Thursday, February 27, 2020

မြန်မာ့ပဲများ တိုးမြှင့်ဝယ်ယူပေးရေးအပါအဝင် မြန်မာလူငယ်များကို အင်္ဂလိပ်စာဖွံ့ဖြိုးရေး သင်တန်းများကူညီရေးမြန်မာ-အိန္ဒိယဆွေးနွေး

Image may contain: 4 people, people standing and outdoor

အိန္ဒိယသမ္မတနိုင်ငံကိုချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီတို့ဟာ ဖေဖော်ဝါရီ (၂၇)ရက်က Hyderabad House ရှိ Nilgiri Room မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက ပဲစဉ်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယနိုင်ငံက မက်ထရစ် တန်ချိန် (၄) သိန်းအထိ တိုးမြှင့်ဝယ်ယူသွားဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အိန္ဒိယ ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံဆွေးနွေးခဲ့ရာအိန္ဒိယနိုင်ငံဖက်က အလေးအနက်ထား စဉ်စား ပေးမယ်လို့ ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာလူငယ်တွေရဲ့ အင်္ဂလိပ်စာအရည်အချင်း တိုးတက်စေရေးတွက် အိန္ဒိယ နိုင်ငံက သင်တန်းတွေ ထောက်ပံ့ပေးရေးအပါအဝင် ရခိုင်ပြည်နယ် တလူမှု-စီပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယနိုင်ငံမှ ဆက်လက်ကူညီပံ့ပိုးသွားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှဲ့ ရခိုင်ကိစ္စဖြေရှင်းရေးတို့အတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်နေမှုများကို အိန္ဒိယနိုင်ငံက ဆက်လက်ထောက်ခံကူညီ သွားရေး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယသမ္မ တနိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော် Rashtrapati Bhawan မှာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ဂုဏ်ပြုခံတပ်ဖွဲ့နဲ့ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
Image may contain: 4 people, people standing and outdoor
Image may contain: 1 person, standing, flower, plant and outdoor
Image may contain: 2 people, people standing and outdoor
Source - MPO
<zawgyi>
မြန်မာ့ပဲများ တိုးမြှင့်ဝယ်ယူပေးရေးအပါအဝင် မြန်မာလူငယ်များကို အင်္ဂလိပ်စာဖွံ့ဖြိုးရေး သင်တန်းများကူညီရေးမြန်မာ-အိန္ဒိယဆွေးနွေး
Friday , February 28 , 2020

အိန္ဒိယသမ္မတနိုင်ငံကိုချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့ဟာ ဖေဖော်ဝါရီ (၂၇)ရက်က Hyderabad House ရှိ Nilgiri Room မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက ပဲစဉ်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယနိုင်ငံက မက်ထရစ် တန်ချိန် (၄) သိန်းအထိ တိုးမြှင့်ဝယ်ယူသွားဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အိန္ဒိယ ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံဆွေးနွေးခဲ့ရာအိန္ဒိယနိုင်ငံဖက်က အလေးအနက်ထား စဉ်စား ပေးမယ်လို့ ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာလူငယ်တွေရဲ့ အင်္ဂလိပ်စာအရည်အချင်း တိုးတက်စေရေးတွက် အိန္ဒိယ နိုင်ငံက သင်တန်းတွေ ထောက်ပံ့ပေးရေးအပါအဝင် ရခိုင်ပြည်နယ် တလူမှု-စီပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယနိုင်ငံမှ ဆက်လက်ကူညီပံ့ပိုးသွားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှဲ့ ရခိုင်ကိစ္စဖြေရှင်းရေးတို့အတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်နေမှုများကို အိန္ဒိယနိုင်ငံက ဆက်လက်ထောက်ခံကူညီ သွားရေး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယသမ္မ တနိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော် Rashtrapati Bhawan မှာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ဂုဏ်ပြုခံတပ်ဖွဲ့နဲ့ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
Source - MPO

0 comments:

Post a Comment