Wednesday, February 26, 2020

ဒေလီမြို့ ပဋိပက္ခအတွင်း လူ ၂၀ သေဆုံးပြီးနောက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ရန် တောင်းဆို

Image may contain: one or more people and outdoor

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဟိန္ဒူနှင့်မူဆလင်များအကြား ပဋိပက္ခကြောင့် လူ ၂၀ သေဆုံးပြီးနောက် ဒေလီမြို့တော် ဝန်ကြီးချုပ်က သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒေလီမြို့ရှိ လမ်းများထက်တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ကင်းလှည့်နေသည်ကို တွေ့ရသည်။

နှစ်ရက်ကြာ မငြိမ်မသက်ဖြစ်ပြီးနောက် ယင်းဖြစ်ရပ်သည် ဒေလီမြို့တွင် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးသော ပဋိပက္ခပင် ဖြစ်သည်။ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်လာပြီးနောက် တင်းမာမှုများ မြင့်တက် လာခြင်းပင်ဖြစ်သည်။ ဒေလီမြို့တော်ဝန်ကြီးချုပ် အာဗိုင်းကက်ဂျ်ရီဝဲလ်က စစ်တပ်မှ တပ်ဖြန့်ချထားရန်နှင့် အရှေ့ မြောက်ပိုင်းခရိုင်တို့တွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ရန် ဖေဖော်ဝါရီ ၂၆ ရက်က တောင်းဆိုခဲ့ သည်။
ရဲများသည် အခြေအနေကို ထိန်းသိမ်းရန် အစွမ်းကုန်ကြိုးပမ်းကြသော်လည်း မလုံလောက်နိုင်ကြောင်း ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။ အိန္ဒိယတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန်နှင့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်သူနှင့်ထောက်ခံသူတို့အကြား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ဆူပူသောင်းကျန်းမှုများ ဖြစ်လာခဲ့သည်။ အကြမ်းဖက်မှုများဖြစ်ပွားပြီး နှစ်ရက်အကြာတွင် လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု လူနာများကို ပို့ဆောင်ပေးခဲ့သည့်ဆေးရုံမှ ညွှန်ကြားရေးမှူးက ပြော သည်။ လူခြောက်ဦးမှာ သေနတ်ဒဏ်ရာများ ရရှိထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ ဒေသမှာ ဆင်းရဲသားရွှေ့ပြောင်းနေထိုင်သူ အများစုနေထိုင်ရာအရပ်လည်းဖြစ်သည်။
Image may contain: one or more people, crowd and outdoor
Image may contain: one or more people, fire and outdoor
Image may contain: one or more people and outdoor
Ref : AFP
>>Zawgyi<<
ဒေလီမြို့ ပဋိပက္ခအတွင်း လူ ၂၀ သေဆုံးပြီးနောက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ရန် တောင်းဆို
Thursday , February 27 , 2020.

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဟိန္ဒူနှင့်မူဆလင်များအကြား ပဋိပက္ခကြောင့် လူ ၂၀ သေဆုံးပြီးနောက် ဒေလီမြို့တော် ဝန်ကြီးချုပ်က သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒေလီမြို့ရှိ လမ်းများထက်တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ကင်းလှည့်နေသည်ကို တွေ့ရသည်။
နှစ်ရက်ကြာ မငြိမ်မသက်ဖြစ်ပြီးနောက် ယင်းဖြစ်ရပ်သည် ဒေလီမြို့တွင် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးသော ပဋိပက္ခပင် ဖြစ်သည်။ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်လာပြီးနောက် တင်းမာမှုများ မြင့်တက် လာခြင်းပင်ဖြစ်သည်။ ဒေလီမြို့တော်ဝန်ကြီးချုပ် အာဗိုင်းကက်ဂျ်ရီဝဲလ်က စစ်တပ်မှ တပ်ဖြန့်ချထားရန်နှင့် အရှေ့ မြောက်ပိုင်းခရိုင်တို့တွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ရန် ဖေဖော်ဝါရီ ၂၆ ရက်က တောင်းဆိုခဲ့ သည်။
ရဲများသည် အခြေအနေကို ထိန်းသိမ်းရန် အစွမ်းကုန်ကြိုးပမ်းကြသော်လည်း မလုံလောက်နိုင်ကြောင်း ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။ အိန္ဒိယတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန်နှင့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်သူနှင့်ထောက်ခံသူတို့အကြား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ဆူပူသောင်းကျန်းမှုများ ဖြစ်လာခဲ့သည်။ အကြမ်းဖက်မှုများဖြစ်ပွားပြီး နှစ်ရက်အကြာတွင် လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု လူနာများကို ပို့ဆောင်ပေးခဲ့သည့်ဆေးရုံမှ ညွှန်ကြားရေးမှူးက ပြော သည်။ လူခြောက်ဦးမှာ သေနတ်ဒဏ်ရာများ ရရှိထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ ဒေသမှာ ဆင်းရဲသားရွှေ့ပြောင်းနေထိုင်သူ အများစုနေထိုင်ရာအရပ်လည်းဖြစ်သည်။
Ref : AFP

0 comments:

Post a Comment