Sunday, February 23, 2020

ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေး ဆန္ဒပြကျောင်းသား ၉ ဦးအား ပုဒ်မ ၁၉ဖြင့် အမှုဖွင့်အရေးယူထား

Image may contain: 1 person, car and outdoorImage may contain: 3 people, people standing, car and outdoor

ရခိုင်ပြည်နယ်တွင် ခြွင်းချက်မရှိ အင်တာနက်လိုင်း ပြန်ဖွင့်ရေးကိစ္စနှင့် ပတ်သက်ပြီး ယမန်နေ့က ရန်ကုန် ကမာရွတ်မြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့သော ကျောင်းသား ၉ ဦးကို ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၉ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဟန်က ပြောဆိုသည်။

“ ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားတယ်။ အခုတော့ ကျောင်းသား ၂ ဦးကို ခေါ်ယူစစ်ဆေးနေတယ်။ ကျန်တဲ့ကျောင်းသားတွေကိုတော့ အိမ်လိပ်စာတွေ ဖုန်းနံပါတ်တွေ စုံစမ်းပြီး အကြောင်းကြား ခေါ်ယူစစ်ဆေးသွားဖို့ရှိတယ်” ဟု ၎င်းကပြောဆိုသည်။
ယမန်နေ့ ဆန္ဒပြပွဲကြောင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသော ကျောင်းသားနှစ်ဦးမှာ ကိုနောက်ထက်အောင်နှင့် ကိုသုတစိုးတို့ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ထဲသို့ အရပ်ဝတ်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ထံမှ သိရှိရသည်။
အဆိုပါဆန္ဒပြပွဲကို ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)တို့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
Source - Khitthit
<zawgyi>
#Breaking_News
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေး ဆန္ဒပြကျောင်းသား ၉ ဦးအား ပုဒ်မ ၁၉ဖြင့် အမှုဖွင့်အရေးယူထား
Monday , February 24 , 2020

ရခိုင်ပြည်နယ်တွင် ခြွင်းချက်မရှိ အင်တာနက်လိုင်း ပြန်ဖွင့်ရေးကိစ္စနှင့် ပတ်သက်ပြီး ယမန်နေ့က ရန်ကုန် ကမာရွတ်မြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့သော ကျောင်းသား ၉ဦးကို ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၉ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဟန်က ပြောဆိုသည်။
“ ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားတယ်။ အခုတော့ ကျောင်းသား ၂ ဦးကို ခေါ်ယူစစ်ဆေးနေတယ်။ ကျန်တဲ့ကျောင်းသားတွေကိုတော့ အိမ်လိပ်စာတွေ ဖုန်းနံပါတ်တွေ စုံစမ်းပြီး အကြောင်းကြား ခေါ်ယူစစ်ဆေးသွားဖို့ရှိတယ်” ဟု ၎င်းကပြောဆိုသည်။
ယမန်နေ့ ဆန္ဒပြပွဲကြောင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသော ကျောင်းသားနှစ်ဦးမှာ ကိုနောက်ထက်အောင်နှင့် ကိုသုတစိုးတို့ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ထဲသို့ အရပ်ဝတ်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ထံမှ သိရှိရသည်။
အဆိုပါဆန္ဒပြပွဲကို ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)တို့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
Source - Khitthit

0 comments:

Post a Comment