Tuesday, February 25, 2020

ပညာရေးဝန်ကြီးကို စော်ကားပြောဆိုနေသည့်အကောင့်များနှင့် ပညာရေးသတင်းအမှားတင်သည့် Facebookအကောင့်များကို အရေးယူရန် စောင့်ကြည့်နေဟု ညွှန်ချုပ်ပြော

Image may contain: tree, plant, outdoor and nature, text that says 'ပညာရေးဝန်ကြီးဌာန MINISTRY OF EDUCATION'
ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီးအပါအဝင် ထိပ်ပိုင်းအကြီးအကဲများကို စော်ကားပြောဆိုနေသည့် Facebook အကောင့်များနှင့် ပညာရေးသတင်းအမှားတင်နေသည့်အကောင့်များကို အရေးယူရန်စောင့်ကြည့်မည့် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။
လူမှုကွန်ယက်မီဒီယာ အချက်အလက်များ လေ့လာစောင့်ကြပ်သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့(အခြေခံပညာဦးစီးဌာန)ကို ဖွဲ့စည်းထားပြီး ပညာရေးသတင်းအမှားများကို တင်သူ ၊ ပညာရေးဝန်ကြီးဌာန၏ ထိတ်ပိုင်းအကြီးအကဲများကို အလွန်အကျူးစော်ကားပြောဆိုမှုများအပေါ် ဥပဒေကြောင်းအရအရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြခဲ့သည်။

“ပညာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တချို့က အမြဲဆန့်ကျင်တယ်။ ဝန်ကြီး ၊ အကြီးအကဲတွေကို အပြုသဘောမျိုးမဟုတ်ပဲ စော်ကားပြောဆိုတာတွေ စောင့်ကြည့်ပြီး ပြန်လည်တုန့်ပြန်ဖို့ပေါ့။ သိပ်လွန်လာရင်တော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာရင်တော့ ဥပဒေကြောင်းအရဆောင်ရွက်မှာပါ့” ဟု ၎င်းကဆိုသည်။

လေ့လာစောင့်ကြပ်သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပြီး ဌာနတွင်းရှိ ညွှန်ကြားရေးမှူးများဖြင့် ဖွဲ့စည်းထားပြီး ပညာရေးသတင်းများနှင့် ပတ်သက်ပြီး သတင်းမမှန်ထုတ်လွှင့်မှုများ ၊ လုပ်ငန်းများ ကြန့်ကြာစေရန် နှောင့်နှေးစေရန် ရည်ရွယ်ချက်ရှိရှိ ပွဲဆူစေရန်ဆောင်ရွက်နေမှုများရှိပါက အဆိုပါအဖွဲ့သည် သတင်းမှန်ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀ ပညာသင်နှစ်၏ စာမေးပွဲအချိန်စာရင်းများ ပြောင်းလဲပြီး ကျောင်းတက်ရက်ကို မတ်လကုန်အထိ သတ်မှတ်စဉ်က အဖွဲ့အစည်းအသီးသီး၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး Facebook အကောင့်အချို့က ပညာရေးဝန်ကြီးပုံနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပုံတို့ကို ဆိုရှယ်မီဒီယာတွင် ဖြတ်ညှပ်ကပ်များပြလုပ်ဖော်ပြကာ ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။
Ref-the voice #Myanmar_Online_News
>>zawgyi<<
ပညာရေးဝန်ကြီးကို စော်ကားပြောဆိုနေသည့်အကောင့်များနှင့် ပညာရေးသတင်းအမှားတင်သည့် Facebookအကောင့်များကို အရေးယူရန် စောင့်ကြည့်နေဟု ညွှန်ချုပ်ပြော
Wednesday , February 26 , 2020.

ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီးအပါအဝင် ထိပ်ပိုင်းအကြီးအကဲများကို စော်ကားပြောဆိုနေသည့် Facebook အကောင့်များနှင့် ပညာရေးသတင်းအမှားတင်နေသည့်အကောင့်များကို အရေးယူရန်စောင့်ကြည့်မည့် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

လူမှုကွန်ယက်မီဒီယာ အချက်အလက်များ လေ့လာစောင့်ကြပ်သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့(အခြေခံပညာဦးစီးဌာန)ကို ဖွဲ့စည်းထားပြီး ပညာရေးသတင်းအမှားများကို တင်သူ ၊ ပညာရေးဝန်ကြီးဌာန၏ ထိတ်ပိုင်းအကြီးအကဲများကို အလွန်အကျူးစော်ကားပြောဆိုမှုများအပေါ် ဥပဒေကြောင်းအရအရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြခဲ့သည်။

“ပညာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တချို့က အမြဲဆန့်ကျင်တယ်။ ဝန်ကြီး ၊ အကြီးအကဲတွေကို အပြုသဘောမျိုးမဟုတ်ပဲ စော်ကားပြောဆိုတာတွေ စောင့်ကြည့်ပြီး ပြန်လည်တုန့်ပြန်ဖို့ပေါ့။ သိပ်လွန်လာရင်တော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာရင်တော့ ဥပဒေကြောင်းအရဆောင်ရွက်မှာပါ့” ဟု ၎င်းကဆိုသည်။

လေ့လာစောင့်ကြပ်သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပြီး ဌာနတွင်းရှိ ညွှန်ကြားရေးမှူးများဖြင့် ဖွဲ့စည်းထားပြီး ပညာရေးသတင်းများနှင့် ပတ်သက်ပြီး သတင်းမမှန်ထုတ်လွှင့်မှုများ ၊ လုပ်ငန်းများ ကြန့်ကြာစေရန် နှောင့်နှေးစေရန် ရည်ရွယ်ချက်ရှိရှိ ပွဲဆူစေရန်ဆောင်ရွက်နေမှုများရှိပါက အဆိုပါအဖွဲ့သည် သတင်းမှန်ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀ ပညာသင်နှစ်၏ စာမေးပွဲအချိန်စာရင်းများ ပြောင်းလဲပြီး ကျောင်းတက်ရက်ကို မတ်လကုန်အထိ သတ်မှတ်စဉ်က အဖွဲ့အစည်းအသီးသီး၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး Facebook အကောင့်အချို့က ပညာရေးဝန်ကြီးပုံနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပုံတို့ကို ဆိုရှယ်မီဒီယာတွင် ဖြတ်ညှပ်ကပ်များပြလုပ်ဖော်ြပကာ ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်
Ref-the voice #Myanmar_Online_News

0 comments:

Post a Comment