Wednesday, February 26, 2020

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်-၉ မှ ဦးစိုးသိန်းရဲ့ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းကနေ မပယ်ဖျက်ကြောင်း နာယကကြေညာ

Image may contain: 4 people, people sitting, child and indoor

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ကန့်ကွက်ခံခဲ့ရတဲ့ ပြည်ခိုင်ဖြိုးအမတ် ဦးစိုးသိန်းရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးချက်တွေဟာလွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ရလောက်တဲ့ စကားရပ်တွေမတွေ့ရှိရကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာလိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ကျင်းပတဲ့အစည်းအဝေး (၁၄) ရက်မြောက်နေ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ဆွေးနွေမှု မစတင်ခင် မနေ့က ကန့်ကွက်မှုရှိခဲ့တဲ့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ ဆွေးနွေးချက်တွေဟာ လွှတ်တော်မှတ်တမ်းကနေ နှုတ်ပယ်ရလောက်တဲ့ စကားရပ်တွေကို မတွေ့ရှိရပါလို့ ပြည်ထောင်စုလွှတ်တော် နာယကတီခွန်မြတ်က ယနေ့လွှတ်တော်မှာ ကြေညာလိုက်တာဖြစ်သည်။
ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်-၉မှ အမတ် ဦးစိုးသိန်းဟာ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ပြင်ဆင်တာလဲ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့မညီလို့ ဒါဆို ကျွန်တော်အပါအဝင် လွှတ်တော်က အမတ်မင်းတွေက Professional Qyalified Polictician တွေ ဖြစ်နေပြီလား၊ သို့မဟုတ် အာဆီယံနိုင်ငံတွေအားလုံးကရော ဒီမိုကရေစီ အပြည့်အဝ ရနေပြီလားဆိုတာ စိစစ်ဖို့ လိုပါတယ်၊ (၂) တိုင်းရင်းသားတွေဆန္ဒပြင်းပြတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက်လား ဒါတွေဆို ဘယ်ပုဒ်မတွေပါလဲ ဘယ်နှခုပါလဲဆိုတာ ဆန်းစစ်ဖို့လိုပါမယ်။"လို့မနေ့က ဆွေးနွေးခဲ့တာဖြစ်သည်။
အဆိုပါဆွေးနွေးချက်ကို NLD ပါတီက အမတ်တစ်ယောက်က ဦးစိုးသိန်းဆွေးနွေးသွားတဲ့ စကားတွေထဲမှာတော့ နည်းဥပဒေ ၁၉(ခ) မှာပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချင်းချင်းရိုင်းပင်း ကူညီရေးနဲ့ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်စေတဲ့အပြင် "ဘယ်မလဲ။ ဘာတွေလဲ၊ ကြည့်ရတာက ဖက်ဒရယ်ရော သွားနိုင်ပါ့မလား" ဆိုတဲ့ စကားရပ် တွေဟာ နည်းဥပဒေ(၁၃၈)မှာပါတဲ့အတိုင်း ဥပဒေကြမ်းမှာပါရှိတဲ့ ကိစ္စရပ်တွေမှအပ တခြားဘယ်ကိစ္စတွေကိုမှ ထည့်သွင်းမဆွေးနွေးရဆိုတဲ့ အချက်တွေနဲ့ငြိစွန်းနေတဲ့အတွက် နည်းဥပဒေ ၂၀(က)(ခ) အရ အရေးယူပေးဖို့ မနေ့က တောင်းဆိုခဲ့တာဖြစ်သည်။
အဆိုပါ တောင်းဆိုမှုတွေအပြီး နာယကနဲ့ ဦးစိုးသိန်းတို့ကြား အချေအတင်သဘောမျိုး ဖြစ်ခဲ့ပြီး နာယကက ဦးစိုးသိန်းကို သတိပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
Image may contain: 1 person, sitting and indoor
Ref : Pyidaungsu Hluttaw
>>Zawgyi<<
ကယားပြည်နယျ မဲဆန်ဒနယျ အမှတျ-၉ မှ ဦးစိုးသိနျးရဲ့ဆွေးနွေးချကျ လှှတျတ်မောှတ်တမျးကနေမပယ်ဖျကျကွောငျး နာယကကွေညာ
Thursday , February 27 , 2020

ယနေ့ ဖေဖောျဝါရီလ (၂၇) ရကျနေ့ ကျငျးပတဲ့အစညျးအဝေး (၁၄) ရကျမြောကျနေ့မှာ ဖွဲ့စညျးပုံပြင်ဆငျရေးနဲ့ ပတျသကျပွီး ကိုယ်စားလှယျတွရေဲ့ဆွေးနွမှေု မစတင်ခငျ မနေ့က ကန့်ကက်မွှုရှိခဲ့တဲ့ ကယားပြည်နယျ လှှတျတ်ကောိုယ်စားလှယျ ဦးစိုးသိနျးရဲ့ ဆွေးနွေးချကျတွဟော လှှတျတ်မောှတ်တမျးကနေ နှုတ်ပယျရလောက်တဲ့ စကားရပျတွကေို မတွေ့ရှိရပါလို့ ပြညျထောင်စုလှှတျတောျ နာယကတီခွနျမြတ်က ယနေ့လှှတျတ်မောှာ ကွညောလိုက်တာဖြစျသညျ။
ကယားပြည်နယျ မဲဆန်ဒနယျ အမှတျ-၉မှ အမတျ ဦးစိုးသိနျးဟာ "ဖွဲ့စညျးပုံအြခေခံဥပဒေပြင်ဆင်တာနဲ့ ပတျသကျပွီး ဘာကွောငျ့ပြင်ဆင်တာလဲ ဒီမိုကရေစီစံခိန်စံညှှနျးနဲ့မညီလို့ ဒါဆို ကွနြျတောျအပါအဝငျ လှှတျတ်ကော အမတ်မငျးတွကေ Professional Qyalified Polictician တွေ ဖြစျနပွေီလား၊ သို့မဟုတျ အာဆီယံနိုငျငံတွအေားလုံးကရော ဒီမိုကရေစီ အပြညျ့အဝ ရနေပွီလားဆိုတာ စိစစ်ဖို့ လိုပါတယျ၊ (၂) တိုငျးရငျးသားတွဆေန်ဒပြငျးပြတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက်လား ဒါတွဆေို ဘယ်ပုဒ်မတွေပါလဲ ဘယ်နှခုပါလဲဆိုတာ ဆနျးစစ်ဖို့လိုပါမယျ။"လို့မနေ့က ဆွေးနွေးခဲ့တာဖြစျသညျ။
အဆိုပါ တောင်းဆိုမှုတြေအပြီး နာယကနဲ့ ဦးစိုးသိန်းတို့ကြား အေခ်အတင်သေဘာမိုး ျဖစ္ခဲ့ပြီး နာယကက ဦးစိုးသိန်းကို သတိပေးခဲ့ကြောင်း တြေ့ရွိခဲ့ရသည်။
Ref : Pyidaungsu Hluttaw

0 comments:

Post a Comment