Wednesday, February 19, 2020

AAလက်နက်ကိုင်အဖွဲ့ မှ ကုလားတန်မြစ်အတွင်း စက်လှေများအား တားဆီးမှုများပြုလုပ်နေကြောင်း ချင်းပြည်နယ်ဝန်ကြီးဦးစိုးထက်မှပြောကြား

Image may contain: ocean, sky, outdoor and water

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး AA မှကုလားတန်မြစ်အတွင်း စက်လှေများအား တားဆီးမှုများပြုလုပ်နေသောကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ် တောက်ကာ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့ နေရသည့် အခြေအနေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့အား တင်ပြထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှု လက်မှု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဦးစိုးထက် က “နိုင်ငံတော် အကြီးအကဲတွေလည်း ဒီကိစ္စကို အကုန်သိပါတယ်။ ကျနော်တို့လည်း ဖြစ်နိုင်ခြေ အကုန်လုံးကို တင်ပြထားတယ်။ အောက်ခြေက တင်ပြလာတဲ့ အခက်အခဲတွေ အားလုံးကို လုပ်နိုင်ဖို့ ပြည်ထောင်စုကို တင်ပြထားတယ်။ လုပ်မယ့် အစီအမံတွေလည်း လူကြီးတွေ စဉ်းစားပြီး လုပ်တော့ လုပ်မှာပါ ခင်ဗျ” ဟု ပြောသည်။
“ကုလားတန် မြစ်ကြီးက အကျယ်ကြီးပဲ အဲဒါကို ဘယ် သူမှ မတားဆီးဘဲနဲ့ သွားခွင့်ပေးလိုက်ရင် ပြီးနေတာပဲ။ အခု AA က စက်လှေတွေကို တားဆီးမှုတွေ လုပ်နေတာက တော် တော်ကို ဆိုးပါတယ်။ အဲဒါကြောင့် ပိတ်ဆို့ပြီး ဒီလို ဖြစ်နေတာ” ဟု ၎င်းမှဆက်ပြောသည်။
"AAခေါင်းဆောင်တွေ သူတိုဟာသူတို့ဘယ်လိုပြောနေပါစေမြေပြင်မှာတော့သေနတ်ဖောက်ပြီးကမ်းကို ကပ်ခိုင်းရင်ကျနော်တို့ကကြောက်တော့ကပ်ပေးရတာပဲ သူတို့ကလှေပေါ်တက်ပြီး ဆန်ဆီစားငရုပ်ကြက်သွန်ကအစစာနပ်ရိက္ခာတွေကို ယူသွားတယ် ကျနော်တို့လဲမပြောရဲဖူး AAခေါင်းဆောင်ခိုင်သုခတို့က သူတို့အောက်ခြေတပ်ဖွဲ့တွေကို ဘယ်လိုပြောထားလဲတော့မသိဖူး သူတို့တပ်ဖွဲ့တွေမြေပြင်မှာ ဒီလိုလုပ်နေတာတွေကို မသိတာလား မသိချင်ယောင်ဆောင်နေတာလားတော့မပြောတတ်ဖူး မြေပြင်မှာတော့ အခန့်မသင့်ရင်သူတို့စခန်းရှိတဲ့တောင်ပေါ်အထိ ကျနော်တို့က ဆန်အိတ်တွေ စားနပ်ရိက္ခာတွေ ထမ်းတင်ပေးနေရတယ် "ဟု ပလက်ဝမြို့မစျေးကြီးအနီး ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးဟွေယိင်းမှဆိုသည်။
