Thursday, February 27, 2020

မြိတ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံး


ယနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်က မြိတ်မြို့၊ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီးသေဆုံးသွားကြောင်းသိရသည်။

အောင်ချမ်းသာရပ် ၂ လမ်းမှာနေထိုင်တဲ့ ကျော်ဆန်း(ခ)ကုလားရဲ့ဇနီးဖြစ်သူ မတင်ချိုအား ညီမတော်စပ်သူ မအေးအေးစန်း(ခ)ကင်းငယ်မှ နေအိမ်မှာ လာရောက်ခေါ်ဆောင်တာကို မကျေနပ်တာကြောင့် ဒေါသအလျှောက်လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း သိရသည်။
အောက်ရေပုန်းအဏ္ဏဝါရပ်ကွက်မှာနေတဲ့ မစန်းစန်းအေး(ခ)ကင်းငယ် မှ ရေပုန်းစျေးအတွင်းကြက်သားရောင်းရန်အတွက် အစ်မတော်စပ်သူ မတင်ချို ကို နေအိမ်တွင်သွားရောက်ခေါ်ယူစဥ် မတင်ချိုရဲ့ခင်ပွန်းဖြစ်သူ ကျော်ဆန်းမှ ကြက်သားရောင်း/ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့် မစန်းစန်းအေး အား ဓါးဖြင့်ထိုးခဲ့ကြောင်းသိရသည်။
အဆိုပါ ဓါးထိုးမှုကြောင့် မစန်းစန်းအေးတွင် ဝဲဘက်လက်မောင်း နှင့် ရင်အုံနံဘေး ထိုးသွင်းဒဏ်ရာများရရှိပြီး အခင်းဖြစ်တဲ့နေရာမှာသေဆုံးသွားကြောင်းသိရပြီး လူသတ်မှုကျူးလွန်သူ ကျော်ဆန်း(ခ)ကုလား ကို မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူထားကြောင်းသိရပါတယ်။
No photo description available.
Ref : မြတ်ထွဋ် (မြိတ်)
>>Zawgyi<<
မြိတ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံး
Thursday , February 27 , 2020

ယနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်က မြိတ်မြို့၊ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီးသေဆုံးသွားကြောင်းသိရသည်။
အောင်ချမ်းသာရပ် ၂ လမ်းမှာနေထိုင်တဲ့ ကျော်ဆန်း(ခ)ကုလားရဲ့ဇနီးဖြစ်သူ မတင်ချိုအား ညီမတော်စပ်သူ မအေးအေးစန်း(ခ)ကင်းငယ်မှ နေအိမ်မှာ လာရောက်ခေါ်ဆောင်တာကို မကျေနပ်တာကြောင့် ဒေါသအလျှောက်လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း သိရသည်။
အောက်ရေပုန်းအဏ္ဏဝါရပ်ကွက်မှာနေတဲ့ မစန်းစန်းအေး(ခ)ကင်းငယ် မှ ရေပုန်းစျေးအတွင်းကြက်သားရောင်းရန်အတွက် အစ်မတော်စပ်သူ မတင်ချို ကို နေအိမ်တွင်သွားရောက်ခေါ်ယူစဉ် မတင်ချိုရဲ့ခင်ပွန်းဖြစ်သူ ကျော်ဆန်းမှ ကြက်သားရောင်း/ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့် မစန်းစန်းအေး အား ဓါးဖြင့်ထိုးခဲ့ကြောင်းသိရသည်။
အဆိုပါ ဓါးထိုးမှုကြောင့် မစန်းစန်းအေးတွင် ဝဲဘက်လက်မောင်း နှင့် ရင်အုံနံဘေး ထိုးသွင်းဒဏ်ရာများရရှိပြီး အခင်းဖြစ်တဲ့နေရာမှာသေဆုံးသွားကြောင်းသိရပြီး လူသတ်မှုကျူးလွန်သူ ကျော်ဆန်း(ခ)ကုလား ကို မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူထားကြောင်းသိရပါတယ်။
Ref : မြတ်ထွဋ် (မြိတ်)

0 comments:

Post a Comment