး ဆုတောင်းရမလို ဖြစ်နေပါတယ်။ ဒါကြောင့် တရားသလားလို့ ပြန်စဉ်းစားသင့်ပါတယ်” ဟု ဦးဝင်းအောင်က ပြောကြားသည်။
ကျပ်တစ်ထောင်တန်ထီ အက္ခရာလုံးရေ တိုးမြှင့်ရန် ရည်ရွယ်ထားသော်လည်း ထီဝယ်လိုအား ကျဆင်းလာသဖြင့် ရောင်းလိုအား ကျဆင်းလာပြီး အခွန်ဝင်ရရှိမှု နည်းပါးလာ၍ အဖြေရှာရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောကြားသည်။
“ကျွန်တော်တို့ ထီတစ်စောင်ကို ဆိုင်တွေက ယူရတာက ၁၀၀၀ နဲ့ ၁၀၀ နှုန်းယူရပါတယ်။ အဲဒါကြောင့် ဆိုင်တွေက ပြန်ရောင်းရတာ ၁၂၀၀၊ ၁၃၀၀ ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အစိုးရရဲ့ ထီစျေးထက်ကို ၂၀၀၊ ၃၀၀ ပိုပြီး ဝယ်ယူနေရခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ထီထိုးသူတွေ သိန်းတစ်သောင်းခွဲဆိုတဲ့ မက်လုံးတွေမှာ မျောပါပြီး ထီတစ်စောင်ကို ဆန်တစ်ပြည်စျေးနှုန်းနဲ့ ဝယ်ယူကံစမ်း နေရတာကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက သိစေချင်ပါတယ်။ ထီလက်မှတ်ကို ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်၊ ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် တန်ဖိုးတွေတက်တာကို လွှတ်တော်က မသိခဲ့ရပါဘူး။ ဒီလို ပြောင်းလဲခဲ့ပေမဲ့လည်း ဝန်ကြီးဌာန အနေနဲ့ ထီဆုရာခိုင်နှုန်းကို ပြောင်းလဲဖို့တော့ လုံးဝမစဉ်းစားခဲ့ပါဘူး” ဟု ဦးဝင်းအောင်က ပြောကြားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ၎င်းအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ထီဆုရာခိုင်နှုန်းတိုးရန် အဆိုတင်သွင်းထားပြီး မှတ်တမ်းတင်ထားသဖြင့် ဝန်ကြီးဌာနအနေဖြင့် ပြန်လည် စဉ်းစားနိုင်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ရဲရဲရင့်ရင့် ပြင်ဆင်မှသာ အခွန်ငွေ တိုးလာမည်ဖြစ်ကြောင်း၊ ထီဆုရာခိုင်နှုန်း တိုးပါက ထီပေါက်သူတိုးလာပြီး ပေါက်သူများလာလျှင် ထီရောင်းအား တိုးမည်ဖြစ်ကြောင်း၊ ထီရောင်းအား ထိုးလာပါက အခွန်ရာခိုင်နှုန်း တိုးလာမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောကြားသည်။
လက်ရှိ နေပြည်တော်မြို့မစျေးတွင် အခွန်ဦးစီးဌာနက ဖွင့်လှစ်ထားသည့် ထီတစ်စောင် တစ်ထောင်ကျပ်ဖြင့် ရောင်းသည့် ဆိုင်ကဲ့သို့ ထီဆိုင်များကို မြန်မာနိုင်ငံ၏ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ပေးနိုင်ပါက ပြည်သူလူထု အဆင်ပြေစေနိုင်ကြောင်းနှင့် အစိုးရထံမှ ထီဝယ်ယူသည့် ထီကုန်သည်များမှာ ထီလက်ကားဖြန့်ရာတွင် ထီတစ်စောင်လျှင် ကျပ် ၁၆၀၊ ၁ရဝခန့် အမြတ်ရနေသဖြင့် အဆိုပါ အမြတ်ငွေများကို ဝန်ကြီးဌာနက ဝင်ငွေခွန် ကောက်ခံပါသလားဟု ဦးဝင်းအောင် မေးမြန်းပြောကြားခဲ့သည်။
>>Zawgyi<<
ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် မှ အောင်ဘာလေထီ ရောင်းချရာ၌ ဝန်ကြီးဌာန အနေဖြင့် စျေးသည်ကဲ့သို့ အမြတ်ကြီးစားခြင်းကို လျှော့ချသင့်ဟု ပြောကြား
Thursday , February 20 , 2020

Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment