Thursday, February 27, 2020

အမှုကိုကျေအေးလိုခြင်းမရှိကြောင်း သရုပ်ဆောင် မေသန်းနု ထွက်ဆိုသောကြောင့် လာမည့် မတ်လ ၁၀ ရက်တွင် အမှုစတင်စစ်ဆေးမည်

Image may contain: 1 person, sitting and phone

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ တတိယအကြိမ် ရုံးချိန်းတွင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံရမှုအပေါ် ကျေအေးစေလိုခြင်း ဆန္ဒမရှိကြောင်း သရုပ်ဆောင် မေသန်းနုက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အမှုအပေါ် တရားလိုနှင့် စွပ်စွဲခံရသူတို့ဘက်မှ ကျေအေးစေလိုခြင်း ရှိ၊ မရှိ တရားသူကြီးက မေးမြန်းရာ စွပ်စွဲခံသူ မေသန်းနုက ကျေအေးစေလိုခြင်း မရှိဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကမူ နစ်နာထားသည့် ငွေကြေးများ ပြန်လည်ရရှိပါက ကျေအေးပေးမည်ဟု ထွက်ဆိုခဲ့သည်။
အဆိုပါအမှုကို လာမည့် မတ်လ ၁၀ ရက်တွင် ရုံးချိန်းပြန်လည်ချိန်းဆိုထားပြီး တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကို စတင်စစ်ဆေးမည်ဖြစ်သည်။
Image may contain: car and outdoor
သတင်း၊ ဓာတ်ပုံ- မင်းဟိန်း/ စံတော်ချိန်
>>Zawgyi<<
အမှုကိုကျေအေးလိုခြင်းမရှိကြောင်း သရုပ်ဆောင် မေသန်းနု ထွက်ဆိုသောကြောင့် လာမည့် မတ်လ ၁၀ ရက်တွင် အမှုစတင်စစ်ဆေးမည်
Thursday , February 27 , 2020

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ တတိယအကြိမ် ရုံးချိန်းတွင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံရမှုအပေါ် ကျေအေးစေလိုခြင်း ဆန္ဒမရှိကြောင်း သရုပ်ဆောင် မေသန်းနုက တရားခွင်တွင် ထွက်ဆိုခဲ့သည်။
အမှုအပေါ် တရားလိုနှင့် စွပ်စွဲခံရသူတို့ဘက်မှ ကျေအေးစေလိုခြင်း ရှိ၊ မရှိ တရားသူကြီးက မေးမြန်းရာ စွပ်စွဲခံသူ မေသန်းနုက ကျေအေးစေလိုခြင်း မရှိဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကမူ နစ်နာထားသည့် ငွေကြေးများ ပြန်လည်ရရှိပါက ကျေအေးပေးမည်ဟု ထွက်ဆိုခဲ့သည်။
အဆိုပါအမှုကို လာမည့် မတ်လ ၁၀ ရက်တွင် ရုံးချိန်းပြန်လည်ချိန်းဆိုထားပြီး တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကို စတင်စစ်ဆေးမည်ဖြစ်သည်။
သတင်း၊ ဓာတ်ပုံ- မင်းဟိန်း/ စံတော်ချိန်

0 comments:

Post a Comment