AAပြန်ကြားရေးမှ ခရီသွားပြည်သူများ အနေဖြင့် ကျောက်တော်–ပလက်ဝမြို့နယ်သို့ ဆန်အပါအဝင် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်မည် ဆိုပါက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အားမခံချက်များနှင့် ထောက်ခံချက်များကို တပါတည်း ယူဆောင် လာရမည် ဖြစ်ကာ ထိုသို့သော ထောက်ခံချက်များ ပါရှိပါ တစုံတရာ အနှောင့်အယှက် ပေးမည် မဟုတ်ဘဲ လိုအပ်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ ဒေသခံများထံမှ ဆန်နှင့်စားနပ်ရိက္ခာပစ္စည်းများအား AAလက်နက်ကိုင်များမှ လုယက်ယူဆောင်ထားကြောင်းသိရသည်။
ပလက်ဝ မြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် ကုလားတန် မြစ်ကြောင်းအနီး ဝန်းကျင်နေရာများတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖေဖော်ဝါရီလ ၆ ရက်မှ စပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိ ဖြစ်ကြောင်း အစိုးရ အာဏာပိုင်များနှင့် ဒေသခံများက ပြောသည်။
ထိုအခြေအနေများကြောင့် ပလက်ဝ ဒေသ ဆန်နှင့် ရိက္ခာများ ပြတ်တောက်လုလု အခြေအနေနှင့် ကြုံတွေ့နေရသည့် အတွက် သဘာဝဘေးနှင့် စစ်ဘေးရှောင် များအတွက် ရည်ရွယ်ပြီး စုဆောင်းထားသည့် ဆန်အိတ် ၁၀၀၀ နီးပါးကို ယမန်နေ့က ကျေးရွာအုပ်စု အလိုက်ခွဲတမ်းများ ဖြင့် ဝေငှပေးလိုက်ပြီး ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်များထံမှ သိရသည်။
ပလက်ဝမြို့ခံ ကိုဘုထန်ပိုင် က လက်ရှိအခြေနေတွင် ပလက်ဝ– ကျောက်တော် စက်လှေလိုင်းများ တပတ်ကျော် ကြာ ပြတ်တောက်သွားသည့်အတွက် ပလက်ဝမြို့ပေါ်မှ ဆန်ဆိုင်များမှာ ရောင်းချစရာ မရှိတော့သည့်အတွက် အားလုံး ပိတ် ထားလိုက်ကြောင်း ပြောသည်။
၎င်းက “အခု ဖြစ်နေတာက ကုန်ဈေးနုန်း အဆက်မတန် တက်တယ် ဆိုတာထက် တက်စရာ ပစ္စည်းကို မရှိတာဗျ။ ဆန် ဆိုင်တန်းတွေဆို ရောင်းစရာ မရှိလို့ အကုန်ပိတ်ထားတယ်။ ကြက်ဥဆိုလည်း ၁ ထောင်ဖိုး ၃ လုံးနဲ့ ဝယ်နေရတယ်။ တခြားကုန်တွေလည်း ဒီလိုပဲ။ လူတွေကလည်း ရှာဖွေ စားသောက်ဖို့ တောနားတောင်နားတောင် မကပ်ရဲကြဘူး” ဟု ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ချင်းတိုင်းရင်းသား နွယ်စုများနှင့် ရခိုင်တိုင်းများ နေထိုင်ကြပြီး လူဦးရေ ၁ သိန်းကျော် ရှိကာ မြို့နယ်တလုံး၏ ကုန်စည် စီးဆင်းမှုနှင့် လမ်းပန်း ဆက်သွယ်ရေးမှာ ကုလားတန် မြစ်ကြောင်းကို အားထားရပြီး ရခိုင်ပြည်နယ် တခုသာ ထွက်ပေါက်ရှိသည်။
Image may contain: one or more people, people sitting, outdoor and nature
Source : May Yu #Myanmar_Online_News
>>Zawgyi<<
AAလက်နက်ကိုင်အဖွဲ့ မှ ကုလားတန်မြစ်အတွင်း စက်လှေများအား တားဆီးမှုများပြုလုပ်နေကြောင်း ချင်းပြည်နယ်ဝန်ကြီးဦးစိုးထက်မှပြောကြား
Thursday , February 20 , 2020

0 comments:

Post a Comment