Friday, February 28, 2020

စစ်တွေမြို့ သိန်းရွှေဝင်း ဆန်ပွဲရုံပိုင်ရှင်၏ ဇနီး ယနေ့နနံက်ပိုင်းတွင် လုယက်သတ်ဖြတ်ခံရ

Image may contain: one or more people

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ဆန်ပွဲရုံတန်းတွင် ယနေ့ နံနက်က အမျိုးသမီး တစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် အသတ်ခံရသူ အမျိုးသမီး ဒေါ်သိပ္ပံစိုး(ခေါ်)မေကျော့(၅၂)နှစ် ဖြစ်ပြီး သိန်းရွှေဝင်းဆန်ပွဲရုံပိုင်ရှင်၏ ဇနီးဖြစ်သည်။
“ မိန်းမက ဆိုင်ကနေ အိမ်ကိုပြန်လာတဲ့ အတွက် ကျွန်တော်တစ်လှည့် ဆိုင်ကို သွားထိုင်တယ်။ ထမင်းစားဖို့ လူ ချိန်းတယ်ပေါ့နော်။ အဲဒီ ဆိုင်မှာ ၅ မိနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ အများကြီးမကြာပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့် အစ်မက လာပြီး မင်းဇနီးကို ဓါးနဲ့ လည်လှီး ထားတယ်ပြောလို့။ ကျွန်တော်ကလည်း အဲလောက်ထိ ဖြစ်မယ်မထင်ပါဘူး။ ရန်ဖြစ်ကြရင် ဓါးထိသွားတယ် ထင်တာပါ။ ရောက်လာတော့ ဒီလို တွေ့ရတော့တာပါပဲ။ ရွှေလက်ကောက်တွေ၊ ဆွဲကြိုးတွေ အကုန်ပါသွားပါတယ်။ ၅ မိနစ် အတွင်းမှာ အခုလို လုပ်သွားတာပါ။ သမီးလေးက ဘေးမှာ ထိုင်လို့ ရှိပါတယ်။ ကလေးက ၁၅ နှစ်ပါ။ ဒါပေမယ့် သူက မသန်စွမ်းဘူး။ အဲဒါကြောင့် ဖြစ်စဉ်ကို မပြောပြတတ်ပါဘူး” ဟု အသတ်ခံရသူ၏ ခင်ပွန်းဖြစ်သူက ပြောကြားသည်။
စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးအောင်နိုင်ဝင်းက ပြစ်မှုကျူးလွန်သူအား စုံစမ်းနေကြောင်း ပြောသည်။

အဆိုပါ သေဆုံးသူအမျိုးသမီး အနီးရှိ ထမင်းစားပွဲတွင် စားလက်စ ထမင်းဝိုင်း တစ်ခုရှိပြီး သူမ၏ အနားတွင် ပုဆိန်တစ်လက်နှင့် ဟင်းလှီးဓားတွင် သွေးများပေကျံနေသည်ကို တွေ့ရှိရကြောင်း၊ မသန်စွမ်းသူ (၁၅) နှစ် အရွယ်သမီးငယ်မှာလည်း အခင်းဖြစ်ရာနေရာတွင် ရှိနေကြောင်၊ ၄င်းသမီးငယ်၏ အော်သံကြား၍ အိမ် နီးနားချင်းများဝင်ကြည့်ရာမှ အလောင်းအား တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။
Image may contain: one or more people and people sitting

Image may contain: 1 person, standing, walking, sky, crowd and outdoor
Source - Narinjara
<zawgyi>
စစ်တွေမြို့ သိန်းရွှေဝင်း ဆန်ပွဲရုံပိုင်ရှင်၏ ဇနီး ယနေ့နနံက်ပိုင်းတွင် လုယက်သတ်ဖြတ်ခံရ
Friday , February 28 , 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ဆန်ပွဲရုံတန်းတွင် ယနေ့ နံနက်က အမျိုးသမီး တစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် အသတ်ခံရသူ အမျိုးသမီး ဒေါ်သိပ္ပံစိုး(ခေါ်)မေကျော့(၅၂)နှစ် ဖြစ်ပြီး သိန်းရွှေဝင်းဆန်ပွဲရုံပိုင်ရှင်၏ ဇနီးဖြစ်သည်။
“ မိန်းမက ဆိုင်ကနေ အိမ်ကိုပြန်လာတဲ့ အတွက် ကျွန်တော်တစ်လှည့် ဆိုင်ကို သွားထိုင်တယ်။ ထမင်းစားဖို့ လူ ချိန်းတယ်ပေါ့နော်။ အဲဒီ ဆိုင်မှာ ၅ မိနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ အများကြီးမကြာပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့် အစ်မက လာပြီး မင်းဇနီးကို ဓါးနဲ့ လည်လှီး ထားတယ်ပြောလို့။ ကျွန်တော်ကလည်း အဲလောက်ထိ ဖြစ်မယ်မထင်ပါဘူး။ ရန်ဖြစ်ကြရင် ဓါးထိသွားတယ် ထင်တာပါ။ ရောက်လာတော့ ဒီလို တွေ့ရတော့တာပါပဲ။ ရွှေလက်ကောက်တွေ၊ ဆွဲကြိုးတွေ အကုန်ပါသွားပါတယ်။ ၅ မိနစ် အတွင်းမှာ အခုလို လုပ်သွားတာပါ။ သမီးလေးက ဘေးမှာ ထိုင်လို့ ရှိပါတယ်။ ကလေးက ၁၅ နှစ်ပါ။ ဒါပေမယ့် သူက မသန်စွမ်းဘူး။ အဲဒါကြောင့် ဖြစ်စဉ်ကို မပြောပြတတ်ပါဘူး” ဟု အသတ်ခံရသူ၏ ခင်ပွန်းဖြစ်သူက ပြောကြားသည်။
စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးအောင်နိုင်ဝင်းက ပြစ်မှုကျူးလွန်သူအား စုံစမ်းနေကြောင်း ပြောသည်။

အဆိုပါ သေဆုံးသူအမျိုးသမီး အနီးရှိ ထမင်းစားပွဲတွင် စားလက်စ ထမင်းဝိုင်း တစ်ခုရှိပြီး သူမ၏ အနားတွင် ပုဆိန်တစ်လက်နှင့် ဟင်းလှီးဓားတွင် သွေးများပေကျံနေသည်ကို တွေ့ရှိရကြောင်း၊ မသန်စွမ်းသူ (၁၅) နှစ် အရွယ်သမီးငယ်မှာလည်း အခင်းဖြစ်ရာနေရာတွင် ရှိနေကြောင်၊ ၎င်းသမီးငယ်၏ အော်သံကြား၍ အိမ် နီးနားချင်းများဝင်ကြည့်ရာမှ အလောင်းအား တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။
Source - Narinjara

0 comments:

Post a Comment