Wednesday, February 26, 2020

အမေရိကန်နိုင်ငံမှ ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေး စတင်စမ်းသပ်ကုသပြီ

Image may contain: one or more people
Moderna Therapeutics က ပထမဆုံး COVID-19 ရောဂါကာကွယ်ဆေးကို အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) သို့ ပေးပို့လိုက်ပါတယ်။ NIAID ဟာ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်ရှိ National Institutes of Health (NIH) ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။COVID-19 ရောဂါ ကုသဆေးကိုလည်း စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်

ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတဲ့ COVID-19 (Coronavirus disease 2019) ရောဂါအတွက် ကာကွယ်ဆေးကို အမေရိကန်ကုမ္ပဏီတစ်ခုက ပထမဆုံးအသုတ်အဖြစ် တင်ပို့လိုက်ပြီလို့ ဆိုပါတယ်။ဧပြီလအတွင်း COVID-19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်မြို့အခြေစိုက် Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ပေးပို့လိုက်ပြီဖြစ်ကြောင်း TIME သတင်းဝက်ဘ်ဆိုက်မှာ သတင်းဖော်ပြထားပါတယ်။
ဇန်နဝါရီလလယ်ပိုင်းမှာ တရုတ်သုတေသီတွေက COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင်းရပ်စ်ရဲ့ genetic sequence ကို ထုတ်ပြန်ခဲ့ပြီးနောက် ၄၂ ရက်အတွင်း ကာကွယ်ဆေးကို အမေရိကန်မှ ဖန်တီးထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
NIH က အစောဆုံးအနေနဲ့ လာမယ့် ဧပြီလအတွင်း COVID-19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် NIH မှ သိပ္ပံပညာရှင်တွေက Remdesivir လို့ခေါ်တဲ့ COVID-19 ရောဂါ ကုသဆေးကိုလည်း စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ NIH က Remdesivir ဆေးကို အီဘိုလာ (Ebola) ရောဂါအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး SARS-CoV-2 ကူးစက်ခံထားရတဲ့ လူနာတစ်ဦးနဲ့ စမ်းသပ်ထားပါတယ်။
ထိုစမ်းသပ်မှုဟာ COVID-19 ရောဂါကုသမှုအတွက် ဆေးဝါးတစ်မျိုးကို ပထမဆုံးအကြိမ် စမ်းသပ်မှုလည်းဖြစ်ပြီး University of Nebraska Medical Center မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်ခဲ့ပါတယ်။ COVID-19 ရောဂါကုသဆေး စမ်းသပ်မှုမှာ မိမိဆန္ဒအလျောက် ပါဝင်ခဲ့သူကတော့ ဂျပန်မှာဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှ အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ခရီးသည်တစ်ဦး ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေးထားပါတယ်။Remdesivir ဆေးကို SARS (severe acute respiratory syndrome) နဲ့ MERS (Middle East respiratory syndrome) ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့ရာ အားရစရာကောင်းတဲ့ ရလဒ်တွေ ပြသခဲ့ပါတယ်။ SARS နဲ့ MERS ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တွေဟာ COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဆက်စပ်မှုရှိနေကြောင်း သိရပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၇၁၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၇၂ ဦးအထိ မြင့်တက်လာပါတယ်။ ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၈,၀၆၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၁,၂၄၄ ဦးရှိလာပြီး ပြန်လည်သက်သာလာသူ ၃၀,၃၂၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။
COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေးပြောကြားခဲ့ပါတယ်။
Image may contain: plant and flower
Image may contain: sky, cloud, tree and outdoor
Image may contain: one or more people
Image may contain: one or more people
>>Zawgyi<<
အမေရိကန်နိုင်ငံမှ ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေး စတင်စမ်းသပ်ကုသပြီ
Thursday , February 27 , 2020
Moderna Therapeutics က ပထမဆုံး COVID-19 ရောဂါကာကွယ်ဆေးကို အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) သို့ ပေးပို့လိုက်ပါတယ်။ NIAID ဟာ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်ရှိ National Institutes of Health (NIH) ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။COVID-19 ရောဂါ ကုသဆေးကိုလည်း စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်

ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတဲ့ COVID-19 (Coronavirus disease 2019) ရောဂါအတွက် ကာကွယ်ဆေးကို အမေရိကန်ကုမ္ပဏီတစ်ခုက ပထမဆုံးအသုတ်အဖြစ် တင်ပို့လိုက်ပြီလို့ ဆိုပါတယ်။ဧပြီလအတွင်း COVID-19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်မြို့အခြေစိုက် Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ပေးပို့လိုက်ပြီဖြစ်ကြောင်း TIME သတင်းဝက်ဘ်ဆိုက်မှာ သတင်းဖော်ပြထားပါတယ်။
ဇန်နဝါရီလလယ်ပိုင်းမှာ တရုတ်သုတေသီတွေက COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင်းရပ်စ်ရဲ့ genetic sequence ကို ထုတ်ပြန်ခဲ့ပြီးနောက် ၄၂ ရက်အတွင်း ကာကွယ်ဆေးကို အမေရိကန်မှ ဖန်တီးထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
NIH က အစောဆုံးအနေနဲ့ လာမယ့် ဧပြီလအတွင်း COVID-19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် NIH မှ သိပ္ပံပညာရှင်တွေက Remdesivir လို့ခေါ်တဲ့ COVID-19 ရောဂါ ကုသဆေးကိုလည်း စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ NIH က Remdesivir ဆေးကို အီဘိုလာ (Ebola) ရောဂါအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး SARS-CoV-2 ကူးစက်ခံထားရတဲ့ လူနာတစ်ဦးနဲ့ စမ်းသပ်ထားပါတယ်။
ထိုစမ်းသပ်မှုဟာ COVID-19 ရောဂါကုသမှုအတွက် ဆေးဝါးတစ်မျိုးကို ပထမဆုံးအကြိမ် စမ်းသပ်မှုလည်းဖြစ်ပြီး University of Nebraska Medical Center မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်ခဲ့ပါတယ်။ COVID-19 ရောဂါကုသဆေး စမ်းသပ်မှုမှာ မိမိဆန္ဒအလျောက် ပါဝင်ခဲ့သူကတော့ ဂျပန်မှာဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှ အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ခရီးသည်တစ်ဦး ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေးထားပါတယ်။Remdesivir ဆေးကို SARS (severe acute respiratory syndrome) နဲ့ MERS (Middle East respiratory syndrome) ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့ရာ အားရစရာကောင်းတဲ့ ရလဒ်တွေ ပြသခဲ့ပါတယ်။ SARS နဲ့ MERS ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တွေဟာ COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဆက်စပ်မှုရှိနေကြောင်း သိရပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၇၁၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၇၂ ဦးအထိ မြင့်တက်လာပါတယ်။ ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၈,၀၆၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၁,၂၄၄ ဦးရှိလာပြီး ပြန်လည်သက်သာလာသူ ၃၀,၃၂၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။
COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။
Ref-Duwun #Myanmar_Online_News

0 comments:

Post a Comment