Thursday, February 27, 2020

ဗစ်တိုးရီးယားအမှုကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းမှ စတင်တရားစွဲဆိုတော့မည်ဖြစ်ကြောင်း သိရ

Image may contain: 9 people, people sitting

ဗစ်တိုးရီးယားကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို စတင်တရားစွဲဆိုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

ဗစ်တိုးရီးယား၏ မိဘနှစ်ပါးနှင့် ၎င်းတို့၏ နေပြည်တော်စာချုပ်စာ တမ်းမှတ်ပုံတင်ဌာနမှူးရုံး အထွေထွေကိုယ်စားလှယ်လွှဲ ခံထားရသူ ဦးထင်လင်းဦး၏ လွှဲအပ်ညွှန်ကြား ချက်အရ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ- ၁၉၇ (၁)အရပြည်သူ့ဝန်ထမ်း ကိုရာဇဝတ်မှုစွဲဆိုရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း က နိုင်ငံတော်သမ္မတထံကြိုတင်ခွင့်ပြုမိန့်တောင်းခံ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သမ္မတက အရေးယူရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားသည့်အပေါ် အခြေခံ၍ စတင်တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဗစ်တိုးရီးယားအမှုကို အခုသမ္မတက တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့နော်။ သတင်းစာရှင်းလင်းပွဲမှာ ထုတ် ပြောသွားတော့ ကျွန်တော်တို့က ရှေ့လ မတ်လပိုင်းပထမလဆန်းပိုင်းလောက် မှာ အမှုဖွင့်တော့မယ်"ဟု ဦးသိန်းသန်းဦးက ပြောသည်။
ဗစ်တိုးရီးယားအမှုဖြစ်စဉ်သည် မိသားစုနှစ်စုပြဿနာမဟုတ်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို စိန်ခေါ်နေသည့် ဖြစ်စဉ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မဆုတ်မနစ် အမှန်တရားပေါ် ပေါက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ မဆောင် ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော ဥပဒေပြဋ္ဌာန်းမှုများ နှင့် ညီညွတ်မှုမရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့မှူးရဲချုပ်၊ မှုခင်းညွှန်ကြားရေးမှူးချုပ်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူးနှင့်ရဲဇာနည် (Page)တာဝန်ခံတို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်နေပြည်တော်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ ဗစ်တိုးရီးယားနှင့်ပတ်သက်သည့် ထုတ်ဖော် ပြောဆိုမှုများသည်တည်ဆဲဥပဒေများ နှင့် ငြိစွန်းနေသည်ဟု ယူဆသဖြင့် တရားစွဲစဉ် သမ္မတထံခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။
Ref : The Myanmar Times
>>Zawgyi<<
ဗစ်တိုးရီးယားအမှုကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းမှ စတင်တရားစွဲဆိုတော့မည်ဖြစ်ကြောင်း သိရ
Thursday , February 27 , 2020

0 comments:

Post a Comment