Friday, February 28, 2020

မန်ပန်ပြည်သူ့စစ်က တပ်စခန်းဆောက်လုပ်ရန် ကျေးရွာ ၈ ရွာက ဒေသခံတွေအား လိုအပ်သည့်ပစ္စည်းများပါယူလာရန် စာပို့ခေါ်

No photo description available.

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့စွဲနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ မန်ပန်ပြည်သူ့စစ်က ၎င်းတို့ရဲ့စခန်းကို ဆောက်လုပ်ပေးဖို့ စာပို့ခေါ်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းယော်တိုက်နယ်အတွင်း မိုက်တုံလေးနဲ့ နောင်ဝိုးရွာအကြားမှာရှိတဲ့ ၎င်းတို့ရဲ့စခန်းကို ဆောက်လုပ်ဖို့အတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ မန်တုံလေး၊ နောင်ဝိုး၊ နောင်ကျန့်၊ ပန်ဝိုး၊ လွယ်ကုန်း၊ ပန်ဆိုင်၊ နာကွမ်း၊ မိုးဟွယ်နဲ့ကျန်ခေါင်ရွာက ဒေသခံတွေကို ခေါ်ခဲ့တာဘဲ ဖြစ်ပါတယ်။
“စာထဲမှာ ဘယ်ရွာကဘယ်လောက် လာရမလဲဆိုတာ သူတို့ သတ်မှတ်ထားတယ်။ သူတို့ခိုင်းလို့ သွားမလုပ်ရင် ရွာသူကြီးတွေကို ဖမ်းလေ့ရှိတယ်။ ဘယ်သူမှ မသွားဘဲမနေရဲဘူး” လို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။
အဆိုပါ စခန်းကို ဆောက်လုပ်ဖို့အတွက် ရွာသားတွေက လိုအပ်တဲ့ ဝါး၊ သစ် စတဲ့ပစ္စည်းတွေကို ကိုယ်တိုင်ယူလာပြီး လာလုပ်ရတယ်လို့ ဆိုပါတယ်။
မန်ပန်ပြည်သူ့စစ်ဟာ ကျေးရွာတွေအတွက် လမ်း၊ စာသင်ကျောင်း ဆောက်လုပ်ပေးတာ မရှိဘဲ ၎င်းတို့အ တွက် တစ်စုံတစ်ရာ လုပ်ပေးဖို့ လိုအပ်လာရင် ခေါ်ခိုင်းလေ့ရှိတယ်လို့ ရွာသားတွေက ဆက်ပြောပါတယ်။
Souece - Shwe Phee Myay News Journal
<zawgyi>
မန်ပန်ပြည်သူ့စစ်က တပ်စခန်းဆောက်လုပ်ရန် ကျေးရွာ ၈ ရွာက ဒေသခံတွေအား လိုအပ်သည့်ပစ္စည်းများပါယူလာရန် စာပို့ခေါ်
Friday , February 28 , 2020

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့စွဲနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ မန်ပန်ပြည်သူ့စစ်က ၎င်းတို့ရဲ့စခန်းကို ဆောက်လုပ်ပေးဖို့ စာပို့ခေါ်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းယော်တိုက်နယ်အတွင်း မိုက်တုံလေးနဲ့ နောင်ဝိုးရွာအကြားမှာရှိတဲ့ ၎င်းတို့ရဲ့စခန်းကို ဆောက်လုပ်ဖို့အတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ မန်တုံလေး၊ နောင်ဝိုး၊ နောင်ကျန့်၊ ပန်ဝိုး၊ လွယ်ကုန်း၊ ပန်ဆိုင်၊ နာကွမ်း၊ မိုးဟွယ်နဲ့ကျန်ခေါင်ရွာက ဒေသခံတွေကို ခေါ်ခဲ့တာဘဲ ဖြစ်ပါတယ်။
“စာထဲမှာ ဘယ်ရွာကဘယ်လောက် လာရမလဲဆိုတာ သူတို့ သတ်မှတ်ထားတယ်။ သူတို့ခိုင်းလို့ သွားမလုပ်ရင် ရွာသူကြီးတွေကို ဖမ်းလေ့ရှိတယ်။ ဘယ်သူမှ မသွားဘဲမနေရဲဘူး” လို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။
အဆိုပါ စခန်းကို ဆောက်လုပ်ဖို့အတွက် ရွာသားတွေက လိုအပ်တဲ့ ဝါး၊ သစ် စတဲ့ပစ္စည်းတွေကို ကိုယ်တိုင်ယူလာပြီး လာလုပ်ရတယ်လို့ ဆိုပါတယ်။
မန်ပန်ပြည်သူ့စစ်ဟာ ကျေးရွာတွေအတွက် လမ်း၊ စာသင်ကျောင်း ဆောက်လုပ်ပေးတာ မရှိဘဲ ၎င်းတို့အ တွက် တစ်စုံတစ်ရာ လုပ်ပေးဖို့ လိုအပ်လာရင် ခေါ်ခိုင်းလေ့ရှိတယ်လို့ ရွာသားတွေက ဆက်ပြောပါတယ်။
Souece - Shwe Phee Myay News Journal

0 comments:

Post a Comment