Friday, February 28, 2020

တာချီလိတ်မြို့ ၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစသတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

No photo description available.

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစ သတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင် တွင် အလုပ်လုပ်နေသူ ဒေါ်မိုးအောင်(ဘ) ဦးထွန်းဝင်းသည် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဂိုဒေါင်အတွင်းစုပုံထား သော သံတိုသံစသတ္တုဟောင်းများအတွင်းမှ ဗုံးသီးဟောင်း တစ်လုံးအား သတ္တုများထုတ် ယူရန် ဗုံးသီးဟောင်းထိပ်ရှိ သတ္တုအား တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် ဒေါ်မိုးအောင်တွင် ဗုံးသီးစထိမှန်ဒဏ်ရာ များရရှိခဲ့သည်။

အဆိုပါလူနာအား တာချီလိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။
<zawgyi>
တာချီလိတ်မြို့ ၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစသတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Friday , February 28 , 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစ သတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင် တွင် အလုပ်လုပ်နေသူ ဒေါ်မိုးအောင်(ဘ) ဦးထွန်းဝင်းသည် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဂိုဒေါင်အတွင်းစုပုံထား သော သံတိုသံစသတ္တုဟောင်းများအတွင်းမှ ဗုံးသီးဟောင်း တစ်လုံးအား သတ္တုများထုတ် ယူရန် ဗုံးသီးဟောင်းထိပ်ရှိ သတ္တုအား တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် ဒေါ်မိုးအောင်တွင် ဗုံးသီးစထိမှန်ဒဏ်ရာ များရရှိခဲ့သည်။
အဆိုပါလူနာအား တာချီလိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment