Monday, February 24, 2020

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာခြင်းကြောင့် အီရန်နှင့်နယ်စပ်ကို တူရကီက ပိတ်ပစ်လိုက်ပြီ

Image may contain: one or more people, people sitting, people standing, phone and indoor

တူရကီနိုင်ငံက ယင်း၏နယ်စပ်ဂိတ်များကို ယာယီပိတ်ပစ်ခဲ့ပြီး အိမ်နီးချင်းအီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေ အတွက် မြင့်တက်လာခြင်းကြောင့် အဆိုပါကူးစက်ရောဂါ ပျံ့နှံ့လာနိုင်မှုကိုတားဆီးရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အီရန်နိုင်ငံမှလာသည့် လေကြောင်းလိုင်းများကို ဆိုင်းငံ့ခဲ့သည်။

လူ ၄၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၄င်းတို့အနက် ရှစ်ဦး သေဆုံးခဲ့ကာ ကူးစက်ခံရသည်ဟု သံသယရှိသူ ၇၈၅ ဦးရှိကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အစိုးရက တိုင်းပြည်အတွင်းရှိ ရုပ်ရှင်ရုံများ အားလုံးကို ပိတ်ပစ်ခဲ့သည်။ တီဟီရန်မြို့တော်နှင့် အခြားပြည်နယ်များစွာရှိ စာသင်ကျောင်းအချို့ကို ပြီးခဲ့သည့် တစ်ပတ်ကတည်းက ပိတ်ထားခဲ့သည်။ ထို့အပြင် အီရန် ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲများကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားစေ မည်ဖြစ်သည်။
အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုမှာ Qom မြို့တော်၌ ဖြစ်ပွားခဲ့ ပြီး အဆိုပါမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အဓိကပျံ့နှံ့ရာနေရာ မြန်ဆန်စွာ ဖြစ်လာခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးခဲ့သူတစ်ဦးမှာ မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
ပြည်သူများအနေဖြင့် Qom မြို့တော်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန် အီရန် ကျန်းမာရေးဝန်ကြီး ဆာအိနာကာမီက မေတ္တာရပ်ခံလျက်ရှိသည်။
Image may contain: one or more people
Image may contain: 2 people, people sitting
Ref ; MyitphyarIrra
<zawgyi>
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာခြင်းကြောင့် အီရန်နှင့်နယ်စပ်ကို တူရကီက ပိတ်ပစ်လိုက်ပြီ
Monday , February 24 , 2020

တူရကီနိုင်ငံက ယင်း၏နယ်စပ်ဂိတ်များကို ယာယီ ပိတ်ပစ်ခဲ့ပြီး အိမ်နီးချင်း အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းကြောင့် အဆိုပါကူးစက်ရောဂါ ပျံ့နှံ့လာနိုင်မှုကိုတားဆီးရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အီရန်နိုင်ငံမှလာသည့် လေကြောင်းလိုင်းများကို ဆိုင်းငံ့ခဲ့သည်။
လူ ၄၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၎င်းတို့အနက် ရှစ်ဦး သေဆုံးခဲ့ကာ ကူးစက်ခံရသည်ဟု သံသယရှိသူ ၇၈၅ ဦးရှိကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အစိုးရက တိုင်းပြည်အတွင်းရှိ ရုပ်ရှင်ရုံများ အားလုံးကို ပိတ်ပစ်ခဲ့သည်။ တီဟီရန်မြို့တော်နှင့် အခြားပြည်နယ်များစွာရှိ စာသင်ကျောင်းအချို့ကို ပြီးခဲ့သည့် တစ်ပတ်ကတည်းက ပိတ်ထားခဲ့သည်။ ထို့အပြင် အီရန် ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲများကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားစေ မည်ဖြစ်သည်။
အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုမှာ Qom မြို့တော်၌ ဖြစ်ပွားခဲ့ ပြီး အဆိုပါမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အဓိကပျံ့နှံ့ရာနေရာ မြန်ဆန်စွာ ဖြစ်လာခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးခဲ့သူတစ်ဦးမှာ မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
ပြည်သူများအနေဖြင့် Qom မြို့တော်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန် အီရန် ကျန်းမာရေးဝန်ကြီး ဆာအိနာကာမီက မေတ္တာရပ်ခံလျက်ရှိသည်။
Ref ; MyitphyarIrra

0 comments:

Post a Comment