Tuesday, February 25, 2020

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး (၄) ရက်ကြာခရီးစဉ် ယနေ့စတင်

Image may contain: 7 people, people standing and suit

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး(၄) ရက်ကြာ ခရီးစဉ်ကို ယနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ပါမယ်။ အိန္ဒိယ သမ္မတ ရှရီယမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရ သမ္မတကတော် ဒေါ်ချိုချိုလည်း လိုက်ပါသွားမှာ ဖြစ်ကြောင်းသိရသည်။

အိန္ဒိယ ခရီးစဉ်အတွင်းမှာတော့ သမ္မတ ဦးဝင်းမြင့်က အိန္ဒိယသမ္မတ ရှရီယမ်နက်သ် ကိုဗင့်ဒ်နဲ့ သမ္မတ စံအိမ် Rashtrapati Bhavan မှာ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီနဲ့ Hyderabad House မှာ သမ္မတ ဦးဝင်းမြင့် တွေ့ဆုံ ဆွေးနွေးဖို့ ရှိပြီး ၂ နိုင်ငံ သဘောတူညီချက်တွေကိုလည်း လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ 

မဟတ္တမဂန္ဒီ ဗိမာန်မှာ ပန်းခွေချမယ့် အစီအစဉ်ရှိသလိုဘဲ ဗုဒ္ဓဂါယာအပါအဝင် ဘာသာရေးအထွဋ်အမြတ်နေရာတွေကိုလည်း သမ္မတ ဦးဝင်းမြင့် သွားရောက်မယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source - voa
<zawgyi>
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး (၄) ရက်ကြာခရီးစဉ် ယနေ့စတင်
Wednesday , February 26 , 2020.

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး(၄) ရက်ကြာ ခရီးစဉ်ကို ယနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ပါမယ်။ အိန္ဒိယ သမ္မတ ရှရီယမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရ သမ္မတကတော် ဒေါ်ချိုချိုလည်း လိုက်ပါသွားမှာ ဖြစ်ကြောင်းသိရသည်။
အိန္ဒိယ ခရီးစဉ် အတွင်းမှာတော့ သမ္မတ ဦးဝင်းမြင့်က အိန္ဒိယ သမ္မတ ရှရီယမ် နက်သ် ကိုဗင့်ဒ်နဲ့ သမ္မတ စံအိမ် Rashtrapati Bhavan မှာ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ အိန္ဒိယ ပြည်ပ ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီနဲ့ Hyderabad House မှာ သမ္မတ ဦးဝင်းမြင့် တွေ့ဆုံ ဆွေးနွေးဖို့ ရှိပြီး ၂ နိုင်ငံ သဘောတူညီချက်တွေကိုလည်း လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီ ဗိမာန်မှာ ပန်းခွေချမယ့် အစီအစဉ်ရှိသလိုဘဲ ဗုဒ္ဓဂါယာ အပါအဝင် ဘာသာရေး အထွဋ်အမြတ်နေရာတွေကိုလည်း သမ္မတ ဦးဝင်းမြင့် သွားရောက်မယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source - voa

0 comments:

Post a Comment