Wednesday, February 26, 2020

မြိတ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်မှစာအုပ်များယူဖတ်တဲ့ ကျောင်းသား/သူ ၆ ဦး ရိုက်နှက်အပြစ်ပေးခံရ

Image may contain: one or more people, people standing, shoes and outdoor
မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ အ.ထ.က(ခွဲ)တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းက ဘာသာရပ်ဆရာမတစ်ဦးက ၅ တန်းကျောင်းသား/သူ ၆ ဦးကို ရိုက်နှက်အပြစ်ပေးခဲ့ကြောင်းသိရပါတယ်။
ပသောင်းကျေးရွာအ.ထ.က(ခွဲ)တွင် ပညာဆည်းပူးနေတဲ့ ပ ဉ္စမတန်း(B)အခန်းက မကြယ်စင်ဖြိုးပါအဝင် ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား ၁ ဦးက ကျောင်းတွင်းစာကြည့်တိုက်မှ စာအုပ်တွေကိုယူဖတ်တာကြောင့် ဘာသာရပ်ဆရာမေဒါ်ဖြူဖြူဝင်းကကလေးတွေကို ရိုက်ပြီး အပြစ်ပေးခဲ့တာပါ။

"၈ တန်း နှင့် ၄ တန်း စာမေးပွဲဖြေနေတော့ ၅ တန်းမှာ စာမသင်ဘူး၊ ကလေးတွေက စာကြည့်တိုက်က စာအုပ်တွေယူဖတ်တယ်၊ ဒါကို ဆရာမကကြိမ်လုံးနဲ့ရိုက်တယ်။ အရိုက်ခံရတာက ၆ ယောက်လုံးအရိုက်ခံရပေမယ့် မကြယ်စင်ဖြိုးနဲ့တော့ သူ့မိသားစုတွေနဲ့ ဆရာမက လူမှုရေးပြဿနာတွေရှိတယ်။အငြိုးနဲ့အရိုက်ခံရလို့ ဒဏ်ရာတော်တော်ပြင်းသွားတာဖြစ်မယ်"လို့ ဦးလေးတော်စပ်သူ ဦးနေမင်းစိုးကပြောပါတယ်။
အရိုက်ခံရတဲ့ မကြယ်စင်ဖြိုးတွင် ခြေထောက်အတွင်းဒဏ်ရာပြင်းထန်တာကြောင့် မြိတ်ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး အုပ်ထိန်းသူများက ပညာရေးဝန်ကြီးဌာနကိုလိပ်မူပြီး တိုင်ကြားမှာဖြစ်သလို မြိတ်မြို့မရဲစခန်းတွင်လည်းတိုင်ချက်ဖွင့်ရန် စီစဥ်နေကြောင်းသိရပါတယ်။
Image may contain: one or more people
Image may contain: 1 person, standing

သတင်း-မြတ်ထွဋ် (မြိတ်) #Myanmar_Online_News
>>Zawgyi<<
မြိတ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်မှစာအုပ်များယူဖတ်တဲ့ ကျောင်းသား/သူ ၆ ဦး ရိုက်နှက်အပြစ်ပေးခံရ
Thursday , February 27 , 2020.
မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ အ.ထ.က(ခွဲ)တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းက ဘာသာရပ်ဆရာမတစ်ဦးက ၅ တန်းကျောင်းသား/သူ ၆ ဦးကို ရိုက်နှက်အပြစ်ပေးခဲ့ကြောင်းသိရပါတယ်။
ပသောင်းကျေးရွာအ.ထ.က(ခွဲ)တွင် ပညာဆည်းပူးနေတဲ့ ပ ဉ္စမတန်း(B)အခန်းက မကြယ်စင်ဖြိုးပါအဝင် ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား ၁ ဦးက ကျောင်းတွင်းစာကြည့်တိုက်မှ စာအုပ်တွေကိုယူဖတ်တာကြောင့် ဘာသာရပ်ဆရာမေဒါ်ဖြူဖြူဝင်းကကလေးတွေကို ရိုက်ပြီး အပြစ်ပေးခဲ့တာပါ။

"၈ တန်း နှင့် ၄ တန်း စာမေးပွဲဖြေနေတော့ ၅ တန်းမှာ စာမသင်ဘူး၊ ကလေးတွေက စာကြည့်တိုက်က စာအုပ်တွေယူဖတ်တယ်၊ ဒါကို ဆရာမကကြိမ်လုံးနဲ့ရိုက်တယ်။ အရိုက်ခံရတာက ၆ ယောက်လုံးအရိုက်ခံရပေမယ့် မကြယ်စင်ဖြိုးနဲ့တော့ သူ့မိသားစုတွေနဲ့ ဆရာမက လူမှုရေးပြဿနာတွေရှိတယ်။အငြိုးနဲ့အရိုက်ခံရလို့ ဒဏ်ရာတော်တော်ပြင်းသွားတာဖြစ်မယ်"လို့ ဦးလေးတော်စပ်သူ ဦးနေမင်းစိုးကပြောပါတယ်။
အရိုက်ခံရတဲ့ မကြယ်စင်ဖြိုးတွင် ခြေထောက်အတွင်းဒဏ်ရာပြင်းထန်တာကြောင့် မြိတ်ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး အုပ်ထိန်းသူများက ပညာရေးဝန်ကြီးဌာနကိုလိပ်မူပြီး တိုင်ကြားမှာဖြစ်သလို မြိတ်မြို့မရဲစခန်းတွင်လည်းတိုင်ချက်ဖွင့်ရန် စီစဉ်နေကြောင်းသိရပါတယ်။
သတင်း-မြတ်ထွဋ် (မြိတ်) #Myanmar_Online_News

0 comments:

Post a Comment