Saturday, February 29, 2020

၂၀၂၀ ပြည့်နှစ် မတ်လ ၁ရက်နေ့ (တနင်္ဂနွေနေ့) နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာသတင်းများ စုစည်းမှု

Image may contain: 2 people

၁။ အမေရိကန် နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်း အပါအဝင် မဟာမိတ်နိုင်ငံများအတွက် Javelin anti-tank missile systems ထုတ်လုပ်ခြင်းအတွက် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်း။ စာချုပ်အမှတ် W31P4Q-19-C-0059၊ စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းရှိပြီး "Raytheon/Lockheed Martin Javelin JV, Tucson, Arizona ကုမ္ပဏီ များရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် လုပ်ငန်း များအပြီးသတ်ဆောင်ရွက်ရမည့်ရက်စွဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂။ အအေးပိုင်းဒေသအာတိတ်တွင် အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ် များ မောင်းနှင်ပျံသန်းလေ့ကျင့်ခြင်းများနှင့်အတူ Hellfire ဒုံးကျည်များ ကိုပါ ပစ်ခတ်လေ့ကျင့်ခဲ့သည့် ဗြိတိန်လေတပ်။
အပူချိန် -၃၀ ဒီဂရီစင်တီဂရိတ်အထိကျဆင်းနေသည့် ပါတ်ဝန်းကျင် အခြေအနေမျိုးတွင် နော်ဝေနိုင်ငံမြောက်ပိုင်းစွန်း၌ လေ့ကျင့်ပျံသန်းခဲ့ခြင်း ဖြစ်ပြီး အမှတ် ၆၅၆ အုပ်မှ ကြည်းတပ်လေကြောင်းတပ်ရင်းကြီး ၄ ခုပြု လုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လာမည့်မတ်လအတွင်း အာတိတ်ဒေသ တွင် ပြုလုပ်သွားမည့် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၁၄၀၀၀ ကျော်ပါဝင်သော Exercise Cold Response လေ့ကျင့်ခန်းကြီးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုတင်လေ့ကျင့်နေခြင်းလည်းဖြစ်။
၃။ တူရကီတို့ ရုရှားပန်ဆာအား ဒရု်နးဖြင့်တိုက်ခိုက်ဖျက်ဆီးခဲ့မှု VIEDO အားထုတ်လွှင့်ပြသခဲ့ခြင်း။
၄။ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ရုရှားနဲ့ဆီးရီးယားတပ်ဖွဲ့များ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများကြောင့် တူရကီတပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံးခဲ့ရာ ရေဒါများတွင်ဖော်ပြထားသော မှတ်တမ်းများအရ တူရကီ တပ်ဖွဲ့များအား ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တူရကီနိုင်ငံဆိုင်ရာ ကုလသမ္မဂ အမြဲတမ်းသံအမတ်ကြီး Feridun Sinirlioğlu က သောကြာနေ့တွင်ပြုလု်ပခဲ့သည့် ကုလသမ္မဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင်ပြောကြားခဲ့ခြင်း။
၅။ တူရကီကာဝန်ထံ တူရကီတပ်ဖွဲ့ဝင်များသေဆုံးခဲ့မှုအပေါ် ဝမ်းနည်း ကြောင်း ဖုန်းဖြင့်အားပေးပြောကြားခဲ့သော ယူကရိန်းကာဝန်က ရုရှားနိုင်ငံ သည် တစ်ကမ္ဘာလုံးအတွက် ကြောက်စရာနိုင်ငံတစ်ခုဖြစ်လာနေကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်း။
၆။ တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံထံ FD-2000 လေကြောင်းရန်ကာ ကွယ်ရေးလက်နက်စနစ်များ တင်ပို့ရောင်းချပေးသွားနိုင်ကြောင်း တရုတ် နိုင်ငံသတင်းကွန်ယက်တစ်ခုဖြစ်သော sina.com တွင်ရေးသားထားခြင်း။
၇။ COVID-19 ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအားတိုက်ခိုက်ခဲ့သည့် ဇီဝစစ် ဆင်ရေးလက်နက်တစ်ခုဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ Maduro ၏ နိုင်ငံသို့ပြောဆိုခဲ့သော သမ္မတအခြေပြမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်း။
၈။ စနေနေ့က တူရကီတပ်ဖွဲ့များ၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် စစ်ပွဲ စောင့်ကြည့် လေ့လာ ရေးသတင်းရင်းမြစ်များက သတင်းထုတ်ပြန်ထားခြင်း။
Image may contain: 1 person, suit
Image may contain: 1 person
Image may contain: 1 person

မင်းမျိုး( ရေနံချောင်း )
Thayninga Institute for Strategic Studies #Myanmar_Online_News

>>Zawgyi<<
၂၀၂၀ ပြည့်နှစ် မတ်လ ၁ရက်နေ့ (တနင်္ဂနွေနေ့) နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာသတင်းများ စုစည်းမှု
Sunday , March 1 , 2020

0 comments:

Post a Comment