Wednesday, February 26, 2020

ICJတွင် ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး မြန်မာနိုင်ငံနှင့်တရားရင်ဆိုင်ရန် မော်လ်ဒိုက်နိုင်ငံက ရှေ့နေအေမယ်ကလူနီကို ငှားရမ်းထားဟုဆို

Image may contain: 2 people, suit
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေး နဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ တရားရင်ဆိုင်ဖို့ မော်လ်ဒိုက်နိုင်ငံက နာမည်ကြီး လူ့အခွင့်အရေး ရှေ့နေ အေမယ်ကလူနီကို ငှားရမ်းလိုက်ပြီဖြစ်ပါတယ်။

မော်လ်ဒိုက် အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုမှာ ဂမ်ဘီယာနိုင်ငံနဲ့ တရားဝင် လက်တွဲသွားမယ်လို့ အခုလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသားကြီး ဂျော့ကလူနီရဲ့ ဇနီးဖြစ်သူ အေမယ်ဟာ အိုင်စီဂျေမှာ မောလ်ဒိုက်ဘက်ကနေ ကိုယ် စားပြုပြီး မြန်မာနိုင်ငံကို တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
အေမယ်ကလူနီဟာ မော်လ်ဒိုက် သမ္မတဟောင်း မိုဟာမက်နာရှီးဒ်ရဲ့ ရှေ့နေလုပ်ခဲ့ဖူးပါတယ်။ ကုလက ၂၀၁၅ ခုနှစ်မှာ သူ့ကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားဟာ တရားမဝင်ဘူးဆိုပြီး ကယ်ထုတ်နိုင်ခဲ့သူဖြစ်ပါတယ်။ နာရှီးဒ်ဟာ ဘာအမှားမှ လုပ်မထားဘူးဆိုပြီးတော့လည်း သက်သေပြနိုင်ခဲ့ပါတယ်။
Source: AFP #Myanmar_Online_News
>>Zawgyi<<
ICJတွင် ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး မြန်မာနိုင်ငံနှင့်တရားရင်ဆိုင်ရန် မော်လ်ဒိုက်နိုင်ငံက ရှေ့နေအေမယ်ကလူနီကို ငှားရမ်းထားဟုဆို
Thursday , February 27 , 2020.
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေး နဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ တရားရင်ဆိုင်ဖို့ မော်လ်ဒိုက်နိုင်ငံက နာမည်ကြီး လူ့အခွင့်အရေး ရှေ့နေ အေမယ်ကလူနီကို ငှားရမ်းလိုက်ပြီဖြစ်ပါတယ်။

မော်လ်ဒိုက် အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုမှာ ဂမ်ဘီယာနိုင်ငံနဲ့ တရားဝင် လက်တွဲသွားမယ်လို့ အခုလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသားကြီး ဂျော့ကလူနီရဲ့ ဇနီးဖြစ်သူ အေမယ်ဟာ အိုင်စီဂျေမှာ မောလ်ဒိုက်ဘက်ကနေ ကိုယ် စားပြုပြီး မြန်မာနိုင်ငံကို တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
အေမယ်ကလူနီဟာ မော်လ်ဒိုက် သမ္မတဟောင်း မိုဟာမက်နာရှီးဒ်ရဲ့ ရှေ့နေလုပ်ခဲ့ဖူးပါတယ်။ ကုလက ၂၀၁၅ ခုနှစ်မှာ သူ့ကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားဟာ တရားမဝင်ဘူးဆိုပြီး ကယ်ထုတ်နိုင်ခဲ့သူဖြစ်ပါတယ်။ နာရှီးဒ်ဟာ ဘာအမှားမှ လုပ်မထားဘူးဆိုပြီးတော့လည်း သက်သေပြနိုင်ခဲ့ပါတယ်။
Source: AFP #Myanmar_Online_News

0 comments:

Post a Comment