Sunday, February 23, 2020

သာသနာယာဉ်နှင့် လူနာတင်ယာဉ်အသုံးပြုပြီး မှောင်ခိုသယ်ဆောင်မှုများရှိနေ၍ အမြန်လမ်းအသုံးပြုခ ပြန်လည်ကောက်ခံနေရသည်ဟုဆို

Image may contain: sky and outdoor
ရန်ကုန် - မန္တလေးအ မြန်လမ်းတွင် သာသနာယာဉ် (RLG) နှင့် လူနာတင်ယာဉ်(HSE)လိုင်စင်နံပါတ်ပါ ယာဉ်များထံမှ လမ်းအသုံးပြုခ ပြန်လည်ကောက်ခံနေကြောင်း အမြန်လမ်းမကြီးလမ်း ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မိုးဦးကပြောသည်။

သာသနာယာဉ်နှင့် လူနာ တင်ယာဉ်လိုင်စင်နံပါတ်ပြားများ ဖြင့် အမည်ခံကာသစ်မှောင်ခိုနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် အခြေအနေများရှိခြင်းကြောင့်စစ် ဆေးရန် ငွေကြေးကောက်ခံမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။
‘‘လမ်းအသုံးပြုခမပေးရဘူး ဆိုတော့ Open ပဲ။ အဝင်၊ အ ထွက် ဖြစ်လာတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်က ၁၁၅ မိုင်နား မှာ အဲဒီလိုဖြစ်စဉ်ရှိလို့ နောက် ပိုင်းဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်က တာဝန်ရှိသူတွေနဲ့ဆွေး နွေးပြီးတဲ့နောက် လမ်းအသုံးပြု ခ ပြန်ကောက်ဖို့ဖြစ်လာတာ’’ ဟု ဦး ကျော်မိုးဦးကပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်ကစ၍ ရန်ကုန် - မန္တလေးအမြန်လမ်းတွင် သာသနာယာဉ်နှင့် လူနာတင်ယာဉ်အသုံးပြုခကို သတ်မှတ်မိုင်နှုန်းနှင့် ယာဉ်အမျိုးအစား အလိုက် ကျပ် ၂,၅၀၀ မှ ၇,၅၀၀ ကြား ပေးဆောင်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
အမြန်လမ်းမကြီး ဥပဒေ သတ်မှတ်ချက်အရ အမြန်လမ်း မကြီးအသုံးပြုသည့် ယာဉ်တိုင်း အသုံးပြုခကောက်ခံရမည်ဖြစ် သော်လည်း ၂၀၁၀ နောက်ပိုင်း တွင် ဘာသာရေးအသိအမြင်အရ သာသနာယာဉ်နှင့် လူနာတင် ယာဉ်များကို လမ်းအသုံးပြုခကင်း လွတ်ခွင့်ပေးခဲ့ကြောင်း ဦးကျော် မိုးဦးက ပြောသည်။
‘‘မှောင်ခိုအသုံးပြုနေတာ တွေရှိတယ်။ ကိုယ်မဟုတ်ဘူးဆို ရင်တော့ ဒါမျိုးကထောက်ခံသင့် တယ်။ ဒါပေမဲ့ အမှန်တကယ်စစ် ဆေးပြီး မှန်တယ်ဆိုရင်တော့ ဘယ်လိုပုံစံမျိုးကောက်ခံဖို့လုပ်မ လဲဆိုတာစဉ်းစားဖို့လိုမယ်’’ ဟု ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘုရားကြီး လူငယ်လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌကိုအောင်က ပြောသည်။
No photo description available.
No photo description available.
Photo-ကရု ဏာရှင်'Fb
>>Zawgyi<<
သာသနာယာဉ်နှင့် လူနာတင်ယာဉ်အသုံးပြုပြီး မှောင်ခိုသယ်ဆောင်မှုများရှိနေ၍ အမြန်လမ်းအသုံးပြုခ ပြန်လည်ကောက်ခံနေရသည်ဟုဆို
Monday , February 24 , 2020
ရန်ကုန် - မန္တလေးအ မြန်လမ်းတွင် သာသနာယာဉ် (RLG) နှင့် လူနာတင်ယာဉ်(HSE)လိုင်စင်နံပါတ်ပါ ယာဉ်များထံမှ လမ်းအသုံးပြုခ ပြန်လည်ကောက်ခံနေကြောင်း အမြန်လမ်းမကြီးလမ်း ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မိုးဦးကပြော သည်။

သာသနာယာဉ်နှင့် လူနာ တင်ယာဉ်လိုင်စင်နံပါတ်ပြားများ ဖြင့် အမည်ခံကာသစ်မှောင်ခိုနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် အခြေအနေများရှိခြင်းကြောင့်စစ် ဆေးရန် ငွေကြေးကောက်ခံမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။
‘‘လမ်းအသုံးပြုခမပေးရဘူး ဆိုတော့ Open ပဲ။ အဝင်၊ အ ထွက် ဖြစ်လာတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်က ၁၁၅ မိုင်နား မှာ အဲဒီလိုဖြစ်စဉ်ရှိလို့ နောက် ပိုင်းဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်က တာဝန်ရှိသူတွေနဲ့ဆွေး နွေးပြီးတဲ့နောက် လမ်းအသုံးပြု ခ ပြန်ကောက်ဖို့ဖြစ်လာတာ’’ ဟု ဦး ကျော်မိုးဦးကပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်ကစ၍ ရန်ကုန် - မန္တလေးအမြန်လမ်းတွင် သာသနာယာဉ်နှင့် လူနာတင်ယာဉ်အသုံးပြုခကို သတ်မှတ်မိုင်နှုန်းနှင့် ယာဉ်အမျိုးအစား အလိုက် ကျပ် ၂,၅၀၀ မှ ၇,၅၀၀ ကြား ပေးဆောင်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
အမြန်လမ်းမကြီး ဥပဒေ သတ်မှတ်ချက်အရ အမြန်လမ်း မကြီးအသုံးပြုသည့် ယာဉ်တိုင်း အသုံးပြုခကောက်ခံရမည်ဖြစ် သော်လည်း ၂၀၁၀ နောက်ပိုင်း တွင် ဘာသာရေးအသိအမြင်အရ သာသနာယာဉ်နှင့် လူနာတင် ယာဉ်များကို လမ်းအသုံးပြုခကင်း လွတ်ခွင့်ပေးခဲ့ကြောင်း ဦးကျော် မိုးဦးက ပြောသည်။
‘‘မှောင်ခိုအသုံးပြုနေတာ တွေရှိတယ်။ ကိုယ်မဟုတ်ဘူးဆို ရင်တော့ ဒါမျိုးကထောက်ခံသင့် တယ်။ ဒါပေမဲ့ အမှန်တကယ်စစ် ဆေးပြီး မှန်တယ်ဆိုရင်တော့ ဘယ်လိုပုံစံမျိုးကောက်ခံဖို့လုပ်မ လဲဆိုတာစဉ်းစားဖို့လိုမယ်’’ ဟု ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘုရားကြီး လူငယ်လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌကိုအောင်က ပြောသည်။
Ref- 7 day #Myanmar_Online_News
Photo-ကရု ဏာရှင်'Fb

0 comments:

Post a Comment