Monday, February 24, 2020

တနင်္သာရီတိုင်းဒေသကြီး၊ ကော့ဒွေးကျွန်းအနီးတွင် ငါးဖမ်းပိုက်လှေတစ်စင်းနစ်မြုပ်မှုအား တပ်မတော်(ရေ)မှကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

Image may contain: 6 people, people standing

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း ဖေဖော်ဝါရီ ၂၂ရက်တွင် ငါးဖမ်းပိုက်လှေ တစ်စင်း ရေဝင် နစ်မြုပ်ခဲ့သဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက် နေသော တပ်မတော်(ရေ)မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက တပ်မတော် ရေယာဉ်ဖြင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုလောမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဦးမင်းနိုင် ပိုင်ဆိုင်သည့် ပလာတူး ငါးဖမ်းပိုက်လှေသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကော့ဒွေးကျွန်း ၏အနောက်မြောက်ဘက် ရေမိုင် ၆ မိုင် ခန့်အကွာ၌ ငါးဖမ်းခြင်း လုပ်ငန်းများဆောင် ရွက်နေစဉ် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးလာကာ လှေအတွင်းသို့ ရေဝင် ရောက်ခဲ့သဖြင့် လှေနစ်မြုပ်မ ှုဖြစ်ပွားခဲ့ရာ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက တပ်မတော်ရေယာဉ်ဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် လှေပေါ်ပါ ဟိန်းမင်းသူ(ဘ) ဦးမင်းနိုင် အပါအဝင် အမျိုးသားလေးဦးအား ရှာဖွေ တွေ့ရှိသဖြင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် ပေးကာ ရေယာဉ် ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးသည်။ အဆိုပါနစ်မြုပ် လှေနှင့် လှေသား လေးဦးအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: one or more people and people sitting
<zawgyi>
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့ဒွေးကျွန်း အနီးတွင် ငါးဖမ်းပိုက်လှေ တစ်စင်းနစ်မြုပ်မှုအား တပ်မတော်(ရေ)မှကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Monday , February 24 , 2020

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း ဖေဖော်ဝါရီ ၂၂ရက်တွင် ငါးဖမ်းပိုက်လှေ တစ်စင်း ရေဝင် နစ်မြုပ်ခဲ့သဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက် နေသော တပ်မတော်(ရေ)မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက တပ်မတော် ရေယာဉ်ဖြင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုလောမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဦးမင်းနိုင် ပိုင်ဆိုင်သည့် ပလာတူး ငါးဖမ်းပိုက်လှေသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကော့ဒွေးကျွန်း ၏အနောက်မြောက်ဘက် ရေမိုင် ၆ မိုင် ခန့်အကွာ၌ ငါးဖမ်းခြင်း လုပ်ငန်းများဆောင် ရွက်နေစဉ် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးလာကာ လှေအတွင်းသို့ ရေဝင် ရောက်ခဲ့သဖြင့် လှေနစ်မြုပ်မ ှုဖြစ်ပွားခဲ့ရာ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက တပ်မတော်ရေယာဉ်ဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် လှေပေါ်ပါ ဟိန်းမင်းသူ(ဘ) ဦးမင်းနိုင် အပါအဝင် အမျိုးသားလေးဦးအား ရှာဖွေ တွေ့ရှိသဖြင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် ပေးကာ ရေယာဉ် ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးသည်။ အဆိုပါနစ်မြုပ် လှေနှင့် လှေသား လေးဦးအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment